Thursday, June 19, 2008

ခန္ဓာတစ်ခြမ်းရှာဖွေကြသူများ










ဒီပုံပြင်လေးကို သူငယ်ချင်းတော်တော်များများ သိပြီးသားဖြစ်လိမ့်မယ် ထင်ပါတယ်။ ဒီပုံပြင်လေးက လက်ထပ်ထိမ်းမြားခြင်းနဲ့ ပတ်သက်တဲ့ ယုံတမ်းပုံပြင်လေးပေါ့။ မသိသေးတဲ့ သူငယ်ချင်းများလည်းသိသွားအောင် သိပြီးသားသူငယ်ချင်းတွေလည်း နှစ်ထပ်ရှိတော့မှတ်မိအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။ကျောက်ခေတ်အစောပိုင်းကာလလောက်ကပေါ့... အဲဒီခေတ်မှာ အလွန်အစွမ်းထက်ပြီး အလွန်ကိုဘဲ အင်အားကြီးတဲ့ မျိုးနွယ်စုတစ်ခု ရှိခဲ့တယ်။အဲဒီမျိုးနွယ်စုမှာ ယောကျာ်း မိန်းမရယ်လို့ မရှိဘူးတဲ့။ ဘာလို့လဲဆိုတော့ သူတို့မှာ ဦးခေါင်းနှစ်လုံး လက်လေးဖက် ခြေထောက်လေးချောင်း ခန္ဓာနှစ်ခု ရှိနေလို့ပါဘဲ။ ခန္ဓာတစ်ခြမ်းကယောကျာ်းဖြစ်ပြီး ခန္ဓာတစ်ခြမ်းကမိန်းမအသွင်ဆောင်ပါသတဲ့။သူတို့ဟာ ထူးဆန်းသလို အစွမ်းလည်းထက်ပါတယ်။ အဲဒီခေတ်ကပေါ်ခဲ့တဲ့ ဒိုင်နိုဆောတို့ တယ်နိုစောရပ် တို့လို အကောင်မျိးတွေကိုတောင် အသာကလေးအနိုင်ယူနှိင်ပါတယ်တဲ့။ သူတို့ တစ်ခါခုန်ရင် နတ်ပြည်ခြောက်ထပ်ရဲ့အောက်ဆုံးထပ်ကိုရောက်ပါတယ်တဲ့။ဒါပေမယ့် သူတို့မျိုးနွယ်စု အကြီးအကဲရဲ့ တင်းကျပ်တဲ့ စည်းကမ်းကြောင့် ဘယ်သူမှ အဲဒီလောက်မြင့်အောင် မခုန်ကြပါဘူး။တစ်နေ့တော့ မျိုးနွယ်စုထဲက ငယ်ရွယ်တဲ့ လူသားတစ်ယောက်ဟာ အမဲလိုက်ရင်းနဲ့ ခွန်အာားကို မထိမ်းနိုင်ဘဲ ခုန်လိုက်မိတာ နတ်ပြည်ခြောက်ထပ်ရဲ့ အောက်ဆုံးထပ်ကို ရောက်သွားပါတဲ့။ ဖြစ်ချင်တော့ အဲဒီအချိန်မှာဘဲ တိုက်တိုက်ဆိုင်ဆိုင် နတ်သဘင်ပွဲတော် ကျင်းပဘို့ပြင်ဆင်နေတဲ့ အချိန်နဲ့ ကြုံကြိုက်နေပါသတဲ့။အနံအရသာနဲ့ ပြည့်စုံလှတဲ့ နတ်ပြည်၌ဖြစ်တဲ့ နတ်သြဇာတွေကို မြင်တွေ့ရတဲ့ခဏမှာ လူသားငယ်ဟာ ဆာလောင်မှုကို ဘယ်လိုမှ မထိန်းချူပ်နိုင်တော့ဘဲ စားသုံးမိပါတော့တယ်။ ဒါတွေကို နတ်စစ်သည်တို့ သိတဲ့အခါမှာ လူသားကို ဖမ်းဆီးဘို့ ကြိုးစားပါတော့တယ်။လူသားငယ်ဟာလည်း ဖမ်းဆီးမခံရလေအောင် ရှိသမျှခွန်အားကို အသုံးချပြီးတော့ လွတ်မြောက်အောင်ထွက်ပြေးလာနိုင်ခဲ့ပါသတဲ့။ဒီအခါမှာ နတ်တို့ဟာ ဒီကိစ္စကို နတ်တို့အရှင် သိကြားမင်းထံ တိုင်တန်းကြပါသတဲ့။ ဒီအခါမှာ သိကြားမင်းက ဒီမျိုးနွယ်စုရဲ့ စွမ်းအားကို ဖြိုခွဲနိုင်မယ့် နည်းလမ်းကိုရှာဖွေတဲ့အခါ ခန္ဓာကို နှစ်ခြမ်းခွဲနိုင်ရင် အစွမ်းထက်မှုတွေလည်း ပျောက်ဆုံးသွားမယ် ဆိုတာကို သိလိုက်ပါတယ်။ဒါကြောင့်မို့ သိကြားမင်းဟာ ၀ရဇိန်လက်နက်နဲ့ လူသားတို့ရှိတဲ့ နေရာကိုချိန်ရွယ်လို့ ခန္ဓာကို နှစ်ခြမ်းကွဲအောင် ဖြိုခွင်းလိုက်ပါတော့တယ်။ပြင်းထန်လှတဲ့ ၀ရဇိန်လက်နက်ကြောင့် လူသားတို့ဟာ ခန္ဓာနှစ်ခြမ်းကွဲလို့ စွမ်းအားတွေလည်း ပျောက်ဆုံးကုန်ကြပါသတဲ့။ပြင်းထန်လွန်းတဲ့ အရှိန်ကြောင့် ကွဲကွာသွားတဲ့ ခန္ဓာတွေဟာလည်း အလွန်ဝေးလံတဲ့ အရပ်ကိုလွင့်ပါး ကုန်ကြပါတယ်။အဲဒီအချိန်ကနေစပြီး လူသားတို့ဟာ ကွဲကွာသွားတဲ့ မိမိရဲ့ ခန္ဓာတစ်ခြမ်းကို လိုက်လံရှာဖွေကြပါတော့တယ်။ မိမိခန္ဓာတစ်ခြမ်းကို ပြန်တွေ့တဲ့ အချိန်မှာတော့ အတူတကွ ပေါင်းဖက်နေထိုင်ကြပါသတဲ့။အဲဒီအချိန်ကစလို့ ယောကျာ်းနဲ့ မိန်းမ လက်ထပ်ထိမ်းမြားခြင်း ဆိုတဲ့ ပေါင်းဖက်နေထိုင်မှုလေးစတင်ပေါ်ပေါက်လာပါတော့တယ်။ကဲ ကျွန်တော်တို့ကော ကျွန်တော့်တို့ရဲ့ ကွဲကွာသွားတဲ့ ခန္ဓာတစ်ခြမ်းကို ရှာဖွေကြရဦးမှာပါ။ သူငယ်ချင်းများလည်း အမြန်ဆုံးတွေ့ဆုံလို့ ပျော်ရွှင်စွာ ပေါင်းဖက်နိုင်ကြပါစေ။

Sunday, June 15, 2008

ထာဝရ သူရဲကောင်းအဖေ

08-A Phay.mp3 - Lay Phyu


ကျွန်တော်အချစ်ဆုံး၊ အလေးစားရဆုံး၊ ကျွန်တော့်ဘ၀ရဲ့ ထာဝရသူရဲကောင်း အဖေနဲ့ ကမ္ဘာပေါ်ရှိသမျှသော အဖေများအားလုံးကို လေးစားဂုဏ်ပြုစွာဖြင့် ဒီသီချင်းလေးကို အမှတ်တရတင်လိုက်ပါတယ်။

Thursday, June 5, 2008

မှားရင်ပြောပါ

ရုတ်တရက် ဖြစ်ပေါ်လာတဲ့....
အတွေးတစ်စကို ဘေးခဏ....
မချထားခဲ့မိတာ ငါမှားလား????
မြတ်နိုးတတ်တဲ့ နှလုံးသားကို...
ရင်မှာပိုက်လို့ အချစ်ဆိုတာကို...
ဦးခိုက်ခဲ့တာ ငါမှားလား????
ရက်စက်ခြင်းဆိုတဲ့ မြှားတစ်စင်း...
ငါ့ရင်ဘတ်ကို ပစ်ခွင်းခဲ့တော့....
ချိုသာတဲ့စကား ငါ့နှုတ်ဖျားက...
မထွက်တော့တာ ငါမှားလား????
မင်းအတွက်ဖြစ်တည်တဲ့ ငါ့ရင်ခွင်နန်းတော်....
ဧကရီမဲ့ခဲ့ချိန်မှာ ငါ့မျက်ဝန်းတွေ...
ငိုခဲ့တာ ငါမှားတာတဲ့လား????
ရင်နှလုံးပျက်သုဉ်းလို့....
အသည်းနှလုံးကြေမွ ....
ငါ့အရိုးတွေမြေကျတဲ့ အထိတောင်....
သူ့ကိုငါချစ်ခဲ့မိတယ် ဆိုရင်ကော....
ငါမှားတာတဲ့လား?????

Wednesday, June 4, 2008

တိမ်တွေငိုတဲ့နေ့












နိဒါန်းမရှိ အစပျိုးခဲ့တော့...
အဆုံးဆိုတာ ငါမသိခဲ့ဘူး...
နှလုံးအိမ်မှာ အချစ်ဆိတ်သုဉ်းတော့...
အသည်းကွဲတဲ့ အရသာ...
ငါမခံစားတတ်ခဲ့ဘူး...
အမုန်းနဲ့ မရင်းနှီးဘူးတော့...
အရှုံးဆိုတာဘယ်လိုတုံးလို့...
ငါမေးခဲ့ဘူးတယ်...
ဒါပေမယ့်လည်းလေ...
အချစ်အမုန်း အစပျိုးခဲ့တော့...
နောက်ဆုံးမှာ အရှုံးနဲ့ရင်ဆိုင်...
ငါ့နှလုံးအိမ်မှာလေ...
ဒဏ်ရာတွေ လှိုင်လှိုင်ထခဲ့ပြီ...
အချစ်အမုန်းအရသာ...
မြိန်ယှက်စွာ ငါခံစားမိတော့...
ငါ့ရင်အစုံက အက်ရှခဲ့ပြီ...
ပြင်းပြတဲ့ အမုန်းဒဏ်...
ဖြေဆေးမရှိတဲ့ အချစ်ဆိပ်...
ငါ့ရင်မှာတိတ်တိတ်ခိုဝင်လို့...
ငါ့တစ်ကိုယ်လုံး အေးစက်လာမှ...
ကောင်းကင်ကို မော့ကြည့်မိတယ်...
သြော်.....
တိမ်တွေငိုတဲ့နေ့ပါလား...

Monday, June 2, 2008

ကိုယ်ပျောက်မိတ်ဆွေ

မှတ်မိပါသေးတယ်...
ငါ့နှလုံးသား ဆီကုန်လို့...
အလွမ်းဂိတ်မှာ ရပ်နားရင်း...
သံယောဇဉ် ဘီးတွေဖြုတ်လဲတုန်းကပေါ့...
မှတ်မိပါသေးတယ်...
ပြင်းလွန်းတဲ့ အချစ်ဆိပ်...
ထိမိတဲ့ ငါ့နှလုံးသားအစုံကို...
ရင်တွင်းကဆွဲထုတ်...
ဒဏ်ရာဝတ်စုံကို ချွတ်မယ်လုပ်တုန်းကပေါ့...
ဝေးပြပြဆီက မျောလွင့်တဲ့ စာသားတချို့...
ငါ့စက္ခုရှေ့ကို ရောက်လာခဲ့တယ်...
အဆိပ်တက်တဲ့ နှလုံးသားကို...
မင်းမုန်းမသွားပါနဲ့....
မင်းနှလုံးသား နောက်ထပ်ဒဏ်ရာမရအောင်...
ငါ စကားလုံးဝတ်ရုံ ခြုံပေးပါမယ်တဲ့...
မြင်တွေ့တဲ့ စကားလုံးချိုမြမြ...
သောတမှတဆင့် ရင်တွင်းမြစ်ကိုဖြတ်...
နှလုံးသားဆိုတဲ့ ပင်လယ်ထဲစီးဝင်ချိန်...
ငါ့ဒဏ်ရာလွင့်ပျောက်...
မျက်မှောက်ဘ၀ကို ငါပြန်ရောက်ခဲ့တယ်...
မှတ်မိပါသေးတယ်...
ရင်တွင်းကလေးစားလို့...
အတွေးများမရေရာရင် တိုင်ပင်ချင်တယ်...
မြင်တွေ့ခွင့် ငါ့ကိုပေးပါတောင်းတော့...
စကားလုံးတစ်ချို့ ငါ့အတွက်ထားခဲ့တယ်...
ငါဟာ မင်းရဲ့ " ကိုယ်ပျောက်မိတ်ဆွေ "ပါတဲ့လေ...


စာကြွင်း။ ။တစ်ယောက်နဲ့တစ်ယောက် မမြင်ဘူး၊မတွေ့ဘူး အသံမကြားဘူးကြပေမယ့် ကျွန်တော့်ကို အမြဲတမ်း အားပေးစကားတွေ ရိုက်ပေးတတ်တဲ့ ကျွန်တော်လေးစား ခင်မင်ရတဲ့ ကျွန်တော့်ကိုယ်ပျောက်မိတ်ဆွေ အတွက် ရည်ရွယ်ရေးဖွဲ့ ထားတာပါ။

Template by - Abdul Munir