ဆင်ခြင်တုံတရားက ရင်ခွင်အုံကြားမှာ
တစိမ့်စိမ့်နာလို့ တရိပ်ရိပ်မူး
အဆိပ်ဆူးလို အရိုးထိရူးတယ် ။ ။
အနာဂါတ်ကို မထမ်းပိုးနိုင်တဲ့လက်တစ်စုံဟာ
ပဋိပက္ခ ဗျာပါဒအတွက်
ဝါကျတစ်ကြောင်းတောင် ရေးဖို့ခက်လာတဲ့အခါ
လက်ဟာ လက်မမည်
ဘ၀ဟာလည်း
လောင်စာမဲ့ယဉ် တောမရှိတဲ့သစ်ပင် ။ ။
တစ်ချို့တစ်လေအတွက် တစ်ချို့တစ်လေကိုစွန့်ခဲ့
အမှားတွေနဲ့ အမှန်ကိုသတ်ခဲ့
နစ်မြုပ်ဆုံးပါးသွားတဲ့ မုဒိတာမှာ
ကြိုးကွင်းပစ် အတတ်ပညာတွေသာထွန်းကား
အတ္တဟိတတွေ များများလာခဲ့ ။ ။
အဖြူပေါ်အပြာစွက် တိမ်ထက်နည်းနည်းလှမယ်
စကားလုံးမြို့ပျက် အတွက်တော့
သုညဟာ " ၀ " ဖြစ်မလာတဲ့အခါ
ဦးနှောက်ပျက်ရုံသာသာ ။ ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
တစိမ့်စိမ့်နာလို့ တရိပ်ရိပ်မူး
အဆိပ်ဆူးလို အရိုးထိရူးတယ် ။ ။
အနာဂါတ်ကို မထမ်းပိုးနိုင်တဲ့လက်တစ်စုံဟာ
ပဋိပက္ခ ဗျာပါဒအတွက်
ဝါကျတစ်ကြောင်းတောင် ရေးဖို့ခက်လာတဲ့အခါ
လက်ဟာ လက်မမည်
ဘ၀ဟာလည်း
လောင်စာမဲ့ယဉ် တောမရှိတဲ့သစ်ပင် ။ ။
တစ်ချို့တစ်လေအတွက် တစ်ချို့တစ်လေကိုစွန့်ခဲ့
အမှားတွေနဲ့ အမှန်ကိုသတ်ခဲ့
နစ်မြုပ်ဆုံးပါးသွားတဲ့ မုဒိတာမှာ
ကြိုးကွင်းပစ် အတတ်ပညာတွေသာထွန်းကား
အတ္တဟိတတွေ များများလာခဲ့ ။ ။
အဖြူပေါ်အပြာစွက် တိမ်ထက်နည်းနည်းလှမယ်
စကားလုံးမြို့ပျက် အတွက်တော့
သုညဟာ " ၀ " ဖြစ်မလာတဲ့အခါ
ဦးနှောက်ပျက်ရုံသာသာ ။ ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်