Showing posts with label လပြည့်နေ့အမှတ်တရ. Show all posts
Showing posts with label လပြည့်နေ့အမှတ်တရ. Show all posts

Tuesday, November 11, 2008

လပြည့်ည( သို့ ) ဆေးပေါင်းခတဲ့ည

ထိန်ထိန်သာတဲ့ လမင်း
ကောင်းကင်ယံမှာ ထွန်းလင်း
ကြယ်အပေါင်းလည်း ခြံရံ
ဒါ လမင်းနိုင်ငံ.....

တက်ညီတဲ့ လူတွေပေါင်းစုံ
အာရုဏ်မလာခင် အမှီကပ်ရေး
လက်မနှေးအောင် ကြိုးစားလို့
မသိုးသွားတဲ့ သင်္ကန်း
အပြိုင်အဆိုင် ရက်ကာကပ်ကြတယ်
ဒါ လပြည့်ည.....

လောကဓါတ်တခွင် ဆေးပေါင်းစုံလင်
ညအလှမှာတောင် ဆေးပေါင်းခတော့
နွယ်မြက်သစ်ပင်တွေလည်း
ဆေးဘက်ဝင်ကြတယ်.....

မယ်ဇလီဖူးသုပ် အထူးပြုလုပ်လို့
ရောဂါဘယ ကင်းကွာကြစေဘို့
ဝေမျှကာ တို့တွေစားကြတာ
အမေရာ......
သား ဒီညကိုလွမ်းလိုက်တာ.....

မသိုးသင်္ကန်းတွေ အပြိုင်အဆိုင်
ကောင်းမှုတွေ လှိုင်လှိုင်ပြုတဲ့ည
အဝေးကနေ ကျွန်တော်တမ်း
လွမ်းလှတယ် အမေ.....

ကံကြမ္မာ အခါသင့်ရင်ဖြင့်
တဖန်သာ ပြန်ကာတွေ့ကြမယ်
ထိန်ထိန်သာ ပျော်စရာပွဲတော်ည
အမေ.........
သား ဒီဘ၀ပြန်ရမှာပါနော်.....


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

Template by - Abdul Munir