Showing posts with label အမှတ်တရ အလွဲများ. Show all posts
Showing posts with label အမှတ်တရ အလွဲများ. Show all posts

Wednesday, March 12, 2008

အမှတ်တရအလွဲများ(၂) (သို့) အရှက်ကွဲသောနေ့

ဒီတစ်ခါကတော့ တက္ကသိုလ် တက်ရင်းနဲ့ တွေ့ကြုံခဲ့ရတဲ့ အလွဲ(သို့) အရှက်ကွဲသောနေ့ အကြောင်းလေးပြောပြ
မယ်။ အဲဒီတုန်းက ကျွန်တော်က သချာင်္အထူးပြုနဲ့ ပထမနှစ်စတက်ခါစပေါ့။ တက္ကသိုလ်ဆိုတာ သိတဲ့အတိုင်းဘဲ
လေ။ အလွန်ပျော်ဘို့ ကောင်းတဲ့ နေရာပေါ့။ သူငယ်ချင်းတွေနဲ့ သွားလိုက် လည်လိုက် တွေ့တဲ့ကောင်မလေး တွေနောက်လိုက်ပေါ့။ အတန်းမတက်လို့လည်း ဆူမဲ့သူမရှိဘူးလေ။ တစ်ရက် အဲဒီနေ့ကတော့ မှတ်မှတ်ရရ ပါဘဲ။
မမှတ်မိဘဲ ရှိပါ့မလား အရှက်ဗျန်းဗျန်းကွဲ တဲ့နေ့ကို။ အဲဒီနေ့က pratical စောစောပြီးတာနဲ့ အခန်းထဲ ကစောစောထွက်လာလိုက်တယ်။ ကျောင်းရှေ့ရောက်တော့ အသင့်တွေ့ရတဲ့ ferry ပေါ်တက်ပြီး ပြတင်းပေါက်နဲ့ ကပ်လျက် ခုံမှာထိုင်လိုက်တယ်။ ကျောင်းမဆင်းသေးဘူး ဆိုတော့ နေရာလွတ်တော်တော် များတယ်လေ။ ဒီလိုနဲ့ စောထွက်လာတဲ့ ကျောင်းသား ကျောင်းသူ တွေလည်း တဖွဲဖွဲ ရောက်လာကြတယ်။ ကျောင်းမှာက ferry မထွက်ခင်ကို ကားပေါ်တက်ပြီး ပိုက်ဆံလိုက်တောင်း တဲ့ကလေးတွေရှိတယ်။ ကောင်လေး တွေကောင်မလေးတွေ စုံနေတာပါဘဲ။ ကျွန်တော်တို့ကားပေါ် ကိုလည်း အသက်၁၄ နှစ်လောက်ရှိမယ် ထင်ရတဲ့ ကောင်မလေးတစ်ယောက် တက်လာပြီးပိုက်ဆံ လိုက်တောင်းနေလေရဲ့။ ကျွန်တော် ကတော့ ဒီကောင်မလေး တက်လာကတည်းက ထိုင်လခုံမှာ မှီပြီးအိပ်ချင်ယောင် ဆောင်နေလိုက်တယ်။ အကြောင်းကတော့ ကျွန်တော့်ဆီမှာ မြို့ ထဲကနေ အိမ်ပြန်ဘို့ ကားခ၅၀ ဘဲကျန်တော့လို့ ပါဘဲ။ တနေကုန် လည်လိုက် စားလိုက်နဲ့ ပါတဲ့ပိုက်ဆံ လည်းကုန်ပြီလေ။ တဖြည်းဖြည်းနဲ့ ကောင်မလေးက ကျွန်တော့် အနားကိုရောက်လာပါတယ်။ ကျွန်တော် အိပ်ချင်ယောင်ဆောင်နေတာကို ဘဲသိလို့လား ဒါမှမဟုတ် အတင်းနှိုးတာလားတော့ မပြောတတ်ဘူး။ ကျွန်တော့် ကိုအတင်းဆွဲ နှိုးတော့တာပါဘဲ။ ကျွန်တော်လည်း ကြာကြာအိပ်ချင်ယောင်ဆောင်လို့ မရတော့ပါဘူး။ ဒါနဲ့ဘဲ မျက်လုံးဖွင့် လိုက်ပါတယ်။ ကျွန်တော် လည်းမျက်လုံးပွင့်ကော ပိုက်ဆံတောင်းတော့ တာပါဘဲ။ ကျွန်တော့်မှာလည်း ကိုယ့်ပြသနာနဲ့ ကိုယ်မို့ မရှိဘူးလို့ဘဲ ပြောလိုက်တယ်။ အဲဒီမှာတင် ဇာတ်လမ်းကစတော့တာဘဲ။ မရှိဘူးလို့ ပြောကာမှ အတင်းကိုတောင်းတော့ တာဘဲ။ နောက်ဆုံးတောင်းမရတဲ့ အဆုံး ကျွန်တော့်ကို ကားပေါ်ကနေ ဆွဲချတော့တာပါဘဲ။ ပါးစပ် ကလည်း “ ပိုက်ဆံမပေးနိုင်ရင် လိုက်ခဲ့တဲ့ “ ဘုရားရေ။ ကျွန်တော်လည်း ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘူး။ ရိုက်ပုတ်ထုတ်ရအောင်လည်း ကလေးသာသာဘဲ ရှိသေးတော့ ကျွန်တော့် မှာအခက်တွေ့နေတော့ တာပေါ့။ တကားလုံး ကလည်း ၀ိုင်းကြည့်ပြီး ရီနေကြလေရဲ့။ ကျောင်းကားဆိုတော့ ကိုယ့်ကို သိတဲ့လူကော မသိတဲ့ လူကောပါတာပေါ့။ ကျွန်တော့်မှာ ရှက်လိုက်တာဗျာ။ ကျွန်တော်က ရုန်းလေ သူကဆွဲလေ နဲ့တော်တော်ကို ကိုးယို့ကားယား နိုင်နေတာပေါ့။ ကျွန်တော်လည်း ရှက်လွန်း လို့ မျက်နှာ တစ်ခုလုံးလဲ ထူပူ နေပြီ။ ဘယ်လိုလုပ်ရမှန်း လည်းမသိနဲ့ တော်တော်ဆိုးပါတယ်။ ဒီကြားထဲ ကလေးမလေးကလဲ ကျွန်တော်ရှက်နေမှန်းသိတော့ ရှက်ရှက်နဲ့ ပိုက်ဆံထုတ်ပေးမှာဘဲ လို့ ထင်လေမသိ ပါဘူး ဇွတ်ကိုဆွဲတော့တာဘဲ။ ကျွန်တော့် မှာပိုက်ဆံရှိရင် လည်းထုတ်ပေးလိုက်ပါတယ်ဗျာ။ ဒါပေမယ့် ကိုယ့်မှာကလည်း ကားခ၅၀ ဘဲကျန်တော့တာ။ သူငယ်ချင်းတွေ ကလည်းဘယ်ရောက်နေမှန်းမသိတော်တော်ကို အကျပ်အတည်း တွေ့နေတာပေါ့။ ဒီကြားထဲ ဟိုဘက်ဘေးတန်းက ကောင်မလေးတစ်သိုက် ပြောလိုက်တဲ့ စကားကြောင့် ပိုပြီးအရှက်ကွဲပါရော။‘ ပိုက်ဆံ ၂၀
လောက်ထုတ်ပေးလိုက်ရင် ပြီးတဲ့ ဟာကို တော်တော်ကက်စေးနှဲနေတယ် “ တဲ့ဗျာ။ ကောင်းရော။ ကံကောင်းချင်တော့ အဲဒီအချိန်မှာ စပယ်ယာတက်လာပြီး “ ဟိုကောင်မလေး ဆင်းတော့ ကားထွက်တော့မယ် “ လို့ ငေါက်လိုက်တော့ မှဘဲ ပေကပ်ကပ် နဲ့ဆင်းသွားတယ်လေ။ စပယ်ယာကိုတော့ ကြောက်တယ်နဲ့ တူပါတယ်။ ဒါတောင် ဆင်းခါနီး ငတိမလေးကပြောသွားသေးတယ်။ “ နောက်နေ့ မပေးလို့ကတော့ ရအောင်ခေါ်သွားမယ် ‘ တဲ့။ တစ်ကားလုံးက လည်း “ ၀ါး “ ကနဲ ၀ိုင်းရီကြတယ်။ ရှက်လိုက်တာ လွန်ပါရောဗျာ။ ကားထွက်တော့မှဘဲ ဟင်းချ နိုင်တော့တယ်။ အဲဒီအချိန်ကနေပြီး ကျောင်းပြန်ရင် ပိုက်ဆံ တစ်ရာလောက် ကျန်အောင်အမြဲတမ်း ချန်သုံးတဲ့ အကျင့်လေးတစ်ခု ရသွားပါတော့တယ်။

Wednesday, March 5, 2008

အမှတ်တရအလွဲများ(၁)

ပူပြင်းအိုက်စပ်လှတဲ့ နွေရာသီနေ့တနေ့.... အဲဒီနေ့က ကျွန်တော်ကျောင်းသွားတုန်း တွေ့ကြုံရတဲ့အလွဲလေးတစ်ခုပေါ့။ အဲဒီအချိန်တုန်းက ကျွန်တော်က အင်းစိန်မှာ GTI မှာ ပထမနှစ်
တက်ခါစ။ ကျောင်းဖွင့်တာ ၃လလောက်ဘဲ ရှိသေးတယ်။ ဖြစ်ချင်တော့ အဲဒီနေ့က ဘယ်လိုအိပ်ချင်မှန်းကို မသိဘူး။ ကျွန်တော်လည်းအိပ်ချင်တဲ့ မျက်လုံးကိုအတင်းပြူးပြီး အိမ်ကထွက်
လာခဲ့တယ်။ ရာသီဥတုကလည်း တော်တော်ပူတာ။ မြေနီကုန်းကားဂိတ်မှာ ကားစောင့်နေရင်း ပူပြင်းလှတဲ့နေမင်းကို ရန်လုပ်နေသေးတယ်။ ၁၀မိနစ်လောက်ကြာတော့ ၄၅aricon bus
ကြီးရောက်လာပါကော။ ဒါနဲ့ ကျွန်တော်လည်းကားနား ပြေးသွားပြီးကားပေါ်တက်လိုက်ပါတယ်။ ကျေးဇူးရှင် စပယ်ယာကလည်း အတင်းတွန်းတင်နေတာ။ တော်တော်မလွယ်ဘူးဗျာ။
ကျွန်တော့် လက်ထဲမှာ Tကပါသေးတယ်လေ။ ကျောပိုးအိတ်ကဖက်၊ ဒီကြားထဲ ကျေးဇူးရှင်က အတင်းတွန်းတင်တော့ စိတ်ထဲကနေ မေတ္တာပို့လိုက်သေးတယ်။ ဒါနဲ့ကားပေါ်ရောက်
တော့ ထိုင်စရာလေးများ ရနိုင်မလားလို့ မျက်စိကလေးကစားလိုက်တယ်။ တွေ့ပါပြီဗျာ ဟိုးနောက်ဆုံးတန်းမှာ။ ဒါနဲ့ကျွန်တော်လည်း သူများမထိုင်ခင် ကဗျာကယာပြေးဦးလိုက်တာပေါ့။
"ဟဲ့ ဟဲ့ ဘယ်လိုလုပ်တာလဲ..." "ဟာ" " ကတော့နော် အမ ဆောရီး" ကျွန်တော်တောင်းပန်တာတောင် သူကမျက်ထောင့်နီကြီးနဲ့ ကြည့်တုန်း။ သူစိတ်ဆိုးမယ် ဆိုလဲဆိုးချင်စရာပါဘဲ။
ကျွန်တော်က နေရာရလိုဇောနဲ့ အပြေးလေးသွားတော့ လက်ထဲကTကို ခဏမေ့သွားတယ်၊ အဲဒီမှာတင် Tတံခေါင်းက အဲဒီအမကြီးလက်ကို ချိတ်မိပြီး ကျွန်တော်သွားတဲ့နောက် ကိုသူ
ကယိုင်ပြီးတော့ ပါလာတာ။ သူ့ကြည့်ရတာလဲ တော်တော်နာသွားတဲ့ ပုံဘဲ။ ကျွန်တော်လည်း ဆောရီးပြောပြီး အသာလေးလစ်ထွက် လာလိုက်တယ်။ ဒီလိုနဲ့ ကျွန်တော်လည်းနောက်
ဆုံးတန်းက ခုံမှာဝင်ထိုင်လိုက်တယ်။ မကြာပါဘူး စပယ်ယာကားခလာကောက်တာနဲ့ ပိုက်ဆံထုတ်ပေးလိုက်ပြီး လွယ်အိတ်လေးပေါင်ပေါ်တင် Tတံကို ဒူးနှစ်ဖက်နဲ့ ညှပ်ပြီးစငိုက်တော့
တာပေါ့။ မဟာမြိုင်မှတ်တိုင် ရောက်တော့ ကျွန်တော့်ဘေးက တစ်ယောက်ဆင်းသွားပြီး အသက်၅၅ ၆၀ လောက်ရှိတဲ့မိန်းမကြီး တစ်ယောက်ဘေးကို ၀င်ထိုင်လိုက်တာ သိလိုက်တယ်။
ဒါနဲ့ ကျွန်တော်လည်း ငိုက်ရင်းကနေ မှေးကနဲ အိပ်ပျော်သွားတယ်။ " မီးတွေ မီးတွေ ကားနောက်မှာ မီးလောင်နေပြီ" "စပယ်ယာ ကားနောက်မှာ မီးလောင်နေပြီ" ဆိုတဲ့ ကျွန်တော့်ဘေး
က မိန်းမကြီး စူးစူးဝါးဝါး အော်သံကြားမှ ဆတ်ကနဲ လန့်နိုးသွားတယ်။ ဒါနဲ့ ကျွန်တော်လည်း အိပ်ချင်မူးတူးနဲ့ နောက်လှည့်ကြည့် လိုက်တော့ ကားနောက်မှာ မီးခိုးလုံးကြီးတွေက အူ
ထွက်လာတာ တွေ့လိုက်ရတယ်။ ဒီမှာတင် ကျွန်တော့်ဘေးက မိန်းမကြီးက ဘာမပြော ညာမပြောနဲ့ ထပြေးတော့တာဘဲ။ ကျွန်တော်လည်း ဘယ်ရလိမ့်မလဲ ပေါင်ပေါ်တင်ထားတဲ့ ကျော
ပိုးအိတ်ကို ဇတ်ကနဲ ကောက်လွယ် Tကို လက်တစ်ဖက်က ကိုင်ပြီးပြေးတော့တာပေါ့။ ဟိုမိန်းမကြီးက ရှေ့က ကျွန်တော်က နောက်ကပေါ့။ ကားပေါ်မှာလည်း ကျွန်တော်တို့ နှစ်ယောက်
ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တာပေါ့။ အဲဒီမှာတင် စပယ်ယာက " ဟာ ဘယ်လိုဖြစ်လို့ ရှောက်ပြေးနေတာတုန်း မီးလောင်တာ မဟုတ်ဘူးဗျ။ အင်ဂျင်ကျနေလို့ မီးခိုးအလုံးလိုက် ထွက်
နေတာ" " မသိဘူးလေတော် မီးခိုးတွေအများကြီး ထွက်တော့ ကျူပ်ကမီးလောင်တယ်ထင်လို့ပေါ့ " လို့ ပြောပြောဆိုဆို နဲ့ ဘာမှမဖြစ်သလိုနဲ့ သူ့နေရာသူ ပြန်သွားထိုင်နေလေရဲ့။ ကျွန်
တော့် မှာတော့ ဘာလုပ်လို့ လုပ်ရမှန်းကို မသိတော့ဘူး။ အိပ်ချင်မူးတူးနဲ့ သူ့နောက်ကလိုက်ပြေး မိတာကိုး။ တစ်ကားလုံးကလည်း ပြူံးစိစိနဲ့ ကျွန်တော်တို့ကို ၀ိုင်းကြည့် နေကြလေ
ရဲ့။ တစ်ချို့မထိန်းနိုင်တဲ့ သူတွေဆို အသံထွက်ပြီးတောင် ရီနေလေရဲ့။ ဟိုမိန်းမကြီးကတော့ ဘာမှမဖြစ်သလို သွားထိုင်နေနိုင်ပေမယ့် ကျွန်တော်မှာတော့ ရှက်လွန်းလို့ နီးစပ်ရာ မှတ်
တိုင်မှာ ဆင်းပြီးနောက်ကား ပြောင်းစီးခဲ့ရပါကော။

Template by - Abdul Munir