Showing posts with label တစ်မျက်နှာ ၀ထ္တုတို. Show all posts
Showing posts with label တစ်မျက်နှာ ၀ထ္တုတို. Show all posts

Thursday, January 29, 2009

အကျွေ

" ဒီညနေစာကို ဆီဒိုးနားမှာ သွားစားရအောင် "

" တန်းစီနေရဦးမှာလားကွာ "

" စီစရာ မလိုပါဘူးကွာ ။ ရောက်တာနဲ့ ၀င်စားရုံပါဘဲ "

" ဟုတ်မှလဲ လုပ်စမ်းပါကွာ ။ တော်ကြာ ဗိုက်ဆာဆာနဲ့ စောင့်နေရဦးမယ် ။ "

" မင်းကလဲ အလကားစားရမှာကို ဂျီးများနေတယ် "

" သြော်...မင်းကကော ဘယ်လောက်ကုန်သွားမှာ မို့လို့လဲ "

တဖိတ်ဖိတ်လက်နေသာ ကား၏နောက်ကြည့်မှန်မှ ကိုယ့် ကိုယ် ကိုယ် ပြန်ကြည့်ရင်း ဇွဲ
၏အပြောကို ရဲရင့်ပြန်မေးလိုက်၏ ။

" ဒါနဲ့ ဒီကားကို ဒီ့ထက်မော်ဒယ်မြင့်တဲ့ ကားနဲ့ လဲဘို့ သိန်းတစ်ထောင် အလိုက်ပေးရမယ်
တဲ့ "

" မင်းက ဘယ်လိုလုပ်သိတာလဲ "

ရဲရင့်အပြောကြောင့် ဇွဲပြန်မေးလိုက်မိသည်။

" မနေ့ညက ငါ့အဖေက အမေ့ကို ပြောနေသံကြားတယ် ။ သိပ်မကြာခင်လဲဖြစ်မယ်ထင်
တယ်တဲ့ ။ "


x x x x x x x x x x x x x x x x x x x x x


" မစံပယ်ရေ ဒီအ၀တ်တွေလျှော်ပြီးရင် ပြန်လို့ရပြီနော် ။ မောင်ဇွဲရေ ကားရေဆေးပြီးရင်
မင်းအတွက် မုန့်ဘိုးလာယူချေ ။ "

အပေါ်ထပ်ဝရန်တာမှ ဒေါ်မြင့်မြတ်နှင်းအသံကြောင့် ဇွဲ ကားရေဆေးရာမှ အပေါ်ထပ်
ဝရန်တာသို့မော့ကြည့်မိလိုက်၏ ။

" ဟုတ်ကဲ့ မာမီလေး "

" မောင်ရဲရင့်ရေ မင်းအဖေ ကိုမောင့်ကို အလုပ်ကိစ္စနဲ့ မှော်ဘီဘက်ကို လိုက်ပို့တယ်ကွယ့်။
အိမ်ပြန်နောက်ကျလိမ့်မယ် ။ မင်းအမေကို ပြောလိုက်ဦး "

" ဟုတ်ကဲ့ မာမီလေး "

ဒေါ်မြင့်မြတ်နှင်း၏ အပြောကို ရဲရင့်တစ်ယောက် ရိုကြိုးစွာခေါင်းညိတ်ပြရင်း ပြန်လည်ဖြေ
ကြားလိုက်၏ ။

" သားရေ ဇွဲ "

" နင့် မာမီလေး ပေးတဲ့ မုန့်ဘိုးနဲ့ ငါးရေခွံကြော်ဝယ် ၊ ပြီးရင် မလှကြည်တို့ ဆိုင်ကဆန်သုံး
လုံးနဲ့မီးသွေးတစ်ပိသာ သွားယူ "

" နင့်အဖေပြန်လာရင် ဆက်ဆက်ပေးပါ့မယ် ပြောနော်၊ပြီးတော့ အနော်မာကန်မှာ ရေခပ်
ပြီးပြုတ်တို့ဘို့ ကနဖော့တွေ ချိုးလာခဲ့ ။ "

" အမေ လျှော်ပြီးသား အ၀တ်တွေလှန်းပြီရင် လိုက်လာခဲ့မယ် "

" ကောင်းကောင်းလည်း ပြန်ကြဦး ။ ဆော့မသွားကြနဲ့ ။ ပိုက်ဆံမပျောက်စေနဲ့နော် "

တန်ဘိုးကြီးကြွေပြားများနှင့် အလှဆင်ထားသည့် ခမ်းနားကြီးကျယ်လှသောနှစ်ထပ်တိုက်
ကြီးကိုကျောခိုင်းကာ တိုးချဲ့ရပ်ကွက်ဆီသို့ နှစ်ရာတန်တစ်ရွက်ကိုဆုပ်ကိုင်ရင်းကလေးနှစ်
ယောက်တရွေ့ရွေ့နှင့် ထွက်ခွာသွားလေတော့သည်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Template by - Abdul Munir