Showing posts with label ရင်ခွင်တမ်းချင်း. Show all posts
Showing posts with label ရင်ခွင်တမ်းချင်း. Show all posts

Sunday, November 9, 2008

ကဗျာတွေကပြောမယ့်ငါ့အကြောင်း

ကဗျာကို ဖက်တွယ်ခဲ့တာ
အသက်ငယ်ငယ်လေးထဲက.....

ခံစားချက်ကို အလေးပေးတော့
ဦးနှောက်ကလည်း မနိုင်
ငါ့နှလုံးအိမ်မှာ
ဒဏ်ရာလှိုင်တာလည်း
ယနေ့ထက်တိုင်ဘဲ....

သံယောဇဉ် ချင်ခြင်းတက်
ရင်တွင်းကအဖြစ်အပျက်ကို
ဖွင့်ဟခဲ့တာလည်း
ဒီကဗျာထဲမှာဘဲ.....

ငါ့ချစ်ခြင်းနဲ့အားပြိုင်
မေတ္တာနဲ့ နိုင်အောင်တိုက်တဲ့
ဒီအချစ်စစ်ပွဲ
ရှုံးနိမ့်ခြင်းကြုံလည်း
ကဗျာတွေကို
ငါလေ
ဖက်တွယ်ဆဲ.....

အဆုံးတစ်နေ့မှာ
လုံးဝမေ့စရာအကြောင်းတွေ
ရှိခဲ့ရင်တောင်မှ
ငါဆိုတဲ့ ကောင်အကြောင်း
ကဗျာတွေက
ကောင်း
ကောင်း
ပြော
လိမ့်
မယ်
....
...
..
.




စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

Saturday, November 8, 2008

ရင်ကွဲရူံ

ရယူခြင်းကင်းခဲ့တာ
မင်းအတွက်သာ ဖြစ်တည်တဲ့
အပြစ်ကင်းတဲ့ ငါ့ရင်ထဲက
ချစ်ခြင်းမှာ.....

မျှော်လင့်ခြင်းတွေကျိုးပျက်
ငါ့ကမ္ဘာပျက်ခဲ့တာ
ငါ့အပါးက
မင်းထွက်ခွာသွားချိန်မှာ.....

နက်နဲစွာ ဖြစ်တည်တဲ့
ငါ့ရင်တွင်းက ချစ်ခြင်း
မယုံကြည်ခြင်းနဲ့ ရိုက်ချိုးလို့
ငါ့အပါးက ထွက်ခွာ
အရာရာကို ဥပေက္ခာပြုခဲ့ချိန်မှာ
ငါ့ဝိညာဉ်လည်း ပျက်သုဉ်းလို့
ဘ၀တစ်လျှောက်လုံးမှာ
ငါလေ..........
ရင်ကွဲရုံ.........




စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

Friday, November 7, 2008

အစိမ်းခြွေ

တဖြုတ်ဖြုတ်ကြွေနေတဲ့ သစ်ရွက်တွေ
တရှုပ်ရှုပ်ငိုကြွေးနေတဲ့ နေ့ရက်တွေ
သက်သေတွေပြုမပေးနိုင်တော့တဲ့ အခါ
ဒါဟာ အစိမ်းခြွေ.....

ရင်ခွင်မှာတည်တဲ့ အချစ်တရား
လှည့်စားတာလား မေးခံရချိန်
ဖြစ်တည်တဲ့ ရင်နှလုံး
ပျက်သုဉ်းတဲ့ ဘ၀အခြေအနေ
ဒါဟာ အစိမ်းခြွေ.....

ပြင်ဆင်ခဲ့တဲ့ အနာဂါတ်သစ်အတွက်
ပြောင်းခဲ့တဲ့ ဆုံးဖြတ်ချက်တွေ
သက်သေတွေ မဲ့တဲ့အခါ
ဒါဟာ အစိမ်းခြွေ.....

အငိုမျက်လုံးနဲ့ အပြုံးမျက်နှာ
ဖုံးခဲ့တဲ့ ငါ့အသည်းဒဏ်ရာ
သွေးစိမ်းရှင်ထွက် နာကြင်လျက်နေလည်း
အစဉ်သာရင်ခွင်မှာ တမ်းတ
အလွမ်းနှင့်သာ နေရမည့်ငါ့ညတွေ
ဒီဘ၀မှာတော့လေ
ဒါဟာ အစိမ်းခြွေ.....

အဆုံးမှာတော့
ပျက်သုဉ်းတဲ့ ငါ့ဘ၀လည်းကြွေ
ဒါဟာ အစိမ်းခြွေ.....


ရင်ဘတ်နှင့်ရေးဖွဲ့သည်
စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

Template by - Abdul Munir