Showing posts with label မွေးနေ့အမှတ်တရ. Show all posts
Showing posts with label မွေးနေ့အမှတ်တရ. Show all posts

Friday, October 31, 2008

HAPPY BIRTHDAY NYI MA LAY

ညီမလေးရေ ညီမလေးအတွက် မွေးနေ့လက်ဆောင် ကဗျာလေးပါ။


"လောကဓံတိုက်ပွဲ"


ဘ၀ဆိုတဲ့ တိုက်ပွဲ
ဆင်နွှဲတဲ့ အခါ
အောင်မြင်မှု လည်းရှိမယ်
ရှုံးနိမ့်ခြင်းလည်းကြုံမယ်
အောင်မြင်လည်း ဂုဏ်မတင်နဲ့
အရှုံးနဲ့ ရင်ဆိုင်တွေ့လည်း
အားမလျော့လေနဲ့
"ညီမငယ်"

ဘ၀ဆိုတဲ့ ခရီးလမ်း
လျှောက်လှမ်းရမယ့် ပန်းတိုင်
အပြုံးတွေနဲ့ လှိုင်လို့
စောင့်နေပါတယ်
"ညီမငယ်"

ချိုမြိန်တဲ့ အရသာ
အောင်မြင်ခြင်းမှာ ရှိတတ်တယ်
ထိခိုက်တဲ့ ဝေဒနာ
ဆုံးရှုံးခြင်းမှာ ရှိတတ်တယ်
ထာဝရ မချိုမြိန်နိုင်သလို
ထာဝရ မထိခိုက်နိုင်ဘူး
"ညီမငယ်"
ဒါကြောင့် ဒါဘ၀လို့ ခေါ်တာပေါ့.....

မမြဲခြင်းနဲ့ ဖန်ဆင်းတဲ့လောက
ဘာအတွက်နဲ့ စိတ်ဓါတ်ကျမလဲ
ထိုးနှက်ချက်ပြင်းတဲ့ လောကဓံ
ဘာလက်နက်နဲ့ ခုခံမလဲ.....

ခိုင်မာတဲ့စိတ်ဓါတ် ၀တ်ရုံခြုံ
ရင့်ကျက်ခြင်းကို ဒိုင်းလုပ်
မေတ္တာနဲ့လုပ်တဲ့ ဓါးတစ်ဖက်ဆွဲလို့
ညီမလေးရေ.....
တို့မောင်နှမ တိုက်ပွဲဝင်ကြပါစို့ .....

ညီမအရင်းလေးလို ချစ်ရတဲ့ အချစ်ဆုံးညီမလေး ဒီဒီ (ခေါ်) စန္ဒီမိုးမြင့့််ရဲ့ အောက်တိုဘာ(၃၁)ရက်နေ့၌ ကျရောက်သော အသက်(၂၀) ပြည့် မွေးနေ့မှသည် နောင်နှစ်ပေါင်း များစွာ အထိ ညီမလေး ချစ်ရသော မိသားစု၊ ညီမလေးကို ချစ်ကြသော အကိုအမများနှင့် လက်တွဲမဖြုတ်စတမ်း အောင်မြင်စွာ လျှောက်လှမ်းနိုင်ပါစေ။ ဘ၀မှာ ကြုံလာတဲ့ လောကဓံ ခိုင်မာစွာ တွန်းလှန်နိုင်ပါစေ။ အန္တရယ်ဟူသမျှ မြုမခလို့ ဒီဘ၀မက ဘ၀ဆက်တိုင်း ကြည်နူးရွှင်ပြ လှပတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်တဲ့ ညီမလေး ဖြစ်ပါစေလို့ ကိုကြီး လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်းတောင်းပါတယ်ညီမလေးရေ။


ညီမလေးကိုချစ်တဲ့

ကိုကြီး
မိုးမြင့်တိမ်

Template by - Abdul Munir