Friday, November 7, 2008

အစိမ်းခြွေ

တဖြုတ်ဖြုတ်ကြွေနေတဲ့ သစ်ရွက်တွေ
တရှုပ်ရှုပ်ငိုကြွေးနေတဲ့ နေ့ရက်တွေ
သက်သေတွေပြုမပေးနိုင်တော့တဲ့ အခါ
ဒါဟာ အစိမ်းခြွေ.....

ရင်ခွင်မှာတည်တဲ့ အချစ်တရား
လှည့်စားတာလား မေးခံရချိန်
ဖြစ်တည်တဲ့ ရင်နှလုံး
ပျက်သုဉ်းတဲ့ ဘ၀အခြေအနေ
ဒါဟာ အစိမ်းခြွေ.....

ပြင်ဆင်ခဲ့တဲ့ အနာဂါတ်သစ်အတွက်
ပြောင်းခဲ့တဲ့ ဆုံးဖြတ်ချက်တွေ
သက်သေတွေ မဲ့တဲ့အခါ
ဒါဟာ အစိမ်းခြွေ.....

အငိုမျက်လုံးနဲ့ အပြုံးမျက်နှာ
ဖုံးခဲ့တဲ့ ငါ့အသည်းဒဏ်ရာ
သွေးစိမ်းရှင်ထွက် နာကြင်လျက်နေလည်း
အစဉ်သာရင်ခွင်မှာ တမ်းတ
အလွမ်းနှင့်သာ နေရမည့်ငါ့ညတွေ
ဒီဘ၀မှာတော့လေ
ဒါဟာ အစိမ်းခြွေ.....

အဆုံးမှာတော့
ပျက်သုဉ်းတဲ့ ငါ့ဘ၀လည်းကြွေ
ဒါဟာ အစိမ်းခြွေ.....


ရင်ဘတ်နှင့်ရေးဖွဲ့သည်
စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

2 comments:

လင်းဒီပ said...

ဖြူဖြူကျော်သိန်းက အတွင်းကြေ
ကိုမိုးမြင့်က အစိမ်းခြွေ တဲ့
ကျွန်တော်လည်း ကာရံလေးမိအောင်
အစိမ်းသေလို့ ရေးလိုက်ဦးမယ်..
စ တာနော်..ခင်လို့...
စိတ်ထဲပေါ်ရာလျှောက်ရိုက်တတ်သော
လင်းဒီပ

GreenGirl said...

ငါ့အစ်ကို ဘာတွေဖြစ်...

Template by - Abdul Munir