Sunday, November 2, 2008

အမေပြောတဲ့စကား

အရာတိုင်းကို မခံစားပါနဲ့ သား
အရာတိုင်းကို ခံစားရင်
ငါ့သားရင်မှာ
ဒဏ်ရာဒဏ်ချက်သာများလာလိမ့်မယ်...

အခြေအနေတိုင်း
တရားသေမမှတ်နဲ့ သား
ဒီလောကကြီးထဲမှာ
ပုံသဏ္ဍာန် အမှားတွေ
အစုန်အဆန်သွားနေလေရဲ့ .....

ရည်မှန်းချက် မပျက်ပါစေနဲ့ သား
ရည်မှန်းချက် ပျောက်ရင်
မင်းဘ၀ မှောက်လိမ့်မယ်....

လောကထဲလှည့်ပတ်
မင်းရင့်ကျက်တဲ့ အချိန်
အမေ့အိမ်ကို မင်းပြန်ခဲ့
အဆင်းသဏ္ဍာန်မပျက်တဲ့
အမေ့ရဲ့ လေ
မေတ္တာဓါတ်နဲ့ နွေးစေမယ်....



စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

3 comments:

Anonymous said...

ဟုတ်ပါတယ် ကိုမိုးမြင်တိမ်ရေ မိဘတွေရဲ့ စကားဟာ ကိုယ့်ဘ၀ရဲ့ နောက်ဆုံးအချိန်ထိ မှန်နေတတ်ပါတယ်။ အခုကဗျာလေးမှာ ခံစားမိလိုက်တာ၊ ရလိုက်တာ၊ မြင်လိုက်တာလေးတွေက သားကိုချစ်တဲ့အမေတစ်ယောက်ရဲ့ အကြင်နာ၊ မေတ္တာ၊ ဂရုဏာနဲ့ အတိုင်းအဆမရှိတဲ့ခွင့်လွှတ်မှု တရားတွေပါပဲ။ ကဗျာလေးဖတ်မိပြီး မိဘမေတ္တာကို ခံစားမိစေတဲ့အတွက် အရမ်းကို ၀မ်းသာပီတိဖြစ်မိပါတယ်။ ကျေးဇူးလည်း တင်မိပါတယ် ကိုမိုးမြင်တိမ်ရေ ... ။

ခင်မင်လေးစားစွာဖြင့်

GreenGirl said...

အရာတိုင်းကို မခံစားပါနဲ့ သား
အရာတိုင်းကို ခံစားရင်
ငါ့သားရင်မှာ
ဒဏ်ရာဒဏ်ချက်သာများလာလိမ့်မယ်..


မှန်လိုက်တာ။ သွေးထွက်အောင်မှန်တယ်

Anonymous said...

အိမ်ပြန်ချင်ပါတယ်ဗျာ

Template by - Abdul Munir