Tuesday, November 4, 2008

မတရားတဲ့ လောက

ရင်ခုန်သံ ဗျောင်းဆန်
ငါ့ရင်ခွင် ကပြောင်းကပြန်ဖြစ်လို့
ပြောကြစမ်းပါ
လောကကြီး ဘာတွေဖြစ်ကုန်ပြီလဲ...

ချစ်ကြသူတွေ ဝေးတဲ့ရက်
ခွဲခွာသူတွေ ဆွေးတဲ့အတွက်
အသည်းမှာပူတဲ့ အလွမ်းရက်စက်
မင်းအတွက် မတရားဘူး.....

ဘုရားစူးပါစေ ကျိမ်ဆိုတဲ့ စကား
ခုများတော့
လူများကြားမှာ ပျောက်ပြက်
ဖောက်ဖျက်တဲ့ အသိတွေ
ဆိတ်သုဉ်းချိန်မှာတောင်
ငါသိပ်မုန်းမိနေမှာ
မင်းအတွက် မတရားတဲ့
ဒီ လောကတရားကိုပေါ့.....



စိတ်၏စေရာနာခံလေသာ

မိုးမြင့်တိမ်

3 comments:

Anonymous said...

သေချာတယ်ဗျ။ ကိုမိုးမြင့်တိမ်ရဲ့ ကဗျာတွေဟာ ဖတ်မိလာလေလေ၊ လောကနဲ့ လောကရဲ့လှည့်ကွက်တွေ၊ လောကကြီးရဲ့ မတရားမှုတွေ၊ အပြုသဘောမဆောင်တဲ့ အဖြစ်တွေကို နာကျည်းခံပြင်းမှုတစ်ခုလို ဟာမျိုး ခံစားချက်တစ်ခုနဲ့ ပေါင်းစပ်ရေးဖွဲ့ထားတာတွေလို့ သတိထားလာမိတယ်။ မြင်လာမိတယ်၊ ခံစားလာမိတယ်။

သိပ်ကောင်းတယ်ဗျာ။ အဲလို ပေါက်ကွဲလွှင့်ထုတ်ပစ်လိုက်တော့မှ လူတစ်ယောက်ဟာ လောကကြီးနဲ့ အံဝင်ခွင်ကျလိုက်လျောညီထွေပြီး ရင်မှာ ခံစားရတာတွေ ပေါ့လျော့ပြီး ပြုံးရယ်ကြည်နှုးနိုင်မှာ။

ဒါဟာ စိတ်ထွက်ပေါက်လေးတစ်ခုလိုပဲ ကဗျာရှင်ရဲ့စိတ်ကို အေးငြိမ်း၊ ကျေနပ်မှုတစ်ခုကို ဖြည့်ဆီးပေးနိုင်မှာ အသေအချာပဲလို့ ကျွန်တော်ကတော့ ထင်မြင်နေမိပါတယ် ကိုမိုးမြင့် ရေ ... ။

ခင်မင်လေးစားစွာဖြင့်

Unknown said...

ဘုရားစူးပါစေ ကျိမ်ဆိုတဲ့ စကား
ခုများတော့
လူများကြားမှာ ပျောက်ပြက်
ဖောက်ဖျက်တဲ့ အသိတွေ
ကျွန်တော်လဲ အဲဒီလို ခံစားမိတယ်။
ကြိမ်ပြောရင် လုံးဝ မယုံတော့ဘူး။ ခံရပါများလို့..

အိုင်လွယ်ပန် said...

မတရားခံရတာပါ...မတရာခံရတာပါ........:P
ကဗျာလေးကောင်းတယ်ဗျာ.....

Template by - Abdul Munir