Wednesday, March 12, 2008

အမှတ်တရအလွဲများ(၂) (သို့) အရှက်ကွဲသောနေ့

ဒီတစ်ခါကတော့ တက္ကသိုလ် တက်ရင်းနဲ့ တွေ့ကြုံခဲ့ရတဲ့ အလွဲ(သို့) အရှက်ကွဲသောနေ့ အကြောင်းလေးပြောပြ
မယ်။ အဲဒီတုန်းက ကျွန်တော်က သချာင်္အထူးပြုနဲ့ ပထမနှစ်စတက်ခါစပေါ့။ တက္ကသိုလ်ဆိုတာ သိတဲ့အတိုင်းဘဲ
လေ။ အလွန်ပျော်ဘို့ ကောင်းတဲ့ နေရာပေါ့။ သူငယ်ချင်းတွေနဲ့ သွားလိုက် လည်လိုက် တွေ့တဲ့ကောင်မလေး တွေနောက်လိုက်ပေါ့။ အတန်းမတက်လို့လည်း ဆူမဲ့သူမရှိဘူးလေ။ တစ်ရက် အဲဒီနေ့ကတော့ မှတ်မှတ်ရရ ပါဘဲ။
မမှတ်မိဘဲ ရှိပါ့မလား အရှက်ဗျန်းဗျန်းကွဲ တဲ့နေ့ကို။ အဲဒီနေ့က pratical စောစောပြီးတာနဲ့ အခန်းထဲ ကစောစောထွက်လာလိုက်တယ်။ ကျောင်းရှေ့ရောက်တော့ အသင့်တွေ့ရတဲ့ ferry ပေါ်တက်ပြီး ပြတင်းပေါက်နဲ့ ကပ်လျက် ခုံမှာထိုင်လိုက်တယ်။ ကျောင်းမဆင်းသေးဘူး ဆိုတော့ နေရာလွတ်တော်တော် များတယ်လေ။ ဒီလိုနဲ့ စောထွက်လာတဲ့ ကျောင်းသား ကျောင်းသူ တွေလည်း တဖွဲဖွဲ ရောက်လာကြတယ်။ ကျောင်းမှာက ferry မထွက်ခင်ကို ကားပေါ်တက်ပြီး ပိုက်ဆံလိုက်တောင်း တဲ့ကလေးတွေရှိတယ်။ ကောင်လေး တွေကောင်မလေးတွေ စုံနေတာပါဘဲ။ ကျွန်တော်တို့ကားပေါ် ကိုလည်း အသက်၁၄ နှစ်လောက်ရှိမယ် ထင်ရတဲ့ ကောင်မလေးတစ်ယောက် တက်လာပြီးပိုက်ဆံ လိုက်တောင်းနေလေရဲ့။ ကျွန်တော် ကတော့ ဒီကောင်မလေး တက်လာကတည်းက ထိုင်လခုံမှာ မှီပြီးအိပ်ချင်ယောင် ဆောင်နေလိုက်တယ်။ အကြောင်းကတော့ ကျွန်တော့်ဆီမှာ မြို့ ထဲကနေ အိမ်ပြန်ဘို့ ကားခ၅၀ ဘဲကျန်တော့လို့ ပါဘဲ။ တနေကုန် လည်လိုက် စားလိုက်နဲ့ ပါတဲ့ပိုက်ဆံ လည်းကုန်ပြီလေ။ တဖြည်းဖြည်းနဲ့ ကောင်မလေးက ကျွန်တော့် အနားကိုရောက်လာပါတယ်။ ကျွန်တော် အိပ်ချင်ယောင်ဆောင်နေတာကို ဘဲသိလို့လား ဒါမှမဟုတ် အတင်းနှိုးတာလားတော့ မပြောတတ်ဘူး။ ကျွန်တော့် ကိုအတင်းဆွဲ နှိုးတော့တာပါဘဲ။ ကျွန်တော်လည်း ကြာကြာအိပ်ချင်ယောင်ဆောင်လို့ မရတော့ပါဘူး။ ဒါနဲ့ဘဲ မျက်လုံးဖွင့် လိုက်ပါတယ်။ ကျွန်တော် လည်းမျက်လုံးပွင့်ကော ပိုက်ဆံတောင်းတော့ တာပါဘဲ။ ကျွန်တော့်မှာလည်း ကိုယ့်ပြသနာနဲ့ ကိုယ်မို့ မရှိဘူးလို့ဘဲ ပြောလိုက်တယ်။ အဲဒီမှာတင် ဇာတ်လမ်းကစတော့တာဘဲ။ မရှိဘူးလို့ ပြောကာမှ အတင်းကိုတောင်းတော့ တာဘဲ။ နောက်ဆုံးတောင်းမရတဲ့ အဆုံး ကျွန်တော့်ကို ကားပေါ်ကနေ ဆွဲချတော့တာပါဘဲ။ ပါးစပ် ကလည်း “ ပိုက်ဆံမပေးနိုင်ရင် လိုက်ခဲ့တဲ့ “ ဘုရားရေ။ ကျွန်တော်လည်း ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘူး။ ရိုက်ပုတ်ထုတ်ရအောင်လည်း ကလေးသာသာဘဲ ရှိသေးတော့ ကျွန်တော့် မှာအခက်တွေ့နေတော့ တာပေါ့။ တကားလုံး ကလည်း ၀ိုင်းကြည့်ပြီး ရီနေကြလေရဲ့။ ကျောင်းကားဆိုတော့ ကိုယ့်ကို သိတဲ့လူကော မသိတဲ့ လူကောပါတာပေါ့။ ကျွန်တော့်မှာ ရှက်လိုက်တာဗျာ။ ကျွန်တော်က ရုန်းလေ သူကဆွဲလေ နဲ့တော်တော်ကို ကိုးယို့ကားယား နိုင်နေတာပေါ့။ ကျွန်တော်လည်း ရှက်လွန်း လို့ မျက်နှာ တစ်ခုလုံးလဲ ထူပူ နေပြီ။ ဘယ်လိုလုပ်ရမှန်း လည်းမသိနဲ့ တော်တော်ဆိုးပါတယ်။ ဒီကြားထဲ ကလေးမလေးကလဲ ကျွန်တော်ရှက်နေမှန်းသိတော့ ရှက်ရှက်နဲ့ ပိုက်ဆံထုတ်ပေးမှာဘဲ လို့ ထင်လေမသိ ပါဘူး ဇွတ်ကိုဆွဲတော့တာဘဲ။ ကျွန်တော့် မှာပိုက်ဆံရှိရင် လည်းထုတ်ပေးလိုက်ပါတယ်ဗျာ။ ဒါပေမယ့် ကိုယ့်မှာကလည်း ကားခ၅၀ ဘဲကျန်တော့တာ။ သူငယ်ချင်းတွေ ကလည်းဘယ်ရောက်နေမှန်းမသိတော်တော်ကို အကျပ်အတည်း တွေ့နေတာပေါ့။ ဒီကြားထဲ ဟိုဘက်ဘေးတန်းက ကောင်မလေးတစ်သိုက် ပြောလိုက်တဲ့ စကားကြောင့် ပိုပြီးအရှက်ကွဲပါရော။‘ ပိုက်ဆံ ၂၀
လောက်ထုတ်ပေးလိုက်ရင် ပြီးတဲ့ ဟာကို တော်တော်ကက်စေးနှဲနေတယ် “ တဲ့ဗျာ။ ကောင်းရော။ ကံကောင်းချင်တော့ အဲဒီအချိန်မှာ စပယ်ယာတက်လာပြီး “ ဟိုကောင်မလေး ဆင်းတော့ ကားထွက်တော့မယ် “ လို့ ငေါက်လိုက်တော့ မှဘဲ ပေကပ်ကပ် နဲ့ဆင်းသွားတယ်လေ။ စပယ်ယာကိုတော့ ကြောက်တယ်နဲ့ တူပါတယ်။ ဒါတောင် ဆင်းခါနီး ငတိမလေးကပြောသွားသေးတယ်။ “ နောက်နေ့ မပေးလို့ကတော့ ရအောင်ခေါ်သွားမယ် ‘ တဲ့။ တစ်ကားလုံးက လည်း “ ၀ါး “ ကနဲ ၀ိုင်းရီကြတယ်။ ရှက်လိုက်တာ လွန်ပါရောဗျာ။ ကားထွက်တော့မှဘဲ ဟင်းချ နိုင်တော့တယ်။ အဲဒီအချိန်ကနေပြီး ကျောင်းပြန်ရင် ပိုက်ဆံ တစ်ရာလောက် ကျန်အောင်အမြဲတမ်း ချန်သုံးတဲ့ အကျင့်လေးတစ်ခု ရသွားပါတော့တယ်။

1 comments:

မဆုမွန် said...

အဲ့တာ လွဲတာမဟုတ်ဘူး ကိုမိုးမြင့်တိမ်ရ..အဲ့တာ အနိုင်ကျင့်ခံရတာ..
ကျွန်မမှာလည်း အဲ့လိုဖြစ်ဖူးတယ်..
ပုဇွန်တောင်ဈေးကားဂိတ်နားမှာ ဆရာမဆီကအပြန် သူငယ်ချင်းနဲ့ နှစ်ယောက် ကားစောင့်နေတုန်း အရက်မူးသမားလို လူတစ်ယောက် ရောက်လာပြီး ပိုက်ဆံတောင်းတာ..ကျွန်မသူငယ်ချင်းက လန့်ပြီး နောက်ဆုတ် နောက်ဆုတ်နဲ့  ပိုက်ဆံတောင်းတာ မရလို့  စုံနေအောင် ဆဲဆိုတာများလေ ဘေးက လူတွေကလဲ ဘာမှ မကူပေးဘူး သိလား ကျွန်မလဲ နောက် ဘယ်လိုမှ သည်းမခံနိုင်တာနဲ့  လမ်းပြရဲကို သွားခေါ်တာ ရဲလာလိုက်လာရော ပြေးတာ တန်းနေတာပဲ ..အနိုင်ကျင့်ခံလိုက်ရတယ်လို့ ခံစားရတယ်..တစ်ခါခံထားဖူးတာ့ ကားဂိတ်တွေမှာ ယောင်လည်လည်ကပ်လာရင် အလိုလိုကို မျက်နှာရှစ်ခေါက်ကျိုးနဲ့  နေလိုက်တယ် ကျော်သွားရော

Template by - Abdul Munir