လောကမှာလူရယ်လို့ ဖြစ်လာပြီးရင်တော့ တစ်ဦးတစ်ယောက် ထဲနေဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူဖြစ်နေလို့ပါဘဲ။ လူ့အသိုင်းအ၀ိုင်းထဲမှာ လူတို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လူ့ယဉ်ကျေးမှုလှုမှုဆက်ဆံပေါင်းသင်း
ရေး အစရှိတဲ့ စည်းမျဉ်းတွေနဲ့ ထုံမွှန်းထားတဲ့ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်ထဲမှာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ကျင်လည်နေ
ကြရလို့ပါဘဲ။ဒီလိုကျင်လည်တဲ့ နေရာမှာ လူတွေနဲ့ပေါင်းသင်းဆက်ဆံ တဲ့နေရာမှာ တစ်ချို့တွေနဲ့က ပြသနာမရှိပေမယ့် တစ်ချို့
သောလူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့နေရာမှာတော့ ပြသနာလေးတွေရှိတတ်ပါတယ်။ ဒီအကြောင်းလေးနဲ့ ပတ်သက်ပြီး ကျွန်တော်
လေ့လာမိသလောက် ပြောရမယ်ဆိုရင်တော့ တစ်ချို့တွေက သူတို့နဲ့ပေါင်းသင်း ဆက်ဆံတဲ့လူတွေအပေါ်မှာအထက်စီးကနေဆက်ဆံ
လေ့ရှိတတ်ကြတယ်။သူတို့နဲ့ပတ်သက်ပြီး သူ့ပတ်ဝန်းကျင်က အထင်ကြီးစေချင်တဲ့သဘောမျိုးပေါ့။ တစ်ချို့ကျတော့လည်းမာန
ကြီးတတ်ကျတယ်။ ဘယ်သူကိုမှသူတို့နဲ့ မတန်ဘူးပေါ့လေ။တစ်ချို့ကျတော့ စကားပြောတာကအစ အပြူအမူ အနေအထိုင်အဆုံး သူများချစ်အောင် ခင်အောင်နေတတ်ကြတယ်။ ဒါပေမယ့် သူတို့အတွင်းစိတ်ကတော့ သူတို့အပြုအမူနဲ့ တခြားစီဖြစ်နေတတ်ကြတယ်။
ဒီလိုလူမျိုးကတော့ လူလည်အမျိုးအစားထဲမှာ ပါတာပေါ့။ ဒီမှာအဓိကတွေ့ရ တာကတော့ စောစောကပြောခဲ့တဲ့ လူမျိုးတွေထဲမှာ
အထက်စီးကနေဆက်ဆံ တတ်တဲ့လူမျိုးတွေကတော့ ပတ်ဝန်းကျင်နဲ့ တဖြေးဖြေးဝေးကွာသွားတတ် ကြတယ်။ သူတို့အကြောင်းသိ
သွားတဲ့လူတွေကမပေါင်းကြတော့လို့ပါဘဲ။ အဓိကကြောက်စရာအကောင်းဆုံးနဲ့ သတိထားစရာအကောင်းဆုံး လူကတော့ စောစော
ကပြောခဲ့တဲ့ လူလည်အမျိုးအစားထဲ ပါတဲ့လူပေါ့။ ဒီလိုလူမျိုးကတော့ တော်တော်သတိထားရမှာပါ။ ဒါပေမယ့် နေ့စဉ်နဲ့အမျှရုန်းကန်
လှုပ်ရှား ကျင်လည်နေရတဲ့ ဘ၀ဆိုတဲ့ ဇာတ်ခုံပေါ်မှာ ဘယ်သူနဲ့မှပေါင်းမယ် ဘယ်သူနဲ့ မပေါင်းဘူးလို့ တရားသေရွေးချယ်လို့တော့
မရနှိင်ပါဘူး။ တစ်ခါတစ်ရံမှာတော့ မလွှဲမရှောင်သာ ဆက်ဆံရတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီတော့သတိထားပြီး ပေါင်းသင်းဘို့ဘဲ ရှိ
ပါတယ်။ လူ့အသိုင်းအ၀ိုင်း လူ့ပတ်ဝန်းကျင်ထဲမှာ သွားလာလှုပ်ရှား ရုန်းကန်နေရတဲ့ ကျွန်တော်တို့ကိုယ်တိုင်ကော ပတ်ဝန်းကျင်က
ကိုယ့်ကိုဘယ်လိုလူမျိုးအဖြစ် သတ်မှတ်ထားလဲ ကိုယ့်ရဲ့ ပြုမူပေါင်းသင်းဆက်ဆံပုံကကော ဘယ်လိုလူအမျိုးအစားထဲမှာပါနေလဲဆို
တာကိုယ်ကိုတိုင် ပြန်လည်စမ်းစစ်ဖို့တော့ လိုအပ်ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ဘဲ ဖြစ်ဖြစ်လူတွေကြားထဲမှာ နေထိုင်နေတဲ့ကျွန်တော်တို့ ကိုယ့်ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင်တော့ နေရမှာပါဘဲ။ ဒါကြောင့်မို့ လောကမှာလူရယ်လို့ ဖြစ်လာပြီးရင် လူတွေကြားထဲမှာ
ဘယ်လိုနေရမလဲ ဆိုတာသေချာလေ့လာစမ်းစစ်ဖို့တော့ လိုအပ်ပါတယ်။ မတစ်ထောင်ဖွား လူတွေကြားထဲမှာ ဘယ်လိုနေကြရမလဲ??
ရီရီမောမော ၀င်ကာရောတော့
လူပေါကြီးလို့ ဆိုကြတယ်...
မရီမရော တည်တည်ပြောတော့
မာနကြီးတယ် ဘ၀င်မြင့်တယ်တဲ့...
ကိစ္စများမြောင် လူတို့ဘောင်မှာ
စိတ်မျိုးထွေထွေ လူတွေကြားထဲ
ငါဘယ်လိုနေရမလဲ....???
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
3 weeks ago
0 comments:
Post a Comment