
ဘ၀မှာ မှောင်မိုက်တဲ့ ညတွေ
ငါဖြတ်သန်းဘူးပါရဲ့.....
ဒါပေမယ့် အထီးကျန်မဖြစ်ခဲ့ဘူး....
ငါ့ဘေးမှာ အဖော်လုပ်ပေးမယ့်
ငါ့သူငယ်ချင်းတွေ ရှိခဲ့ဘူးတယ်...
ဘ၀မှာ မျှော်လင့်ချက်မဲ့တဲ့နေ့တွေ
ငါဖြတ်သန်းဘူးပါရဲ့....
ဒါပေမယ့် ငါစိတ်ဓါတ်မကျခဲ့ဘူး
ငါ့ဘေးမှာ အားပေးမယ့်လူတွေ
ရှိခဲ့ဘူးတယ်လေ....
ဘ၀မှာ မညီညာတဲ့ ခရောင်းလမ်း
ငါလျှောက်လှမ်းဘူးပါရဲ့....
ဒါပေမယ့် ငါအားမလျှော့ခဲ့ဘူး
ကြမ်းတမ်းတဲ့ ငါ့လက်တစ်စုံကို
မညဉ်းမညူဆုပ်ကိုင်မယ့်
ကြင်သူရဲ့ လက်တစ်ဖက်
ရှိခဲ့ဘူးတယ်လေ....
အခုတော့လည်း
လိုအင်တွေပြည့်မြောက်လို့
ငါ့ဘ၀ငါ လျှောက်လှမ်းနိုင်ပါမှ
ငါအထီးကျန်ခဲ့ပြီ
ငါ့ဘေးမှာ သူငယ်ချင်းတွေမရှိတော့ဘူး...
ငါစိတ်ဓါတ်ကျခဲ့ပြီ
ငါ့ကို အားပေးမယ့်သူမရှိတော့ဘူး....
ငါအားလျော့ချိန်မှာ
ငါ့ကို ကမ်းလင်းတဲ့လက် မရှိတော့ဘူး....
ဘ၀မှာ တိုးတက်မှုကိုရှာဖွေရင်းနဲ့
နွေးထွေးမှုတွေ ပျောက်ဆုံးသွားတာ
ငါသိလိုက်ချိန်မှာ အရာရာတိုင်းဟာ
နောက်ကျခဲ့ပြီလေ....
လိုချင်တာ တစ်ခုအတွက်
ပေးဆပ်မှု တစ်ခုဆိုတာ
ရှိစမြဲလို့ ငါသိလိုက်ချိန်မှာ
ငါဟာ မြောက်များစွာ
ပေးဆပ်လိုက်ရပါပြီလား....
အကယ်လို့များ ဘ၀ဆိုတာကို
အသစ်ကနေ ပြန်စခွင့်ရှိခဲ့ရင်လေ....
ကျတော့်အကြောင်း
လေးစားရသော အမအိန္ဒြာ၏ လက်ဆောင်စကား
မင်း ဖြစ်တည်မှုတွေ မနာဖျားစေဖို့၊ မင်းစိတ်အတိုင်း ပျိုးကျဲလိုက်၊ မင်းစိုက်ပျိုးသမျှ.. မင်းရိပ်သိမ်းရဦးမှာ.. ကောင်လေးရဲ့...။
Followers
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ2 months ago
-
-
ဒီဇင်ဘာ မိုး1 year ago
-
-
-
ချစ်ခြင်းသည်သာ တစ်ကမ္ဘာဆိုသော်ငြား7 years ago
-
-
အလှနတ်သမီးလေး မလိခ...7 years ago
-
အတွေးရုပ်ကြွင်းများ9 years ago
-
အဝါရောင်ကျီးကန်းတွေ ငါ့ဆီပြိုဆင်းလာတဲ့နေ့က10 years ago
-
-
အဆင်းရှိသောအရပ်၊ ရနံ့သင်းသောကမ္ဘာ10 years ago
-
What is Media?11 years ago
-
-
အသားအရည်လှပဖို့ နည်းလမ်းရှာဖွေထိန်းသိမ်းစို့11 years ago
-
" ယုံ ....... "11 years ago
-
ကန္တာရ ပန်းပွင့်11 years ago
-
မင်္ဂလာပါရှင် ☆彡12 years ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
Teachers12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
တဖြည်းဖြည်းနဲ့ဝေး12 years ago
-
-
-
အနွေးထည်14 years ago
-
လျှို့ဝှက်ပန်း14 years ago
-
ရွာပြင်ထုတ်ခံရသူများ14 years ago
-
လွမ်းလို့15 years ago
-
ချစ်သူသို့15 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အတွေ့အကြုံတခုအကြောင်း16 years ago
-
ခရမ်းရင့်ပြာ16 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
ဘယ်နိုင်ငံတွေကပါလိမ့်..!!
Thursday, September 25, 2008
ပြန်စခွင့်သာရှိခဲ့ရင်
Posted by
Moe Myint Tane
6
comments
Labels: ကဗျာ
Tuesday, September 23, 2008
အချစ်ပျောက်အရူး

အတ္တကို အခြေတည် ဤမြေမဟီမှာမွေးဖွား
တေးသွားတွေလည်း ဆိုဘူးပါရဲ့
ငိုဘူးတာလည်း လူဖြစ်ကတည်းကပါ.....
အချစ်ကို သဏ္ဏာန်လုပ်
သရုပ်ကိုတူအောင် ရေးဆွဲ
အတွေးမဆဲခင် နေ၀င်တော့
ရွှေရင်အစုံက လှိုက်မောပြီ....
နွေရင်အခုန်က လိုက်လျောမညီ...
ရှိုက်ရှိုက်သာ ငိုချင်ပေမယ့်
တစိုက်မတ်မတ်သာ
လိုအင်တွေ ရှာဖွေဦးတော့
မဆုံးတဲ့ မွန်းတည့်ချိန်မှာ
နေမြင့်လေ အရူးရင့်လေပြီ....
အတ္တတောမှာ မောရတဲ့ဘဝ
ပြောပြရင် စာတွေမဆုံးနိုင်ဘူး
လောကတခွင် ငါရှာဖွေဦးမည်
အချစ်ပျောက် ရှာပုံတော်ဖွင့်.....
Posted by
Moe Myint Tane
5
comments
Labels: ကဗျာ
Monday, September 22, 2008
မလိုချင်တော့သော အချစ်တစ်ခု

နွယ်တစ်ခက် မြက်တစ်ပင်တောင်
မင်းရဲ့ အချစ်ဓါတ်ဝင်ရင်
ငါ့အတွက် ဆေးဘက်ဝင်တယ်လို့
ငါထင်ခဲ့မိတယ်.....
တိမ်သလ္လာ ကွန့်မြူးလို့
ညွှန့်ဖူးတဲ့ အချစ်သစ်ပင်
မင်းရင်ခွင် ခိုဝင်ကာပျိုးတော့
အလင်းဝင်တဲ့ အာရုဏ်ဦး
ငါမယုံရဲတော့ဘူး ချစ်သူ....
သံယောဇဉ် ရင်မှာငြိပါရဲ့
ချစ်သူလည်း အကြင်နာရှိပါလျက်
ပတ်ဝန်းကျင်ဆိုတာ ၀င်ကာနှောက်တော့
ရင်မှာ ကြောက်ကြောက်လာမိတယ်......
ဖိစီးမှုပေါင်း များစွာကနှိပ်စက်
အိပ်ပျက်တဲ့ ညပေါင်းများလာတော့
သန်းခေါင်ကျော်တောင် မအိပ်စက်
အမှောင်ပျော်တဲ့ ညဇီးကွက်တစ်ကောင်သာ
ငါ ဖြစ်လိုက်ချင်တယ်....
မရခင်က တမ်းတမိပါလျက်
ရပြီးမှ မလိုချင်တဲ့ငါ့ကို
ညိုညင်လို့ အပြစ်ဆိုရင်လည်းဆိုပါတော့
ငါလိုချင်တာ အဲလိုအချစ်မဟုတ်ဘူး.....
Posted by
Moe Myint Tane
7
comments
Labels: ကဗျာ
Thursday, September 18, 2008
နှစ်ထပ်ရှိမှ မှတ်မိမယ်

မီးဆိုတာ ပူတယ်လို့
လူရယ်လို့ ဖြစ်လာကတည်းက
သိခဲ့ကြတယ်.....
ရေဆိုတာ အေးမြလို့
ကလေးဘ၀တည်းက
သိခဲ့ကြတယ်....
သို့သော်လည်းလေ
သိသာသိသည် မကျင့်ကြံနိုင်
နားလည်သော်ငြား သဘာမပေါက်နိုင်
ဒီမီးကိုမှ ကိုင်ချင် ထိချင် စမ်းသပ်ချင်သည်
အချစ်မီးဟု ဆိုလေသည်...
ပိုးဖလံမျိုး မီးကိုတိုးလို့
ဆိုရိုးက ရှိခဲ့ပေမယ့်
အသိခေါက်ခက် အ၀င်နက်တဲ့
ငါ့ဦးနှောက် တစ်ထွာတစ်မိုက်ရယ်ကြောင့်
နှလုံးသားပိုးဖလံ အမုန်းမီးလျှံကိုတိုးဝင်ချိန်
လေခြွေလို့ဝေနေရာက ပြုတ်ကျတဲ့သစ်သီးလို
အမုန်းခြေဖျက်လို့ ငါ့နှလုံးကြေပျက်ပြီ......
ကွဲကြေအက်နှလုံးသား အရှုံးများစွာရင်ဆိုင်ရချိန်
အမုန်းတရားက ပြုံးလျက်နဲ့ပြောတယ်....
"ဆိုရိုးတွေရှိပါလျက် ဆောင်ပုဒ်တွေထားပါလျက်
မိုက်မဲတဲ့ ဒီအသည်း ငါထပ်တောင်ခွဲချင်သေးတယ်"....
Posted by
Moe Myint Tane
6
comments
Labels: ကဗျာ
အိပ်မက်ပျောက်သူ

တိမ်တွေကို လေဟုန်စီး
ကောင်းကင်ထက် ငါခရီးနှင်ချိန်
ငါ့ရင်ခွင်က အခန်းငယ်တစ်ခုဖြစ်လို့...
ချစ်သူက ငါ့နံဘေး
ချစ်တေးတွေ သီကာကြွေးတော့
ဘ၀င်ကိုလေဟပ် ငါကျေနပ်ခဲ့တယ်...
ညို့ငင်တဲ့ သူ့အပြုံး
ငါ့နှလုံးကို သိမ်းကြုံးယူငင်လို့
အချစ်ဆိုတဲ့ ပလ္လင်ထက်မှာ
မင်းအတွက် နေ့ရက်တွေဖြတ်သန်း
ဇာတ်လမ်းက ပျော်စရာအတိပေါ့...
မထင်မှတ် ရုတ်တရက်ဝင်ကာရမ်းတဲ့
အလင်းစက်မိုး ငါ့ကိုယ်ပေါ်သွန်းဖြိုးတော့
ချစ်သူလည်းပျောက် တိမ်လည်းပျောက်လို့
မျက်မှောက်ဘ၀ ပြန်ရောက်ချိန်
ဘလာနတ္တိ ဒီအခန်း
အလွမ်းနဲ့သာပြည့်တဲ့ကြမ်းပြင်ထက်
ငါအိပ်စက် နေတာပါလား.......
နောက်များ အခွင့်ကြုံလို့ ထပ်မက်ရင်
မနှိုးကြပါနဲ့ အလင်းစက်တို့ရယ်
ငါ..ဒီအိပ်မက်က မနိုးထချင်လို့ပါ....
Posted by
Moe Myint Tane
3
comments
Labels: ကဗျာ