တအုံနွေးနွေးနဲ့ သွန်ချခံလိုက်ရတဲ့
လတ်ဆတ်မှု သံယောဇဉ်ဟာ
အတွင်းကြေဆိုတဲ့ ဒဏ်ရာထက်ပြင်းထန်လွန်းနေခဲ့တော့
ဝင်သက်ထွက်သက်တိုင်းဟာ ခဲယဉ်းသထက်ခဲယဉ်းလာခဲ့ !!
တစ်လောကလုံးအုံ့မှိုင်းတဲ့ ရာသီနဲ့
ဒီကမ္ဘာ ကျဉ်းကျဉ်းလေးထဲက
ဖယောင်းတိုင်လို လူတစ်ယောက်
ကိုယ့်ဒဏ်ရာ ကိုယ်ပျောက်ဖို့
သက်ပြင်းကို ဖျော်ချနေမိခဲ့ !!
ပျောက်ဆုံးနေတဲ့ ဘုံဗိမ္မာန်အတွက်
ပဉ္စလက်ဆန်ဆန် ရှာဖွေတွေ့နိုင်ဖို့
နတ်ပျိုမရဲ့ အပြုံးတစ်ပွင့်နဲ့
ရင်ငွေ့လှုံ ပန်းသီးတစ်လုံး
သံယောဇဉ်နဲ့စားသုံးဖို့ လိုအပ်နေခဲ့ !!
ဝင်ရိုးစွန်းအတွက် သူရိန်ရဲ့အပြုံးမျက်နှာဟာ
အိပ်မက်ဆန်ဆန် ပန်းချီတစ်ချပ်ဖြစ်ခဲ့ချိန်
မွန်းကြပ်မှုအလုံးအရင်းရဲ့ ထိုးစစ်ဆင်ခြင်းမှာ
ကောင်းကင်ပြိုကျခဲ့တဲ့ ကြယ်တစ်လုံး
အာရုံခြောက်ပါး ဆုံးရှုံးရင်း
ကြယ် သက် ကြွေ တယ်!!!
မိုးမြင့်တိမ်
ကျတော့်အကြောင်း
လေးစားရသော အမအိန္ဒြာ၏ လက်ဆောင်စကား
မင်း ဖြစ်တည်မှုတွေ မနာဖျားစေဖို့၊ မင်းစိတ်အတိုင်း ပျိုးကျဲလိုက်၊ မင်းစိုက်ပျိုးသမျှ.. မင်းရိပ်သိမ်းရဦးမှာ.. ကောင်လေးရဲ့...။
Followers
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ2 months ago
-
-
ဒီဇင်ဘာ မိုး1 year ago
-
-
-
ချစ်ခြင်းသည်သာ တစ်ကမ္ဘာဆိုသော်ငြား7 years ago
-
-
အလှနတ်သမီးလေး မလိခ...7 years ago
-
အတွေးရုပ်ကြွင်းများ9 years ago
-
အဝါရောင်ကျီးကန်းတွေ ငါ့ဆီပြိုဆင်းလာတဲ့နေ့က10 years ago
-
-
အဆင်းရှိသောအရပ်၊ ရနံ့သင်းသောကမ္ဘာ10 years ago
-
What is Media?11 years ago
-
-
အသားအရည်လှပဖို့ နည်းလမ်းရှာဖွေထိန်းသိမ်းစို့11 years ago
-
" ယုံ ....... "11 years ago
-
ကန္တာရ ပန်းပွင့်12 years ago
-
မင်္ဂလာပါရှင် ☆彡12 years ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
Teachers12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
တဖြည်းဖြည်းနဲ့ဝေး13 years ago
-
-
-
အနွေးထည်14 years ago
-
လျှို့ဝှက်ပန်း14 years ago
-
ရွာပြင်ထုတ်ခံရသူများ14 years ago
-
လွမ်းလို့15 years ago
-
ချစ်သူသို့15 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အတွေ့အကြုံတခုအကြောင်း16 years ago
-
ခရမ်းရင့်ပြာ16 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
ဘယ်နိုင်ငံတွေကပါလိမ့်..!!
Tuesday, July 3, 2012
ကြယ်ကြွေနိဂုံး
Posted by
Moe Myint Tane
3
comments
Labels: ကဗျာ
Saturday, January 7, 2012
ရုန်းကန်ရှင်သန်နေသော အလှတရား ၏ သီးပွင့်မှု
လူရွှင်တော်ဇာဂနာ ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့ရဲ့ ရုန်းကန်ရှင်သန်နေသော အလှတရား ရုပ်ရှင်ပြပွဲနှင့် အနုပညာဟောပြောပွဲ
ရသအလင်းရဲ့မိတ်ဆွေများအားလုံးကို သတင်းကောင်းပါးအပ်ပါတယ်..
ဇန်န၀ါရီလ(၂၁)ရက်နေ့မှာ ရသအလင်းက စီစဉ်ကျင်းပမယ့် လူရွှင်တော်ဇာဂနာ(ဒါရိုက်တာ ကိုသူရ)နဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့ရဲ့ ရုန်းကန်ရှင်သန်နေသော အလှတရား (SURVIVING BEAUTY )ရုပ်ရှင်ပြပွဲနှင့် အနုပညာဟောပြောပွဲလေးကို အောက်ပါ ကြော်ငြာအတိုင်းကျင်းပသွားမှာဖြစ်ပါတယ်။

"Surviving Beauty" ကို ရသအလင်း ဖောင်ဒေးရှင်းမှ စီစဉ်ကျင်းပပြီး ရရှိလာသော အကျိုးအမြတ်ပမာဏပေါ်မူတည်၍ မူရင်းရည်ရွယ်ချက်ဖြစ်သည့် ပြည်တွင်းရှိ ကျန်းမာရေးအတွက်အရေးပေါ်ဆေးကုသမှု
နောက်ဆက်တွဲ အလှူသတင်းများကို မီဒီယာများမှတဆင့် ရှင်လင်းတင်ပြပေးသွားမည်ဖြစ်ပါေ
ရသအလင်းအမှုဆောင်အဖွဲ့
လက်မှတ်နှုန်းထားတွေကတော့ $25 - $20 -$15 တို့ဖြစ်ပြီး
Peninsular Plaza ရနံ့သစ်စားသောက်ဆိုင် B1-087 နဲ့ မြနန်းနွယ်02-41 တို့မှာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။
ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ် တွေကတော့
ကိုဘိုဘိုဝင်း( ရနံ့သစ်) ၈၁၆၁ ၂၂၄၄
ကိုဇော်ဝင်းလှိုင် ( မြနန်းနွယ်) ၉၆၆၉ ၃၀၃၉
မချစ်ကြည်အေး (၉၀၀၃ ၃၈၀၄)
နီလာမြင့်(၉၁၀၆ ၉၃၇၇)
ခိုင်ဇာမင်း(၉၁၀၈ ၄၄၂၇)
မအိအိအေး( ၉၁၆၈ ၂၀၃၇ )
မိုးမြင့်တိမ်(၈၃၃၈ ၉၀၄၅)
ဘုန်းမြတ်ကျော်(၉၇၇၂ ၀၀၀၇)
အိန္ဒြာ( ၉၆၄၈ ၇၆၆၇)
ဖိုးစိန်( ၉၀၆၂ ၃၂၃၉)
Posted by
Moe Myint Tane
1 comments
Labels: ကြော်ငြာ
Friday, December 30, 2011
အဲဒီ့ညမှာ သူ့ကိုယ်သူရိုက်ခွဲလိုက်တယ်
အဲဒီ့ပြဇာတ်က
မတိတ်နိုင်တော့လောက်အောင်
ညဉ်းညူစရာ မရှိတော့လောက်အောင်
နင့်နဲခြင်း တင်းပြည့်ကြပ်ပြည့် ။
ဘ၀နဲ့ရင်းလိုက်ရတဲ့ ဇာတ်
အသက်နဲ့ခင်းလိုက်ရတဲ့ ဇာတ်
ရုပ်လုံးကြွဒဏ်ရာ အရှိုးအထပ်ထပ်နဲ့
ကြီးမြတ်သူအဖြစ်လဲ(လည်း) စာရင်းမ၀င်
သူရဲကောင်းအဖြစ်လဲ(လည်း) အမည်မတွင်
နစ်နေတဲ့ဘ၀ထဲ ခဲပစ်ချရုံသာသာ ။
တိုးဝင်ပျောက်ကွယ်လုဆဲ လမင်းနဲ့
အပူတပြင်းရောက်မလာနိုင်တဲ့ နေမင်းရဲ့ကြား
မနက်မဟုတ်တဲ့ မနက်ခင်းတစ်ခုမှာ
ခြောက်ခြားဖွယ်ရာ အသံတစ်ခုရဲ့နောက်
ပုထုဇဉ်ဖြစ်တည်မှုတွေ ကျပျောက်ခဲ့ပြန်ပေါ့ ။
ဘာအတွက် သီးပွင့်ခဲ့သလဲ
ဒီမေးခွန်းမေးမိတော့
ဒီဇင်ဘာက သူ့ကိုယ်သူရင်နာတယ် ။
ပျော်ရွှင်စရာများနဲ့ အဆုံးသတ်နှုတ်ဆက်ချိန်
လူအများတွက် ကြည်နူးစရာပွေ့ပိုက်သယ်ဆောင်လာမယ့်
နှစ်တနှစ်ရဲ့ ပြည်ဖုံးကားချပိတ်ကားထက်မှာ
ပေါက်ကွဲခြင်း သင်္ကေတနဲ့
ပူဆွေးမှု ပြယုဂ်နဲ့
အသက်မဲ့သွားတဲ့ ဘ၀တွေနဲ့
အသက်စွန့်သွားတဲ့ ဘ၀တွေနဲ့
အရေးပေါ်ရောက် လူနာတွေနဲ့
သွေးသံရဲရဲ ၀မ်းနည်းလွန်းစရာမြင်ကွင်းတွေနဲ့ ။
ပျော်ရွှင်ခြင်းတွေ ဖေါက်ချခံလိုက်ရတဲ့
မျက်ရည်စက်လက် မျက်နှာတွေ
ယူကြုံးမရ ပူဆွေးဗျာပါဒနဲ့
ကျန်ရစ်သူ မိသားစုဘ၀တွေ
အချိန်မတိုင်ခင် ခြွေချခံလိုက်ရတဲ့
နွမ်းနွမ်းလျလျ ဘ၀အညတရတွေ
အဲဒီလိုတွေနဲ့ ခြယ်သ ဒီတစ်နှစ်ဒီဇင်ဘာက
လှနိုင်ပါသတဲ့လား ။
မွန်းကြပ်လွန်းလာတဲ့ အတွေးတွေနဲ့ထွေးလုံးရစ်ပတ်
အမြန်ဆုံးသက်သာပျောက်ကင်းပါစေ..
ကောင်းရာသုဂတိလားပါစေ..
ဆုတောင်းတွေနဲ့ အကြိမ်ကြိမ်ဦးညွှတ်ရင်း
ကြေကွဲခြင်းတွေ ပိပိကျနေတဲ့ညမှာ
ရှင်သန်မှုရုတ်သိမ်းခံရတဲ့ ဘ၀တွေအတွက်
ဒီဇင်ဘာက
သူ့ကိုယ်သူရိုက်ခွဲ ကမ္ဘာမြေပေါ်ဖြန့်ကျဲလိုက်တယ်
ဆင်းရဲခြင်းမှ ကင်းပါစေ ။
မိုးမြင့်တိမ်
(၂၉.၁၂.၂၀၁၁)
Posted by
Moe Myint Tane
5
comments
Labels: ကဗျာ
Wednesday, December 14, 2011
အမယ်အို
ကြေးစားဆန်ဆန် နေ့ရက်ထဲ
စွန်လွှတ်သူများရဲ့ အဘိဓမ္မာဟာ
အလျှော့အတင်းများစွာနဲ့ ပြဋ္ဌာန်းရင်း
မာတိကာဟာ ဘ၀စာမျက်နှာဖြစ်လာတယ် ။
စားနေကျ ထမင်းတစ်လုတ်ဟာ တန်ဖိုးဘယ်လောက်ကြီးမှန်း
ဝယ်ခြမ်းစရာမရှိတဲ့အခါမှ တမ်းတမ်းတတရေရွတ်
နေ့တဓူဝကတော့ ဖုန်တွေသဲတွေနဲ့အတူ လွင့်ပျံလို့
ရွှေရောင်တ၀င်းဝင်းနေ့ရက်တွေဆီ လည်ပြန်ကြည့်တော့
ဗိုလ်အောင်ဒင်ကြည့်ရင်း သုံးပစ်လိုက်တဲ့ပိုက်ဆံတွေပြန်လိုချင်မိတယ် ။
သိပ်ကျေနပ်စရာကောင်းတယ်လို့ သတ်မှတ်ထားတဲ့
ရွှေထီးဆောင်းနေ့ရက်တွေအကြောင်း တဖွဖွပြောပြမိတော့
တစ်ချို့နှုတ်ခမ်းတွေက စုပ်တသတ်သတ်
တစ်ချို့မျက်နှာပြင်တွေက မဲ့ရွဲ့လို့
တစ်ချို့မျက်ဝန်းတွေက ဟုတ်ပါ့မလားဆိုတဲ့အကြည့်နဲ့
လူတွေသိပ်ရီဖို့ကောင်းတယ် ။
ငါအိုခဲ့ပါပြီ
အထောက်အပံ့ဆိုလို့ ငါထောက်ထားတဲ့တောင်ဝှေးကလွဲလို့မရှိ
မင်းတို့အကြည့်တွေကြားထဲ သေးငယ်လာတဲ့စိတ်ဓါတ်တွေနဲ့
မျှော်လင့်တကြီးရပ်လိုက်မိတယ် အူတွေမီးထတောက်နေတယ် ။
မင်းတို့အစာပြေဟာ ငါ့အတွက်တစ်ရက်စာဖြစ်လေရဲ့
ဟိုတစ်နေ့က အမျိုးကောင်းသားလေးတစ်ယောက်
သဒ္ဒါပေါက်လို့ကျွေးတဲ့ မနက်စာ
ငါ့တစ်သက်မှာ အရသာအရှိဆုံးအဖြစ်သတ်မှတ်ရင်း
မျက်ဝန်းထဲ မိုးဖွဲဖွဲရွာတယ် ။
မြူပါးပါးကျနေတဲ့ အမြင်အာရုံဟာ
ဇရာဆိုတာကို ရေးချယ်နေကြရဲ့
မကြိုးစားရပါပဲ ကိုင်းလာတဲ့ခါးရယ်
အားယူလှမ်းနေရတဲ့ ခြေလှမ်းတွေကိုအရဲကိုးလို့
ဒီကမ္ဘာမှာ ကျပျောက်သွားတဲ့ ဂရုဏာတရားကိုရှာဖွေဖို့
နောက်တစ်နေ့ဆိုတာကို ခရီးဆက်ခဲ့ပြန်ပြီ ။
မိုးမြင့်တိမ်
(၁၄.၁၂.၂၀၁၁)
Posted by
Moe Myint Tane
4
comments
Labels: ကဗျာ
Tuesday, November 29, 2011
ငါ...ကဗျာရေးတယ်
ယားယံလာတဲ့ အာရုံတွေကို
အာသာဖြေ ၀မ်းချဖို့
ငါ...ကဗျာရေးတယ်။
တစ်ခါတစ်ခါ ဦးနှောက်အချဉ်ဖောက်
ကိုယ်ချင်းစာတရား ကျပျောက်လို့
လူစင်စစ်က ကျောက်ဖြစ်ရင်
ငါ....ကဗျာရေးတယ်။
မြန်မာမှာရော ကမ္ဘာမှာပါကျော်ကြားတဲ့
ကဗျာဆရာတော်တော်များများကို ငါမသိဘူး
ကဗျာအမျိုးအစား ဘယ်နှစ်မျိုးရှိလဲ ငါမသိဘူး
ကဗျာဂိုဏ်းတွေ ကမ္ဘာမှာ ဘယ်နှစ်ဂိုဏ်းရှိလဲ ငါမသိဘူး
ဒါပေမယ့်
ငါ....ကဗျာရေးတယ်။
ဘယ်တော့ပျောက်ပျက်မယ်မှန်း မသိနိုင်တဲ့
ခေတ်တစ်ခုရဲ့ တိုးတက်မှုလွင်ပြင်မှာ
ဝါသနာကို ဖြန့်ချပြဖို့အတွက်
ငါ....ကဗျာရေးတယ်။
ပွန်းပဲ့နေတဲ့ ဘ၀တွေအကြောင်း
ခြတက်နေတဲ့ စိတ်ဓါတ်တွေအကြောင်း
ငတ်နေတဲ့ အစာအိမ်တွေအကြောင်း
ဈေးကွက်ဝင်လာတဲ့ အတ္တတွေအကြောင်း
ဖျတ်ကနဲထထခုန်တဲ့ ဘယ်ဘက်ရင်အုံအကြောင်း
အမျိုးကို မချစ်တတ်သူတွေအကြောင်း
မြန်မာတွေ ဘယ်တော့မှ မညံ့တဲ့အကြောင်း
ငါ....ကဗျာရေးတယ်။
ကဗျာရဲ့ စည်းမျဉ်း
ကဗျာရဲ့ သမိုင်းကြောင်း
ကဗျာရဲ့ ရာဇ၀င်
ကဗျာရဲ့ စီးဆင်းမှု
ဘာတစ်ခုမှ မယ်မယ်ရရမသိဘူး
ဒါပေမယ့်
ငါ...ကဗျာရေးတယ်။
ဘ၀ထဲက ဘ၀တွေအတိုင်း
စိတ်ကို စိတ်အတိုင်း
ရင်ကိုထိမှန်တဲ့ အကြောင်းအရာတွေတိုင်း
ငါ...ကဗျာရေးတယ်။
ငါဟာ ကဗျာဆရာမဟုတ်ဘူး
ကဗျာရေးသူသာဖြစ်တယ်
ကဗျာချစ်သူသာဖြစ်တယ်
ကဗျာမြတ်နိုးသူသာဖြစ်တယ်
ငါဟာ ကဗျာကောင်းတစ်ပုဒ်မရေးတတ်သေးပါဘူး
ဒါပေမယ့်
ငါ...ကဗျာရေးတယ်။
ငါ...ကဗျာ ရေးနေတယ်။
ငါ...ကဗျာ ရေးဦးမယ်။
မိုးမြင့်တိမ်
(၂၉.၁၁.၂၀၁၁)
Posted by
Moe Myint Tane
8
comments
Labels: ကဗျာ