အနာဂတ်တွေ ပဲ့ကြွေတဲ့ညမှာကမ္ဘာမြေလည်း သူ့ရင်သူခွဲလို့
တောက်ပလွန်းတဲ့ နဂါးငွေ့တို့ငိုတဲ့အခါ
လမင်းဟာ နှောင်ဖွဲ့ခြင်းမှာကျဆုံးခဲ့ ။
တင်းတင်းကြပ်ကြပ်ပါဘဲ...
ဆုပ်ကိုင်ထားလျက် လွတ်ထွက်နေခဲ့
ပိုင်ဆိုင်ရင်းက ဆုံးရှုံးနေခဲ့
ရယူရင်းက ပေးဆပ်နေခဲ့
ရင်ဘတ်အတွက် အသက်ဆက်ရင်း
နှလုံးသား သင်္ဂြိုလ်ခြင်းမှာ
ခန္ဓာသာ အခွံအဖြစ်ကျန်ခဲ့ ။
မချိမဆန့် ခံစားလိုက်စမ်း....
စွဲလမ်းခြင်း အင်္သေချေမှာပွင့်တဲ့ပန်း
ဝေဒနာလက်နဲ့ လှမ်းချင်ခဲ့တော့
မသိခြင်းတွေကြားမှာ သိကျွမ်းရင်း
အနမ်းတွေကြားမှာ အနမ်းမဲ့ရင်း
သံယောဇဉ်တွေကြားမှာ ထပ်တိုးချည်နှောင်ရင်း
ကိုယ့်နှလုံးသားကျော့ကွင်း ကိုယ်ထောင်လို့
အရောင်တွေ မဲ့တဲ့နေ့ရက်တိုင်း
ငါ့ရာသီရိုင်းမှာ ဘီလူးတို့သာယာခဲ့ ။
အဲဒီနက္ခတ်မှာပေါ့
ငါ့တပ်မက်မှုတွေ ကျဆုံးရင်း
အလွမ်းတွေအောက် စုံးစုံးမြုပ်ခဲ့ရ ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
အထက်တွင်အသုံးပြုထားသောပုံအား www.nasa.gov မှကူးယူဖော်ပြပါသည်။


