
ပန်းကတ္တီပါ ငွေမှုန်ကြဲပြန်တော့...
အလွမ်းသီတာ စာတွေမဆုံးနိုင်ဘူး...
ရှာဖွေဦးပေါ့ ကာရန်တွေ...
အမုန်းဆိုတာ ရင်မှာငြိပြန်တော့...
အများတကာတွေ ပြုံးတာတောင်...
အနေခက်တာကြောင့် ငါ့မှာလေ...
ရှုံးတာတောင် အဖြေမသိခဲ့ဘူး...
မကျေနပ်ချက်တွေ များလာပြန်တော့...
နေ့ရက်တွေ ခပ်တွေတွေဖြတ်သန်း...
ငါ့ရင်ထဲက အလွမ်းရာသီမှာ...
ကာရန်မညီတေးတစ်ပုဒ်....
ရွေးထုတ်လို့ တင်ဆက်ခဲ့ပြန်ပြီ...
လွမ်းရာသီ ရက်တွေရှည်ကြာညောင်းလေတော့...
ပန်းကဗျာတောင် ရောင်စုံမဖူးနိုင်ဘူး...
အလွမ်းမြစ်နဒီ ရေယဉ်ကြောမှာ...
ငါလေ...
မျောချင်သလောက်သာ မျောစေတော့...
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
4 weeks ago
8 comments:
အစ်ကို မိုးမြင့်တိမ်ရေ... တစ်ပုဒ်လုံးကို SOLID ပါပဲ။ စကားလုံးတွေ သုံးသွားတာ တအားကောင်းတာပဲ။ ငါ့အစ်ကို ကဗျာရေး တကယ်ကောင်းတယ်။
အလွမ်းကဗျာ လှလှလေးပါလား..
အားပေးပါတယ် ကိုမိုးမြင့်တိမ်..
တခါတလေလဲ စိတ်လျှော့ပြီး မျှောလိုက်တာ သက်သာရာ ရသွားသလိုပဲ။
အမုန်းဆိုတာ ရင်မှာငြိပြန်တော့...
အများတကာတွေ ပြုံးတာတောင်...
အနေခက်တာကြောင့် ငါ့မှာလေ...
ရှုံးတာတောင် အဖြေမသိခဲ့ဘူး...
ကဗျာဖတ်သူတွေကြွေသွားနိုင်တယ်.. :P
ကြိုက်တယ်။ကိုမိုးမြင့်တိမ်ရေ..
ရေးသားချက်တွေကတော်တော်မိတယ်.. ဟီးဟီး..
ချစ်သူရေ....ရှောင်ဖယ်သွားတာမို့...
အများတကာတွေလှောင်ရယ်ပြုံးပြန်တော့....
ပြောပါစေ...လူတို့အထာပေါ့
နှမမှာလေ...ရင်ဝယ်မချိပြီမို့...
အလွမ်းနဒီရေယာဉ်ကြောမှာဖြင့်
စုန်ဆန်ချည်ကယ်သူမဲ့..
မျောချင်ရာမျော...
ချစ်သူရေ....ရှောင်ဖယ်သွားတာမို့...
အများတကာတွေလှောင်ရယ်ပြုံးပြန်တော့....
ပြောပါစေ...လူတို့အထာပေါ့
မောင့်မှာလေ...ရင်ဝယ်မချိပြီမို့...
အလွမ်းနဒီရေယာဉ်ကြောမှာဖြင့်
စုန်ဆန်ချည်ကယ်သူမဲ့..
မျောချင်ရာမျော...
>>>ငါ့ရင်ထဲက အလွမ်းရာသီမှာ...
>>>ကာရန်ညီတေးတစ်ပုဒ်....
>>>ရွေးထုတ်လို့ တင်ဆက်ခဲ့ပြန်ပြီ
လို့သာ ပြင်လိုက်ချင်တယ်။ အရမ်းလှတဲ့ ကာရန်တွေပါပဲ။
ငိုချင်ပါတယ်ဆို..... ဆရာသမားက လက်တို့နေပြန်ပြီဗျာ။
ကောင်းတယ်...ကောင်းတယ်....ငိုလို့...ဟီးးးးးးး
Post a Comment