အမေ.........
ဖ၀ါးလက်နှလုံး ပခုံးလက်နှစ်သစ်
လူဖြစ်အောင်မွေး အသက်ပေးလို့
စောင့်ရှောက်ခဲ့တာ တို့အမေ
တို့ကို ချစ်တဲ့ အမေ..........
မကောင်းမှုရှောင် ကောင်းမှုဆောင်အောင်
သွန်သင်ညွှန်ပေး လမ်းပြပေး၏....
အန္တရာယ်ဟူသမျှ မြူမကျအောင်
ုလုံခြုံမှုပေး လမ်းပြပေးသည့်....
မေတ္တာတွယ်ဖက် ဤအချက်သည်
ငါ့ရင်ထက်ဝယ်......
နက်နက်ထင်ထင် စွဲနစ်ဝင်သည်
ရင်ခွင်မှတမ်း အမေ့လွမ်းသည်
အမေလွမ်းချင်း တို့ဆိုမည်...
ဇရာအိုမင်း ယိုယွင်းပျက်ဆီး
အသက်ကြီးတောင်မှ....
သားသမီးရေး ရှေ့တန်းပေးလို့
ဆောင်ရွက်ပေးတာ တို့အမေ
တို့ကို ချစ်တဲ့ အမေ....
ချစ်သားအတွက် ရတက်ပွေ
ပါးထက်မှာ မျက်ရည်တွေနဲ့
ထားရက်ခဲ့တောင် ချစ်နေသေးပေ
တို့ကို ချစ်တဲ့ မွေးမေမေ.....
မေမေ့ကျေးဇူး မြင့်မိုရ်ဦးနှင့်
နှိုင်းယှဉ်လို့ပင် အရာမထင်
မြင့်မိုရ်မက ထို့ထက်များသည့်
ကျေးဇူးကြီးမား မေတ္တာတရားသည်
တုနှိုင်းလို့ပင် မယှဉ်နိုင်ပြီ
အနှိုင်းမဲ့ အမေ တို့အမေ..........
ကျတော့်အကြောင်း
ကဗျာကို ရူးသွပ်တဲ့လူတစ်ယောက်
လေးစားရသော အမအိန္ဒြာ၏ လက်ဆောင်စကား
မင်း.. အတွေးမှန်သမျှ လွှတ်ချလိုက်၊
မင်း ဖြစ်တည်မှုတွေ မနာဖျားစေဖို့၊ မင်းစိတ်အတိုင်း ပျိုးကျဲလိုက်၊ မင်းစိုက်ပျိုးသမျှ.. မင်းရိပ်သိမ်းရဦးမှာ.. ကောင်လေးရဲ့...။
မင်း ဖြစ်တည်မှုတွေ မနာဖျားစေဖို့၊ မင်းစိတ်အတိုင်း ပျိုးကျဲလိုက်၊ မင်းစိုက်ပျိုးသမျှ.. မင်းရိပ်သိမ်းရဦးမှာ.. ကောင်လေးရဲ့...။
Followers
My Blog List
-
-
ကောင်မလေး အတွက် (၉)2 months ago
-
“ခွေးကလေး ကောက်ကောက်”3 years ago
-
စာပေဆု ၂၀၂၀3 years ago
-
မဇ္ဇိမသို့ ခရီးသွားအတွေ့အကြုံ တ4 years ago
-
ဟိုး အဝေးမှာ5 years ago
-
-
ချစ်ခြင်းသည်သာ တစ်ကမ္ဘာဆိုသော်ငြား5 years ago
-
အလှနတ်သမီးလေး မလိခ...5 years ago
-
'ဝန်ခံခြင်း'6 years ago
-
-
" ကိုယ့်ဇာတာက အဲ့လိုပဲ "8 years ago
-
အဆင်းရှိသောအရပ်၊ ရနံ့သင်းသောကမ္ဘာ8 years ago
-
-
What is Media?9 years ago
-
အသားအရည်လှပဖို့ နည်းလမ်းရှာဖွေထိန်းသိမ်းစို့10 years ago
-
ကန္တာရ ပန်းပွင့်10 years ago
-
မင်္ဂလာပါရှင် ☆彡10 years ago
-
Teachers10 years ago
-
“ ဖြတ်မျဉ်းများ “11 years ago
-
တဖြည်းဖြည်းနဲ့ဝေး11 years ago
-
-
-
-
အနွေးထည်12 years ago
-
လျှို့ဝှက်ပန်း12 years ago
-
ရွာပြင်ထုတ်ခံရသူများ12 years ago
-
-
ချစ်သူသို့14 years ago
-
လွတ်မြောက်ခြင်း14 years ago
-
အတွေ့အကြုံတခုအကြောင်း14 years ago
-
ခရမ်းရင့်ပြာ14 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
ဘယ်နိုင်ငံတွေကပါလိမ့်..!!
Monday, September 8, 2008
အမေ
Labels: ကဗျာ
Subscribe to:
Post Comments (Atom)
1 comments:
တုနိုင်းမရတဲ့မိဘမေတ္တာကဗျာ
လေးပါဘဲ....ဖတ်ရတာရင်ထဲငြိမ်းချမ်းသွားတယ်။
Post a Comment