ချစ်ခြင်းကို မာန်တုပြိုင်လို့
ငါ့ရင်ခွင် ဒဏ်ရာလှိုင်တဲ့နေ့က
အလွမ်းတောင်ထိပ်မှာ
မိုးတွေညို့လို့ပေါ့......
ငါ့လက်တွေမြဲပါလျက်
ထားရက်တဲ့ သူလေခွဲလေတော့
အသည်းမာနိုင်သူ
လူတစ်ယောက်ရယ်ကြောင့်
ငါ့ရင်ခွင် ပြောင်းပြန်မှောက်ခဲ့ပြီ.....
သမုဒယ မြစ်နံဘေးမှာ
ယုယစွာချစ်တေးဆိုတုန်းက
မငြိုငြင်တဲ့ သူ့အပြုံး
ငါလုံးလုံးမမေ့ခဲ့ဘူး.....
ခွဲလာသည့်ရက်တွေ
ရှည်ကြာညောင်းပေမယ့်
ကွဲလာသည့် အသည်း
အနာမကျက်တာကြောင့်
ငါ့ရင်ခွင်မှာ နာရက်က
လွမ်းမိတယ်.......
စွဲထင်သည့် အလွမ်းဒဏ်
ငါ့ရင်ခွင် မခံနိုင်တော့
ယမုံနာမြစ်နံဘေးမှာ
ချစ်တေးဆို ဖောက်ထုတ်ချိန်
အလွမ်းတောင်ထိပ်မှာ
မိုးတွေညို့ပြန်ပြီ.......
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
1 month ago
4 comments:
စွဲထင်သည့် အလွမ်းဒဏ်
ငါ့ရင်ခွင် မခံနိုင်တော့
စင်ကာပူ မြစ်နံဘေးမှာ
ဝိုင်ပုလင်းကို ဖောက်ထုတ်ချိန်
အလွမ်းတောင်ထိပ်မှာ
မိုးတွေညို့ပြန်ပြီ....... :P
လွမ်းနေတယ်နော်။ ငိုအောင် လာမစနဲ့လို့ ဟွန်းးးး
ငါ့လက်တွေမြဲပါလျက်
ထားရက်တဲ့ သူလေခွဲလေတော့
အသည်းမာနိုင်သူ
လူတစ်ယောက်ရယ်ကြောင့်
ငါ့ရင်ခွင် ပြောင်းပြန်မှောက်ခဲ့ပြီ.....
ဒီစာသားလေးလဲ ကြိုက်တယ်ဗျ။
ခွဲလာသည့်ရက်တွေ
ရှည်ကြာညောင်းပေမယ့်
ကွဲလာသည့် အသည်း
အနာမကျက်တာကြောင့်
ငါ့ရင်ခွင်မှာ နာရက်က
လွမ်းမိတယ်.......
Post a Comment