
တိမ်တွေကို လေဟုန်စီး
ကောင်းကင်ထက် ငါခရီးနှင်ချိန်
ငါ့ရင်ခွင်က အခန်းငယ်တစ်ခုဖြစ်လို့...
ချစ်သူက ငါ့နံဘေး
ချစ်တေးတွေ သီကာကြွေးတော့
ဘ၀င်ကိုလေဟပ် ငါကျေနပ်ခဲ့တယ်...
ညို့ငင်တဲ့ သူ့အပြုံး
ငါ့နှလုံးကို သိမ်းကြုံးယူငင်လို့
အချစ်ဆိုတဲ့ ပလ္လင်ထက်မှာ
မင်းအတွက် နေ့ရက်တွေဖြတ်သန်း
ဇာတ်လမ်းက ပျော်စရာအတိပေါ့...
မထင်မှတ် ရုတ်တရက်ဝင်ကာရမ်းတဲ့
အလင်းစက်မိုး ငါ့ကိုယ်ပေါ်သွန်းဖြိုးတော့
ချစ်သူလည်းပျောက် တိမ်လည်းပျောက်လို့
မျက်မှောက်ဘ၀ ပြန်ရောက်ချိန်
ဘလာနတ္တိ ဒီအခန်း
အလွမ်းနဲ့သာပြည့်တဲ့ကြမ်းပြင်ထက်
ငါအိပ်စက် နေတာပါလား.......
နောက်များ အခွင့်ကြုံလို့ ထပ်မက်ရင်
မနှိုးကြပါနဲ့ အလင်းစက်တို့ရယ်
ငါ..ဒီအိပ်မက်က မနိုးထချင်လို့ပါ....
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
2 months ago
3 comments:
မနှိုးကြပါနဲ့ အလင်းစက်တို့ရယ်
ငါ..ဒီအိပ်မက်က မနိုးထချင်လို့ပါ....
လာလွမ်းသွားတယ်ဗျာ....
ဒါဆိုလည်းဆက်အိပ်..ဆက်အိပ်..
ဟိတ်ကလေးတွေ..သိပ်မဆူနဲ့နော်..
မမမိုးကြီးအိပ်နေတယ်။
ဟီးဟီး....
ဒါ ဘာဝဋ်ကြွေးရှိလို့များလဲ အစ်ကိုမိုးမြင့်တိမ် ?
နိုးရက်နဲ့ ထ မသွားပဲ ပြန်အိပ်ဖို့ ကြိုးစားရင် ဒီလိုပဲ လည်နေမှာပေါ့။
ဒါပေမယ့်လည်း အိပ်ပျော်ဟန် ဆောင်သူကို အနှိုးရ ခက်ပါတယ်။
Post a Comment