
နွယ်တစ်ခက် မြက်တစ်ပင်တောင်
မင်းရဲ့ အချစ်ဓါတ်ဝင်ရင်
ငါ့အတွက် ဆေးဘက်ဝင်တယ်လို့
ငါထင်ခဲ့မိတယ်.....
တိမ်သလ္လာ ကွန့်မြူးလို့
ညွှန့်ဖူးတဲ့ အချစ်သစ်ပင်
မင်းရင်ခွင် ခိုဝင်ကာပျိုးတော့
အလင်းဝင်တဲ့ အာရုဏ်ဦး
ငါမယုံရဲတော့ဘူး ချစ်သူ....
သံယောဇဉ် ရင်မှာငြိပါရဲ့
ချစ်သူလည်း အကြင်နာရှိပါလျက်
ပတ်ဝန်းကျင်ဆိုတာ ၀င်ကာနှောက်တော့
ရင်မှာ ကြောက်ကြောက်လာမိတယ်......
ဖိစီးမှုပေါင်း များစွာကနှိပ်စက်
အိပ်ပျက်တဲ့ ညပေါင်းများလာတော့
သန်းခေါင်ကျော်တောင် မအိပ်စက်
အမှောင်ပျော်တဲ့ ညဇီးကွက်တစ်ကောင်သာ
ငါ ဖြစ်လိုက်ချင်တယ်....
မရခင်က တမ်းတမိပါလျက်
ရပြီးမှ မလိုချင်တဲ့ငါ့ကို
ညိုညင်လို့ အပြစ်ဆိုရင်လည်းဆိုပါတော့
ငါလိုချင်တာ အဲလိုအချစ်မဟုတ်ဘူး.....
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
4 weeks ago
7 comments:
ဒီတစ်ခါ ဖတ်ရတာ လန့်စရာ ကောင်းသလိုပဲ..
ပတ်ဝန်းကျင်ကြောင့် ကြောက်ရတာတွေ ဖြစ်လာတတ်တာပဲ..။
နှစ်ကိုယ်ချစ်မှာ မကွဲကွာချင်ရင်
ပတ်ဝန်းကျင်ကို သတိထားရှောင်တာ
...အကောင်းဆုံးဗျ.......:D
အထူးသဖြင့် မြန်မာပြည်မှာ..ဟီ..ဟိ
မယုံမရှိနဲ့ ကိုယ်တွေ့...ဟားးး ဟားးးး
တစ်ခါတစ်ခါ မချစ်သင့်တဲ့အချစ်လား အချစ်စစ်ပဲလားလို့ ဘယ်လိုမှ ဝေခွဲမရတတ်ပါဘူးဗျာ
သူချစ်၊ ကိုယ်ချစ်၊ နှစ်ကိုယ်ချစ်မှာ ပတ်ဝန်းကျင်ကို မေ့ထားသင့်တယ်လို့ ထင်တာပဲ။
နွယ်မြက် သစ်ပင်တွေ ဆေးဖက်ဝင်လာရင်တော့ ဆရာဝန် မလိုတော့ဘူးနော်. ....။ :P
ငါလိုချင်တာ အဲ့လိုအချစ်မဟုတ်ဘူး... ကောင်းတယ်ဗျာ။ ထိမိလှပါ၏
အစ်ကို ညဇီးကွက်ဖြစ်သွားပြီလား:)
အချစ်တွေက အဲလောက်တောင် လူတွေကို တွေဝေစေသလား အစ်ကိုရယ်
“မရခင်က တမ်းတမိပါလျက်
ရပြီးမှ မလိုချင်တဲ့ငါ့ကို
ညိုညင်လို့ အပြစ်ဆိုရင်လည်းဆိုပါတော့
ငါလိုချင်တာ အဲလိုအချစ်မဟုတ်ဘူး.....”
အစ်ကိုရေ.. ကဗျာကတော့ ပြောစရာမလိုအောင်ကို ကောင်းပါတယ်။ ငါ့အစ်ကို ပျော်ရွှင်ပါစေ...
Post a Comment