
အတ္တကို အခြေတည် ဤမြေမဟီမှာမွေးဖွား
တေးသွားတွေလည်း ဆိုဘူးပါရဲ့
ငိုဘူးတာလည်း လူဖြစ်ကတည်းကပါ.....
အချစ်ကို သဏ္ဏာန်လုပ်
သရုပ်ကိုတူအောင် ရေးဆွဲ
အတွေးမဆဲခင် နေ၀င်တော့
ရွှေရင်အစုံက လှိုက်မောပြီ....
နွေရင်အခုန်က လိုက်လျောမညီ...
ရှိုက်ရှိုက်သာ ငိုချင်ပေမယ့်
တစိုက်မတ်မတ်သာ
လိုအင်တွေ ရှာဖွေဦးတော့
မဆုံးတဲ့ မွန်းတည့်ချိန်မှာ
နေမြင့်လေ အရူးရင့်လေပြီ....
အတ္တတောမှာ မောရတဲ့ဘဝ
ပြောပြရင် စာတွေမဆုံးနိုင်ဘူး
လောကတခွင် ငါရှာဖွေဦးမည်
အချစ်ပျောက် ရှာပုံတော်ဖွင့်.....
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
4 weeks ago
5 comments:
ကောင်းတယ်ဗျ....
နောက်တစ်ကြိမ်နေထပ်မမြင့်မှီတွေ့နိုင်ပါစေဗျာ...
ကူရှာပေးရမလားဗျို့....ကျွန်တော်လည်းပျောက်နေတာဆိုတော့...အဖော်ရတာပေါ့ဗျာ...
ရှာပုံတော် မင်းသားကြီး . .
မဏ္ဍပ်တကာ ရောက်ခဲ့ပြီ . .
=) ဘယ်အရပ်သူ ဘယ်သူဖြစ်ဖြစ်
မျက်စ ပစ်ပြမည်. . ~
(ခင်လို့ စ တာပါ.. )
... ကဗျာက ရယ်ရမလိုလို ငိုရမလိုလို လေး ...
အချစ်ပျောက် ရှာပုံတော် ဖွင့်နေသကိုး။ ကဗျာလေး ကောင်း၏
ကဗျာက ကောင်းလွန်းလို့ ဘယ်လို ကွန်မန့် ရေးရမှန်း မသိတော့ဘူး။ ပျောက်နေတဲ့ အချစ် အမြန်ဆုံးရှာတွေ့ပါစေနော်...
Post a Comment