
ဘ၀မှာ မှောင်မိုက်တဲ့ ညတွေ
ငါဖြတ်သန်းဘူးပါရဲ့.....
ဒါပေမယ့် အထီးကျန်မဖြစ်ခဲ့ဘူး....
ငါ့ဘေးမှာ အဖော်လုပ်ပေးမယ့်
ငါ့သူငယ်ချင်းတွေ ရှိခဲ့ဘူးတယ်...
ဘ၀မှာ မျှော်လင့်ချက်မဲ့တဲ့နေ့တွေ
ငါဖြတ်သန်းဘူးပါရဲ့....
ဒါပေမယ့် ငါစိတ်ဓါတ်မကျခဲ့ဘူး
ငါ့ဘေးမှာ အားပေးမယ့်လူတွေ
ရှိခဲ့ဘူးတယ်လေ....
ဘ၀မှာ မညီညာတဲ့ ခရောင်းလမ်း
ငါလျှောက်လှမ်းဘူးပါရဲ့....
ဒါပေမယ့် ငါအားမလျှော့ခဲ့ဘူး
ကြမ်းတမ်းတဲ့ ငါ့လက်တစ်စုံကို
မညဉ်းမညူဆုပ်ကိုင်မယ့်
ကြင်သူရဲ့ လက်တစ်ဖက်
ရှိခဲ့ဘူးတယ်လေ....
အခုတော့လည်း
လိုအင်တွေပြည့်မြောက်လို့
ငါ့ဘ၀ငါ လျှောက်လှမ်းနိုင်ပါမှ
ငါအထီးကျန်ခဲ့ပြီ
ငါ့ဘေးမှာ သူငယ်ချင်းတွေမရှိတော့ဘူး...
ငါစိတ်ဓါတ်ကျခဲ့ပြီ
ငါ့ကို အားပေးမယ့်သူမရှိတော့ဘူး....
ငါအားလျော့ချိန်မှာ
ငါ့ကို ကမ်းလင်းတဲ့လက် မရှိတော့ဘူး....
ဘ၀မှာ တိုးတက်မှုကိုရှာဖွေရင်းနဲ့
နွေးထွေးမှုတွေ ပျောက်ဆုံးသွားတာ
ငါသိလိုက်ချိန်မှာ အရာရာတိုင်းဟာ
နောက်ကျခဲ့ပြီလေ....
လိုချင်တာ တစ်ခုအတွက်
ပေးဆပ်မှု တစ်ခုဆိုတာ
ရှိစမြဲလို့ ငါသိလိုက်ချိန်မှာ
ငါဟာ မြောက်များစွာ
ပေးဆပ်လိုက်ရပါပြီလား....
အကယ်လို့များ ဘ၀ဆိုတာကို
အသစ်ကနေ ပြန်စခွင့်ရှိခဲ့ရင်လေ....
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
2 days ago
6 comments:
အစ်ကိုရေ... ကဗျာလေးက ဖတ်လို့ကောင်းပေမယ့် ၀မ်းနည်းစရာပါလား... ဘယ်သူမှ မရှိတော့ဘူးလို့တော့ မထင်လိုက်ပါနဲ့။ ညီမတို့ သူငယ်ချင်းတွေအားလုံး ရှိပါသေးတယ်... ပျော်ရွှင်ချမ်းမြေ့ပါစေ အစ်ကိုရေ...
အချိန်မီသာပြင်ဆင်ခွင့်ရှိရင်ဆိုတဲ့သီချင်းကိုဆိုရင်း ကြေကွဲစွာဖြင့်
ဘာမှမရှိတော့ဘူးဆိုတာတောင်
တခုခုရှိနေသေးတယ်မဟုတ်လား.......
something is better than nothing လေ
အသစ်ကပြန်စမနေပါနဲ့တော့.......
=) .. ဘယ်လမ်းကို ရွေးပြီးလျှောက်လျှောက် ပျော်ရွှင်ပါစေ လို့ ဆုတောင်းပေးပါတယ်။
ဘာမှမရှိလဲ မြေကြီးရှိနေသမျှ ရပ်တည်လို့ ရနေသေးတယ်လို့ ကိုယ့်ကိုယ်ကို အားပေးထားလိုက်ပေါ့ ကိုကြီးရာ။ ကိုယ့်စိတ်ကိုက ကျနေရင် ဘယ်သူကမှတော့ စိတ်ဓါတ်တက်လာအောင် လုပ်ပေးလို့ မရနိုင်ဘူး...
အားပေးမဲ့ သူငယ်ချင်းတွေ အများကြီးပါ။
Post a Comment