
မီးဆိုတာ ပူတယ်လို့
လူရယ်လို့ ဖြစ်လာကတည်းက
သိခဲ့ကြတယ်.....
ရေဆိုတာ အေးမြလို့
ကလေးဘ၀တည်းက
သိခဲ့ကြတယ်....
သို့သော်လည်းလေ
သိသာသိသည် မကျင့်ကြံနိုင်
နားလည်သော်ငြား သဘာမပေါက်နိုင်
ဒီမီးကိုမှ ကိုင်ချင် ထိချင် စမ်းသပ်ချင်သည်
အချစ်မီးဟု ဆိုလေသည်...
ပိုးဖလံမျိုး မီးကိုတိုးလို့
ဆိုရိုးက ရှိခဲ့ပေမယ့်
အသိခေါက်ခက် အ၀င်နက်တဲ့
ငါ့ဦးနှောက် တစ်ထွာတစ်မိုက်ရယ်ကြောင့်
နှလုံးသားပိုးဖလံ အမုန်းမီးလျှံကိုတိုးဝင်ချိန်
လေခြွေလို့ဝေနေရာက ပြုတ်ကျတဲ့သစ်သီးလို
အမုန်းခြေဖျက်လို့ ငါ့နှလုံးကြေပျက်ပြီ......
ကွဲကြေအက်နှလုံးသား အရှုံးများစွာရင်ဆိုင်ရချိန်
အမုန်းတရားက ပြုံးလျက်နဲ့ပြောတယ်....
"ဆိုရိုးတွေရှိပါလျက် ဆောင်ပုဒ်တွေထားပါလျက်
မိုက်မဲတဲ့ ဒီအသည်း ငါထပ်တောင်ခွဲချင်သေးတယ်"....
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
2 days ago
6 comments:
“မိုက်မဲတဲ့ ဒီအသည်း ငါထပ်တောင်ခွဲချင်သေးတယ်” စာသားလေးက အရမ်းကောင်းတာပဲ။ ဒါပေမယ့် အချစ်နဲ့ပတ်သက်လာရင် ချစ်မိတဲ့အတွက်တော့ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့ အစ်ကိုရေ။ ငါ့အစ်ကို ပျော်ရွှင်ချမ်းမြေ့ပါစေ...
ကဲ.... ကွဲနေတဲ့ အသည်း
ထပ်မခွဲပါနဲ့တော့ဗျာ
ခံရသက်သာအောင် ဆားလေးယူလာတယ်။
ပုံထားလိုက်ဗျ...ဟေးးဟေးးး စတာနော်
ဥပမာ အလင်္ကာလေးတွေနဲ့ ဖွဲ့ထားတာလေး လှတယ်။
"နှစ်ထပ်ရှိမှ မှတ်မိမယ်"
အင်း..
မှတ်သားလောက်ပါတယ် =)
"ကွဲကြေအက်နှလုံးသား အရှုံးများစွာရင်ဆိုင်ရချိန်
အမုန်းတရားက ပြုံးလျက်နဲ့ပြောတယ်...."
ဘာလို့ထပ်ခွဲချင်ရတာလဲ?
ကဗျာလှလှလေးတွေ ထပ်ထွက်လာတာ ကြည့်ချင်သေးတယ်နဲ့တူတယ်။
ကျွန်တော်ချစ်မိ၊ အပြစ်ရှိ ......တော့ မလုပ်လိုက်ပါနဲ့ ။
အချစ်နွံတွင်း၊ နစ်ရင်းနဲ့ပျော် .... လို့ပဲ နှလုံးသွင်းလိုက်နော် ။
(BTW ဘယ်နှစ်က အင်းစိန်က ဆင်းတာလဲ။ ၈၈ မတိုင်ခင်ကလား။ ကျောင်းမှာများသိခဲ့ဘူးမလားလို့။)
မိုက်မဲတဲ့ ဒီအသည်း ငါထပ်တောင်ခွဲချင်သေးတယ်"....
အဲလိုမလုပ်ပါနဲ့မမမိုးရ..
ရက်ရက်စက်စက်နော်..ဟွန်း...
:P :P ဟီးဟီး
"ဆိုရိုးတွေရှိပါလျက် ဆောင်ပုဒ်တွေထားပါလျက်
မိုက်မဲတဲ့ ဒီအသည်း ငါထပ်တောင်ခွဲချင်သေးတယ်".
ကောင်းလိုက်တာဗျာ... အသုံးအနှုန်းလေးလည်း ကောင်းတယ်
Post a Comment