Tuesday, October 7, 2008

သိရင်ပြောကြပါ

မေတ္တာနဲ့ မော်ဒန်
ရင်မှာ ကာရန်ညီပါလျက်
တကယ်ဖွင့်ထုတ်မိတော့
ထွက်လာတာက
အနှစ်မရှိတဲ့ စကားလုံး.....
အပြုံးမရှိတဲ့ မျက်နှာ.....

ငါ့ ရင်အစုံ မေတ္တာဝတ်ရုံခြုံပါလျက်.....
ငါ့ စက္ခ္ခုနှစ်ကွင်း သစ္စာနဲ့ လင်းပါလျက်.....
အကြင်နာစကား ငါ့နားကကြားပါလျက်....
ရင်ခွင်မှာ အချစ်ပျောက်တာ
ဘာကြောင့်များလဲ?????????




စိတ်၏စေရာနာခံလေသော


မိုးမြင့်တိမ်

3 comments:

လင်းဒီပ said...

ဝဋ်ကြွေးပဲထင်ပါရဲ့ဗျာ...
အဆင်ပြေပါစေ

GreenGirl said...

ပျောက်ချိန်တန်လို့ ပျောက်တယ်လို့ မှတ်ပေါ့နော်။ တစ်ရာနဲ့ ဖြေလိုက် :)

ရွှေပြည်သူ (ShwePyiThu) said...

ကဗျာကောင်းတွေ အမြဲဖတ်ရလို့ ကျေးဇူးတင်ပါတယ် အစ်ကို

Template by - Abdul Munir