အနူးညံ့ဆုံးလို့ ရည်စူးခဲ့တယ်
အချစ်တတ်ဆုံးလို့ ဟစ်ကြူးခဲ့တယ်
တကယ်ဆို...
အဖြစ်တွေ မထူးခင်ရူးသွားနိုင်တဲ့အနေအထားတွေနဲ့
အခုဘ၀က ရှေ့သွားနောက်လိုက်မညီတော့ဘူး ။ ။
အနာဂတ်ကို မှန်းမျှော်ကြည့်တော့
ပိန်းပိတ်အောင် မှောင်တဲ့ညတွေမှာ
ဘ၀ကံကြမ္မာတွေ ခါးသက်လွန်းတာများ
အတိတ်ချိုချိုတွေတောင် ဆေးဘက်မ၀င်တော့ ။ ။
ငါ့သက်ပြင်းနဲ့ပဲ ငါ့ခန္ဓာကိုထွန်းလင်းစေလိုက်တယ်
တိုးတိတ်လွန်းစွာရှိုက်ငင်နေတဲ့ အရိုးအဆစ်တွေရဲ့ညဉ်းသံနဲ့
ဘယ်လိုစည်းချက်မျိုးမှ ကာရန်မတိုးတော့တဲ့အခါ
နေဆယ်စင်းရဲ့ အပူမျိုးတွေကိုပဲ
တစ်ယုတစ်ယပိုက်ထွေးရင်း
အမှတ်တရတွေထဲမှာပဲ တခုတ်တရရူးသွပ်နေပေါ့ ။ ။
ဝါးအနုလေးတွေစုနေတာ မြှစ်ဖြစ်ခဲ့သလို
သနားအမှုလေးတွေစုနေတာ အချစ်ဖြစ်ခဲ့ရင်
လောကပါလရေ...
ဘယ်လိုသနားမှု တံစိုးလက်ဆောင်မှမပေးနဲ့
ငါ့ရင်ခွင်ရွက်တိုင်ထိပ်မှာ အကြင်နာတံဆိပ်ကပ်နှိပ်ခွင့်မရှိတော့လို့ ။ ။
ဘ၀ဆိုတာ နေတတ်ရင်ကျေနပ်စရာချည်းပါတဲ့
အချိန်တော်တော်ကြာကြာတည်းက ကြားဖူးခဲ့တယ်
ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကိုလိုက်လျောလွန်းနေရတော့
နစ်မြုပ်မှန်းမသိနစ်မြုပ် ယိုင်နဲ့မှန်းမသိယိုင်နဲ့ရင်း
ကန့်လန့်ဖြတ်မျောတဲ့ အနာဂတ်ခရီးကြောမှာ
ဝေဒနာသာ အောင်ပွဲခံလို့ပေါ့ ။ ။
ပေးခဲ့ဖူးတဲ့ ကတိစကားတွေနဲ့
ထားခဲ့ဖူးတဲ့ သစ္စာတရားတွေဟာ
စတေးပစ်ခံလိုက်ရတဲ့ နှလုံးမိုက်ရင်မှာ
ဖွတ်တစ်ကောင်လောက်တောင်မှ တောက်ပမှုကင်းမဲ့သွားတဲ့အခါ
ဒဏ်ရာတွေကိုပဲ နေ့ရက်လိုခင်းနင်းရင်း
ရင်တွင်းအပူရုပ်ကို ဟန်ဆောင်သိမ်းထုပ်
ခန္ဓာမီးငြိမ်းလို့ အာရုံတွေမတိမ်းခင်
စိတ်စေရာဟင်းလင်းပြင်ထဲ ဗလာစိတ်တွေနဲ့မျောဦးမယ်
ရင်နင့်ခြင်းရာသီမှာ
ပစ်စလတ်ခတ် ကောင်းကင်ဟာလည်း
ဘာရာဇ၀င်မှ မရေးချင်တော့ဘူး ။ ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
အချစ်တတ်ဆုံးလို့ ဟစ်ကြူးခဲ့တယ်
တကယ်ဆို...
အဖြစ်တွေ မထူးခင်ရူးသွားနိုင်တဲ့အနေအထားတွေနဲ့
အခုဘ၀က ရှေ့သွားနောက်လိုက်မညီတော့ဘူး ။ ။
အနာဂတ်ကို မှန်းမျှော်ကြည့်တော့
ပိန်းပိတ်အောင် မှောင်တဲ့ညတွေမှာ
ဘ၀ကံကြမ္မာတွေ ခါးသက်လွန်းတာများ
အတိတ်ချိုချိုတွေတောင် ဆေးဘက်မ၀င်တော့ ။ ။
ငါ့သက်ပြင်းနဲ့ပဲ ငါ့ခန္ဓာကိုထွန်းလင်းစေလိုက်တယ်
တိုးတိတ်လွန်းစွာရှိုက်ငင်နေတဲ့ အရိုးအဆစ်တွေရဲ့ညဉ်းသံနဲ့
ဘယ်လိုစည်းချက်မျိုးမှ ကာရန်မတိုးတော့တဲ့အခါ
နေဆယ်စင်းရဲ့ အပူမျိုးတွေကိုပဲ
တစ်ယုတစ်ယပိုက်ထွေးရင်း
အမှတ်တရတွေထဲမှာပဲ တခုတ်တရရူးသွပ်နေပေါ့ ။ ။
ဝါးအနုလေးတွေစုနေတာ မြှစ်ဖြစ်ခဲ့သလို
သနားအမှုလေးတွေစုနေတာ အချစ်ဖြစ်ခဲ့ရင်
လောကပါလရေ...
ဘယ်လိုသနားမှု တံစိုးလက်ဆောင်မှမပေးနဲ့
ငါ့ရင်ခွင်ရွက်တိုင်ထိပ်မှာ အကြင်နာတံဆိပ်ကပ်နှိပ်ခွင့်မရှိတော့လို့ ။ ။
ဘ၀ဆိုတာ နေတတ်ရင်ကျေနပ်စရာချည်းပါတဲ့
အချိန်တော်တော်ကြာကြာတည်းက ကြားဖူးခဲ့တယ်
ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကိုလိုက်လျောလွန်းနေရတော့
နစ်မြုပ်မှန်းမသိနစ်မြုပ် ယိုင်နဲ့မှန်းမသိယိုင်နဲ့ရင်း
ကန့်လန့်ဖြတ်မျောတဲ့ အနာဂတ်ခရီးကြောမှာ
ဝေဒနာသာ အောင်ပွဲခံလို့ပေါ့ ။ ။
ပေးခဲ့ဖူးတဲ့ ကတိစကားတွေနဲ့
ထားခဲ့ဖူးတဲ့ သစ္စာတရားတွေဟာ
စတေးပစ်ခံလိုက်ရတဲ့ နှလုံးမိုက်ရင်မှာ
ဖွတ်တစ်ကောင်လောက်တောင်မှ တောက်ပမှုကင်းမဲ့သွားတဲ့အခါ
ဒဏ်ရာတွေကိုပဲ နေ့ရက်လိုခင်းနင်းရင်း
ရင်တွင်းအပူရုပ်ကို ဟန်ဆောင်သိမ်းထုပ်
ခန္ဓာမီးငြိမ်းလို့ အာရုံတွေမတိမ်းခင်
စိတ်စေရာဟင်းလင်းပြင်ထဲ ဗလာစိတ်တွေနဲ့မျောဦးမယ်
ရင်နင့်ခြင်းရာသီမှာ
ပစ်စလတ်ခတ် ကောင်းကင်ဟာလည်း
ဘာရာဇ၀င်မှ မရေးချင်တော့ဘူး ။ ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
5 comments:
ဘ၀ဆိုတာ နေတတ်ရင် ကျေနပ်စရာချည်းပဲ ဆိုတာ အမှန်ပေါ့ မောင်လေး၊ စိတ်ကုန်နေလား ဘ၀ ကို ၊ မှောင်နေတဲ့ ညတွေ လင်းစေချင်ပါတယ်
အင်း
ကောင်းကင်က
အလွမ်းတွေ သည်းနေတုန်း ....
မိုးမြင့် ရေ...ကဗျာလေးက အရမ်းဖြူစင်လွန်းတယ်....
အရင်စတိုင်တွေကနေ မသိမသာခွဲထွက်လာတယ်နော်..
" နေဆယ်စင်းရဲ့ အပူမျိုးတွေကိုပဲ "
"ရင်နင့်ခြင်းရာသီမှာ "
ွှဲအဲဒီ စကားလုံးလေး ၂ ခုမပါရင် ညီမှန်းတောင်
သိမှာမဟုတ်ဘူး...
ဖတ်လိုက်တာနဲ့ ကဗျာရေးသူရဲ့ ခံစားချက်တွေ
တန်းမြင်လိုက်ရတယ်...
ဘဝ ဆိုတာ တူရိယာ ပစ္စည်းတစ်ခုလို သံစဉ်ညိမှ အသံထွက်ကောင်းမှာ...
လျော့သွားတဲ့ ကြိုး ပြန်တင်းအောင်ညိ..
"ပြတ်သွားတဲ့ ကြိုး အသစ်လဲတပ်ပေါ့..
ကြွေကျသွားတဲ့ သစ်ရွက် ပြန်ဆက်လို့ကော
ဘာတွေဖြစ်လာမှာလဲ...
ကြိုးတစ်ချောင်းတောင် ပြန်ဆက်ရင်
ဆက်ထုံးတော့ ဖြစ်နေမှာပဲညီ"..
ဆိုလိုတာက..ပမာဏ တူ လားရာဘက် ဆန်ကျင်တဲ့ ညီမျှခြင်းတစ်ခုက တိုက်ရိုက်မညီနိုင်ဘူး....ကိန်းသေ တစ်ခုလိုတယ်...အဲဒါက မာနပဲ..
ဝါးအနုလေးတွေစုနေတာ မျှစ်ဖြစ်ခဲ့သလို
သနားအမှုလေးတွေစုနေတာ အချစ်ဖြစ်ခဲ့ရင်
အဲဒီ အရေးအသားလေးကို အရမ်းခိုက်တယ်...။
အလွမ်းဆိုတာ ဘ၀ရထား အတွက်လောင်စာတစ်မျိုးပဲ မောင်လေး...
ကဗျာတွေ အမြတ်ရပါတယ်....
Post a Comment