ယုယခြင်းကိုအခြေတည်...
မေတ္တာကို မဏ္ဏိုင်လုပ်လို့...
သံယောဇဉ်ကို နှောင်ကြိုးတင်း...
ချစ်ခြင်းဆိုတာကို ငါမြတ်နိုးချိန်မှာ...
ဘ၀ဟာ ပုဇွန်ဆီရောင်သန်းတဲ့...
ညနေခင်းလေးပါ...
ရာသီတွေအလီလီပြောင်း...
နွေမှမိုး မိုးမှဆောင်း...
သုံးရာသီခါခါပြောင်းတော့...
အချစ်ဆိုတဲ့ အရာ...
ငါ့ရင်ထဲက လစ်ထွက်သွားတာ...
ငါမသိလိုက်ခဲ့ဘူး...
ခပ်ပြင်းပြင်းလေတစ်ချက်...
ခြွေလိုက်တဲ့ သစ်ရွက်တွေ ငါငေးရင်း...
တစ်စစ်စစ်နာလာမှ ငါသိလိုက်တာက...
ငါ့နှလုံးသားမှာ အချစ်ပျောက်ဆုံးနေပါလား..
တစ်ခါကပြောဘူးတယ်...
သံယောဇဉ်သာ အမိုးအကာဖြစ်ခဲ့ရင်...
မြတ်နိုးမှုဟာ အိမ်တိုင်ဖြစ်လို့...
တွယ်တာခြင်းလှေကားထစ်တွေနဲ့...
အချစ်တွေကာရံထားတဲ့နံရံမှာ...
ယုယမှုပြတင်းပေါက်တွေဖေါက်လို့...
မေတ္တာနဲ့ ဆောက်တဲ့အိမ်တဲ့...
ခုတော့လည်းလေ...
ယိုင်နဲ့နဲ့ရင်အစုံ...
အချစ်မရှိစွာ ခုန်နေရပြန်တော့...
ပုံသဏ္ဏာန်က စက်ရုပ်နဲ့မခြား...
အစုန်အဆန် ငါသွားရမယ့်ဘ၀ခရီးမှာ...
အချစ်ရယ်....
ကြုံရင်တစ်ခေါက် ပြန်လာပေးပါကွာ...
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
4 weeks ago
1 comments:
ကြုံရင်တစ်ခေါက် ပြန်လာစေချင်ပေမယ့်
ကျွန်တော့်ရဲ့သူက ဘယ်တော့မှာ ပြန်လှည့်မရတဲ့
one way လမ်းမကသွားနေတယ်ဗျာ။
Post a Comment