မှတ်မိပါသေးတယ်...
ငါ့နှလုံးသား ဆီကုန်လို့...
အလွမ်းဂိတ်မှာ ရပ်နားရင်း...
သံယောဇဉ် ဘီးတွေဖြုတ်လဲတုန်းကပေါ့...
မှတ်မိပါသေးတယ်...
ပြင်းလွန်းတဲ့ အချစ်ဆိပ်...
ထိမိတဲ့ ငါ့နှလုံးသားအစုံကို...
ရင်တွင်းကဆွဲထုတ်...
ဒဏ်ရာဝတ်စုံကို ချွတ်မယ်လုပ်တုန်းကပေါ့...
ဝေးပြပြဆီက မျောလွင့်တဲ့ စာသားတချို့...
ငါ့စက္ခုရှေ့ကို ရောက်လာခဲ့တယ်...
အဆိပ်တက်တဲ့ နှလုံးသားကို...
မင်းမုန်းမသွားပါနဲ့....
မင်းနှလုံးသား နောက်ထပ်ဒဏ်ရာမရအောင်...
ငါ စကားလုံးဝတ်ရုံ ခြုံပေးပါမယ်တဲ့...
မြင်တွေ့တဲ့ စကားလုံးချိုမြမြ...
သောတမှတဆင့် ရင်တွင်းမြစ်ကိုဖြတ်...
နှလုံးသားဆိုတဲ့ ပင်လယ်ထဲစီးဝင်ချိန်...
ငါ့ဒဏ်ရာလွင့်ပျောက်...
မျက်မှောက်ဘ၀ကို ငါပြန်ရောက်ခဲ့တယ်...
မှတ်မိပါသေးတယ်...
ရင်တွင်းကလေးစားလို့...
အတွေးများမရေရာရင် တိုင်ပင်ချင်တယ်...
မြင်တွေ့ခွင့် ငါ့ကိုပေးပါတောင်းတော့...
စကားလုံးတစ်ချို့ ငါ့အတွက်ထားခဲ့တယ်...
ငါဟာ မင်းရဲ့ " ကိုယ်ပျောက်မိတ်ဆွေ "ပါတဲ့လေ...
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
4 weeks ago
0 comments:
Post a Comment