ညက အလှနဲ့ကြွယ်တတ်သလို
ဘ၀က တပ်မက်မှုနဲ့နွယ်တတ်ခဲ့ ။
ရိတ်သင်ခံလိုက်ရတဲ့ မြက်တစ်ပင်အတွက်
ပူဆွေးဝမ်းနည်းသူ မဲ့သလိုမျိုး
လူတစ်ချို့ရဲ့ ပရိဒေ၀တွေက
ဆုတ်ဖြဲခံ နေ့ရက်တွေထဲ
အညတရအဖြစ် ကျဆုံးလို့ ။
ငါ့ကိုယ်ငါ အတောင်တပ်ရင်း
တဟုန်ထိုး ပျံတက်ခဲ့လိုက်တာ
တကယ်တမ်းကျမှ ငါကိုယ်တိုင်က
မှိုင်းမ၀ခဲ့ဘူး ။
ဆေးရွက်မှာ တမာဖက်
အချဉ်မထွက် အချိုမသက်
အခါးဓါတ်နဲ့ တည်သလိုမျိုး...
ဖြတ်သန်းတဲ့လမ်းကြောင်း
တစ်ခြမ်းစောင်း ကမ်းပါယံကို
ထပ်မံတိုက်စား ခံရသလိုမျိုး...
အသံမဲ့သွားတဲ့ ဆည်းဆာကို
နေခြည်သစ်တေး ဆိုစေသလိုမျိုး...
ရနံ့တင့်မွှေးတဲ့ ပန်းပွင့်လေးတွေအလယ်
ဝင့်ထယ်စွာရပ်တည်တဲ့ ကုက္ကိုအကိုင်းမှာ
အမှောင်နဲ့ ရောစပ်ဖို့ ညဉ့်နက်တေးဆို
အိပ်တန်းတက်ရင်း လရဲ့အသက်ကို
ဇောက်ထိုးဖမ်းတတ်တဲ့ လင်းဝက်လိုမျိုး...
ယိုင်ယိုင်နဲ့နဲ့ ပြိုကျချိန်
တဆစ်ဆစ် နာကျင်ခြင်းနဲ့
ရှိန်းမြနွေးထွေးခြင်း အလယ်မှာ
အေးစက်စက် ကော်ဖီတစ်ခွက်သာ
ငါ့မနက်စာ ဖြစ်ခဲ့ ။
ကံကြမ္မာလေတိုးလို့
အချစ်ငှက်အတောင် ကြိုးခဲ့တယ်ဆိုရင်
အဲဒီ့ကံကြမ္မာကို ငါကျိန်စာတိုက်တယ်
ဥသြငှက်တွေ ဘယ်တော့မှ လွမ်းတေးမထွက်စေရဘူး ။
ဝတ်ဆံတွေ ခြွေချခံရမှတော့
ကြယ်စင်ရယ်...
သုံးဆယ့်တစ်ဘုံ ကျင်လည်ချင်တုန်းလား ။
တကယ်တော့...
ညဟာ မနက်ခင်းယောင်ဆောင်ထားမှန်း
ငါမသိခဲ့လိုက်တာ ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ဘ၀က တပ်မက်မှုနဲ့နွယ်တတ်ခဲ့ ။
ရိတ်သင်ခံလိုက်ရတဲ့ မြက်တစ်ပင်အတွက်
ပူဆွေးဝမ်းနည်းသူ မဲ့သလိုမျိုး
လူတစ်ချို့ရဲ့ ပရိဒေ၀တွေက
ဆုတ်ဖြဲခံ နေ့ရက်တွေထဲ
အညတရအဖြစ် ကျဆုံးလို့ ။
ငါ့ကိုယ်ငါ အတောင်တပ်ရင်း
တဟုန်ထိုး ပျံတက်ခဲ့လိုက်တာ
တကယ်တမ်းကျမှ ငါကိုယ်တိုင်က
မှိုင်းမ၀ခဲ့ဘူး ။
ဆေးရွက်မှာ တမာဖက်
အချဉ်မထွက် အချိုမသက်
အခါးဓါတ်နဲ့ တည်သလိုမျိုး...
ဖြတ်သန်းတဲ့လမ်းကြောင်း
တစ်ခြမ်းစောင်း ကမ်းပါယံကို
ထပ်မံတိုက်စား ခံရသလိုမျိုး...
အသံမဲ့သွားတဲ့ ဆည်းဆာကို
နေခြည်သစ်တေး ဆိုစေသလိုမျိုး...
ရနံ့တင့်မွှေးတဲ့ ပန်းပွင့်လေးတွေအလယ်
ဝင့်ထယ်စွာရပ်တည်တဲ့ ကုက္ကိုအကိုင်းမှာ
အမှောင်နဲ့ ရောစပ်ဖို့ ညဉ့်နက်တေးဆို
အိပ်တန်းတက်ရင်း လရဲ့အသက်ကို
ဇောက်ထိုးဖမ်းတတ်တဲ့ လင်းဝက်လိုမျိုး...
ယိုင်ယိုင်နဲ့နဲ့ ပြိုကျချိန်
တဆစ်ဆစ် နာကျင်ခြင်းနဲ့
ရှိန်းမြနွေးထွေးခြင်း အလယ်မှာ
အေးစက်စက် ကော်ဖီတစ်ခွက်သာ
ငါ့မနက်စာ ဖြစ်ခဲ့ ။
ကံကြမ္မာလေတိုးလို့
အချစ်ငှက်အတောင် ကြိုးခဲ့တယ်ဆိုရင်
အဲဒီ့ကံကြမ္မာကို ငါကျိန်စာတိုက်တယ်
ဥသြငှက်တွေ ဘယ်တော့မှ လွမ်းတေးမထွက်စေရဘူး ။
ဝတ်ဆံတွေ ခြွေချခံရမှတော့
ကြယ်စင်ရယ်...
သုံးဆယ့်တစ်ဘုံ ကျင်လည်ချင်တုန်းလား ။
တကယ်တော့...
ညဟာ မနက်ခင်းယောင်ဆောင်ထားမှန်း
ငါမသိခဲ့လိုက်တာ ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
အထက်တွင်အသုံးပြုထားသောပုံကို www.commons.wikimedia.org မှကူးယူဖော်ပြပါသည်
12 comments:
ခေါင်းစဉ်လေးလှတယ်။
း)
ကျေးဇူး ။ ။
Starry starry night..
It must have been a lot of pain.
ညရယ် ...
ဘဝရယ် ...
ကောင်းပဗျာ ...
ဆရာ...
အလွမ်းတွေနဲ့ အိပ်တန်းမတက်နဲ့လေ...
အချစ်ကြောင့် အလွမ်းတွေဖြစ်ရတယ်
အလွမ်းကြောင့် ညဥ့်နက်တွေဟာ ကို့ယို့ကားယားနိုင်ရတယ်...
ကံကြမ္မာကိုတော့ ကျိန်စာမတိုက်လိုက်ပါနဲ့...
ညဟာ မနက် ဟန်ဆောင်နေတာကိုက
သူရှုံးနေတာ မဟုတ်လား...!!
ဆရာ ...
အကြိုက်ဆုံး အပိုဒ်ကို မန့်မယ်လို့ ရည်ရွယ်ပြီး သေသေချာချာ ဖတ်ရှုခံစားကြည့်တော့
အပိုဒ်တိုင်းက Heart ထိစရာ အကုန်ကြိုက်နေတော့တာပါပဲ ...
ဒါနဲ့ မေးရဦးမယ် စကားလုံးလှလှတွေ ထုတ်လို့ရတဲ့ ဘဏ်တိုက်ဘယ်နားမှာလဲဗျ ... လုပ်စမ်းပါ ကျွန်တော်လည်း သွားထုတ်ရအောင်လို့ ...
သိပ်လှတဲ့ စကားလုံးလေးတွေကို ဖန်တီးတတ်လွန်းလို့ပါဗျာ ... ဘရာဗို ချီးကျူးတယ် .... တကယ်ပါပဲ ... တကယ်ပါပဲ .... မိတ်ဆွေကြီးရေ ...
ခင်မင်လေးစားစွာဖြင့်
သဟဇာတဖြစ်တယ်
ကဗျာရော
ပုံရော
ကဗျာထဲကစာလုံးတွေရော..
ဘ၀က တပ်မက်မှုနဲ့နွယ်တတ်ခဲ့ ။
ဟုတ်တာပဲ။ အမှန်တွေပြောတယ်...
တပ်မက်မှုတွေ လျော့အောင် ကြိုးစားရမယ်
စာသားတွေတကယ်မိတယ်.. တော်တယ်ဦးဦးတိမ်..း)
ဗန်ဂိုးရဲ့ပန်းချီကားလေး...
အနုပညာကို လက်နက်လို
အသက်ကိုယမ်းတောင့်တစ်တောင့်လိုပဲတန်ဖိုးထားတဲ့လူ..
ကြယ်တွေစုံတဲ့ညကို ချစ်တယ်
အားလူးစားတဲ့လူတွေကိုသနားတယ်
နေကြာပွင့်ဝါ၀ါတွေကို..တန်ဖိုးထားတယ်...
သူ့ကိုယ်သူပဲ မတွယ်တာခဲ့တာ...
ဂျုံခင်းကအပြန်..လမ်းတစ်လျှောက်..
သူ့သွေးသူနင်းပြန်လာတဲ့
..ခြေ..ရာ...တွေနဲ့...
ဆိုပ်ပရပ်ပင်တွေတောင်..ငိုကျွေးလို့...
မောင်လေးရေ....
ပန်းချီကားတွေကို..အသံထွက်အောင်..
လုပ်တယ်ပေါ့...
စိတ်၏စေရာရဲ့ ကဗျာ အသွားတွေ အရမ်း လက်လာတယ်လို့ခံစားမိတယ်...ကောင်းတယ်ဗျ...
ဆိတ်၏ပြေးရာလျှောက်လိုက်နေသော
လင်းဒီပ
လူတစ်ချို့ရဲ့ ပရိဒေ၀တွေက
ဆုတ်ဖြဲခံ နေ့ရက်တွေထဲ
အညတရအဖြစ် ကျဆုံးလို့ ။
ငါ့ကိုယ်ငါ အတောင်တပ်ရင်း
တဟုန်ထိုး ပျံတက်ခဲ့လိုက်တာ
တကယ်တမ်းကျမှ ငါကိုယ်တိုင်က
မှိုင်းမ၀ခဲ့ဘူး ။
အိပ်တန်းတက်ရင်း လရဲ့အသက်ကို
ဇောက်ထိုးဖမ်းတတ်တဲ့ လင်းဝက်လိုမျိုး...
ဝတ်ဆံတွေ ခြွေချခံရမှတော့
ကြယ်စင်ရယ်...
သုံးဆယ့်တစ်ဘုံ ကျင်လည်ချင်တုန်းလား ။
........
အဲဒီစာသားလေးတွေက ချစ်စရာတော်တော်ကောင်းပါတယ်..၊၊
..........
ယိုင်ယိုင်နဲ့နဲ့ ပြိုကျချိန်
တဆစ်ဆစ် နာကျင်ခြင်းနဲ့
ရှိန်းမြနွေးထွေးခြင်း အလယ်မှာ
အေးစက်စက် ကော်ဖီတစ်ခွက်သာ
ငါ့မနက်စာ ဖြစ်ခဲ့ ။
ကံကြမ္မာလေတိုးလို့
အချစ်ငှက်အတောင် ကြိုးခဲ့တယ်ဆိုရင်
အဲဒီ့ကံကြမ္မာကို ငါကျိန်စာတိုက်တယ်
ဥသြငှက်တွေ ဘယ်တော့မှ လွမ်းတေးမထွက်စေရဘူး ။
...........
ဒါတွေကျတော့
ကျွနိတော့်အမြင်သက်သက် အရ ဗေလုဝ ကို မဟာဗန္ဓုလ ဇတ်ရုပ်သရုပ်ဆောင်ခိုင်းထားသလိုဖြစ်နေသလားလို့...
ကျွန်တော်ရဲ့ ဖတ်အား မှတ်အား နားလည်အား နဲတာကြောင့်ပဲဖြစ်မှာပါ....
ရင်ထဲမှာတော့ အရင်ချပြလိုက်တဲ့ အပိုဒ်လေးတွေ
အရမ်းနှမြောတယ်.....
ဘာဖြစ်ဖြစ် ချစ်စရာလေးပါ...၊၊
အမြင့်..
သိပ်တော်တာပဲ...
ငါ့ကိုယ်ငါ အတောင်တပ်ရင်း
တဟုန်ထိုး ပျံတက်ခဲ့လိုက်တာ
တကယ်တမ်းကျမှ ငါကိုယ်တိုင်က
မှိုင်းမ၀ခဲ့ဘူး ။
ကျနော်လဲ အဲလိုဖြစ်နေတယ်.. ကဗျာဆရာရယ်။ လာတိုင်း တခုခုရပြီး ပြန်ပြန်သွားရတယ်.. ကဗျာအကြောင်းတော့ ခပ်ထွားထွားမသိခဲ့ပါဘူး။ ဖတ်ခဲ့သမျှကဗျာတွေက ကျနော်ပလာတာမကြိုက်ဘူး ထင်မှာစိုးလို့ သေချာကိုဖတ်ခဲ့တာ။ ဆရာ့ဆီမှာတော့ ကဗျာဘဏ်တိုက်ကြီးပါပဲ.. :)
Post a Comment