မှန်တစ်ချပ်ရဲ့ကြည်လင်သန့်ရှင်းမှုမျိုး
ပျော့ပြောင်းနူးညံ့တဲ့ ယမင်းသူဇာရဲ့
မှော်ဝင်လွန် ကကွက်လိုမျိုး
အတိမ်းညွှတ်ဆုံး ယစ်မူးတဲ့
မဉ္ဇူသကရဲ့ အဆင်းရနံ့လိုမျိုး
ယုန်သူငယ်တို့ရဲ့ အပြစ်ကင်းအလံတိုင်နဲ့
ချစ်ခြင်းမဏ္ဏိုင်ကို ခိုင်ခိုင်စိုက်ရင်း
စိတ်ကူးယဉ်အတတ်ဟာ ငါ့အကျွမ်းကျင်ဆုံး
ဘာသာရပ် ဖြစ်ခဲ့။
လှပခဲ့တာပေါ့ သိပ်ကို လှပခဲ့တာ
ရက်သတ္တပတ်ရဲ့ နောက်ဆုံးထွက်သက်
ရင်လှိုက်ဖိုခြင်းတို့ လွှမ်းခြုံတဲ့ရက်
လရောင်ရဲ့တမ်းချင်းတစ်ဝက်နဲ့
ညရဲ့အသက်ကို ဖမ်းဆုပ်ရင်း
ရင်တွင်းဖြစ် ကဗျာတစ်ပုဒ်သွန်ချတော့
ကမ္ဘာမြေက လှပစွာငိုခဲ့ ။
အဲဒီနေ့မှာ
ဆူးအပြည့်နဲ့ပန်းတွေ အဆိပ်ကိုမေ့နေခဲ့
နဂါးနဲ့ ဂဠုန် ချစ်ကြည်စွာပေါင်းဆုံခဲ့
ကေသရာဇာရဲ့ နန်းပလ္လင်ထက်
သားသမင်တို့ ဘေးမဲ့ခြင်းနဲ့ ကခုန်ခဲ့ ။
အဲဒီ့နေ့မှာ
ငါ့ကိုယ်ငါ ဖီးနစ်အဖြစ်ဖန်ဆင်း
အချစ်ဆိုတဲ့ မီးပုံထဲ အကြိမ်ကြိမ်ခုန်ဆင်းရင်း
ရှင်သန်ထမြောက်ခြင်းမှာ အရာရာဟာ တောက်ပလွန်းခဲ့ ။
အနင့်နဲ့ဆုံး ရေးသီဖွဲ့ခဲ့တဲ့
တပ်မက်မှုအရောင်လက် ဘ၀စာမျက်နှာမှာ
မြတ်နိုးတွယ်တာမှု ခရီးစဉ်တစ်လျှောက်
အနက်ရှိုင်းဆုံးတွယ်ငင် နှောင်ပတ်
ငါ့ရင်ဘတ်ကို ပေးအပ်ခဲ့ ။
အဲဒီ့စနေမှာပေါ့...
အမြင့်မားဆုံး စိတ်နယ်လွန်အရပ်မှာ
ပွင့်ချပ်တို့ ကောင်းချီးသံကို နာခံရင်း
ပျော်ဝင်စီးဆင်းတဲ့ ကောင်းကင်ထက်
လွမ်းဆွတ်ကြိမ်စာ ထွေးဖက်ရင်း
လွင့်ပျောက်အပြုံးကို တပ်မက်စွာရှာဖွေခဲ့ ။
ရာဇ၀င်ထဲမှာဘဲ ရာဇ၀င်ကိုပြန်ကောက်တော့
ကျောက်ခတ်မှာ ပွင့်တဲ့ပန်းတစ်ပွင့်ကပြောတယ်
လူကြမ်းတို့ရဲ့မော်ကွန်းမှာ ဂရုဏာတံဆိပ်မခတ်နှိပ်ဘူးတဲ့လေ ။
ကိုယ့်ရင်ကိုယ်ခွဲကြည့်တော့
တမြေ့မြေ့အသည်းမှာ သခွတ်တစ်ပွင့်
တင့်တင့်ဆန်းဆန်းပါဘဲ ပွင့်လန်းနေလိုက်တာ ။
ဒီလိုနဲ့ဘဲ
စနေရဲ့ စနေဟာ
လူမသိသူမသိ တိတ်ဆိတ်စွာကျဆုံးနေတာ
ကံကြမ္မာရယ်...
နင်ရက်စက်လွန်းတယ်။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ပျော့ပြောင်းနူးညံ့တဲ့ ယမင်းသူဇာရဲ့
မှော်ဝင်လွန် ကကွက်လိုမျိုး
အတိမ်းညွှတ်ဆုံး ယစ်မူးတဲ့
မဉ္ဇူသကရဲ့ အဆင်းရနံ့လိုမျိုး
ယုန်သူငယ်တို့ရဲ့ အပြစ်ကင်းအလံတိုင်နဲ့
ချစ်ခြင်းမဏ္ဏိုင်ကို ခိုင်ခိုင်စိုက်ရင်း
စိတ်ကူးယဉ်အတတ်ဟာ ငါ့အကျွမ်းကျင်ဆုံး
ဘာသာရပ် ဖြစ်ခဲ့။
လှပခဲ့တာပေါ့ သိပ်ကို လှပခဲ့တာ
ရက်သတ္တပတ်ရဲ့ နောက်ဆုံးထွက်သက်
ရင်လှိုက်ဖိုခြင်းတို့ လွှမ်းခြုံတဲ့ရက်
လရောင်ရဲ့တမ်းချင်းတစ်ဝက်နဲ့
ညရဲ့အသက်ကို ဖမ်းဆုပ်ရင်း
ရင်တွင်းဖြစ် ကဗျာတစ်ပုဒ်သွန်ချတော့
ကမ္ဘာမြေက လှပစွာငိုခဲ့ ။
အဲဒီနေ့မှာ
ဆူးအပြည့်နဲ့ပန်းတွေ အဆိပ်ကိုမေ့နေခဲ့
နဂါးနဲ့ ဂဠုန် ချစ်ကြည်စွာပေါင်းဆုံခဲ့
ကေသရာဇာရဲ့ နန်းပလ္လင်ထက်
သားသမင်တို့ ဘေးမဲ့ခြင်းနဲ့ ကခုန်ခဲ့ ။
အဲဒီ့နေ့မှာ
ငါ့ကိုယ်ငါ ဖီးနစ်အဖြစ်ဖန်ဆင်း
အချစ်ဆိုတဲ့ မီးပုံထဲ အကြိမ်ကြိမ်ခုန်ဆင်းရင်း
ရှင်သန်ထမြောက်ခြင်းမှာ အရာရာဟာ တောက်ပလွန်းခဲ့ ။
အနင့်နဲ့ဆုံး ရေးသီဖွဲ့ခဲ့တဲ့
တပ်မက်မှုအရောင်လက် ဘ၀စာမျက်နှာမှာ
မြတ်နိုးတွယ်တာမှု ခရီးစဉ်တစ်လျှောက်
အနက်ရှိုင်းဆုံးတွယ်ငင် နှောင်ပတ်
ငါ့ရင်ဘတ်ကို ပေးအပ်ခဲ့ ။
အဲဒီ့စနေမှာပေါ့...
အမြင့်မားဆုံး စိတ်နယ်လွန်အရပ်မှာ
ပွင့်ချပ်တို့ ကောင်းချီးသံကို နာခံရင်း
ပျော်ဝင်စီးဆင်းတဲ့ ကောင်းကင်ထက်
လွမ်းဆွတ်ကြိမ်စာ ထွေးဖက်ရင်း
လွင့်ပျောက်အပြုံးကို တပ်မက်စွာရှာဖွေခဲ့ ။
ရာဇ၀င်ထဲမှာဘဲ ရာဇ၀င်ကိုပြန်ကောက်တော့
ကျောက်ခတ်မှာ ပွင့်တဲ့ပန်းတစ်ပွင့်ကပြောတယ်
လူကြမ်းတို့ရဲ့မော်ကွန်းမှာ ဂရုဏာတံဆိပ်မခတ်နှိပ်ဘူးတဲ့လေ ။
ကိုယ့်ရင်ကိုယ်ခွဲကြည့်တော့
တမြေ့မြေ့အသည်းမှာ သခွတ်တစ်ပွင့်
တင့်တင့်ဆန်းဆန်းပါဘဲ ပွင့်လန်းနေလိုက်တာ ။
ဒီလိုနဲ့ဘဲ
စနေရဲ့ စနေဟာ
လူမသိသူမသိ တိတ်ဆိတ်စွာကျဆုံးနေတာ
ကံကြမ္မာရယ်...
နင်ရက်စက်လွန်းတယ်။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
အထက်တွင်အသုံးပြုထားသောပုံကို slattern23.wordpress.com မှ ကူးယူဖော်ပြပါသည်။
14 comments:
အရမ်းတွေ မိုက်နေတယ် ကိုမိုးမြင့်ကြီး...
ဘာမှ ထပ်မပြောတော့ဘူး..
ရာဇ၀င်ထဲမှာဘဲ ရာဇ၀င်ကိုပြန်ကောက်တော့
ကျောက်ခတ်မှာ ပွင့်တဲ့ပန်းတစ်ပွင့်ကပြောတယ်
လူကြမ်းတို့ရဲ့မော်ကွန်းမှာ ဂရုဏာတံဆိပ်မခတ်နှိပ်ဘူးတဲ့လေ..
ဟုတ်တယ်..
ခေတ်အဆက်ဆက်....
သမိုင်းအဆက်အဆက်..
ကြမ်းခဲ့ကြ..၊ ကြမ်းခဲ့ကြရ
ရမ်းခဲ့ကြ..၊ရမ်းခဲ့ကြရ..
လူကြမ်းဆိုတာ...
လူသွမ်းဟုတ်ချင်မှဟုတ်ခဲ့ကြတာ...
လူကြမ်းဆိုတာ...လူရမ်းကားတွေ..
ဖြစ်ခဲ့ရင်တော့..
ခေတ်ဟာ...
ချောက်ချားစရာတွေ...
သွေးပျက်စရာတွေနဲ့..
သမိုင်းတွေနာ..လို့ပေါ့..
ကောင်းတယ်ဗျာ ...
အထွေအထူးပြောမနေတော့ဘူး ......
လူကြမ်းတို့ရဲ့မော်ကွန်းမှာ ဂရုဏာတံဆိပ်မခတ်နှိပ်ဘူးတဲ့လေ...
(((တောက်))) ထိလိုက်တာဗျာ..။ ဟက် ကနဲကို ကျကွဲကုန်တာ။ သူများလို အရှည်ကြီးတော့ မပြောတတ်ဘူး.. တိုတိုတုတ်တုတ် တခုပဲ ပြောခဲ့ချင်တယ်..
“ကဗျာဆရာ.. ခင်ဗျား သိပ်မိုက်တယ်ဗျာ”
မိုက်တာတော့မပြောနှင့်... ယိုးဒယားသွားမယ်ချည်းလုပ်နေတယ်..
there's no more word to put in !
all are perfectly great!!
အဲဒီ့စနေမှာပေါ့...
အမြင့်မားဆုံး စိတ်နယ်လွန်အရပ်မှာ
ပွင့်ချပ်တို့ ကောင်းချီးသံကို နာခံရင်း
ပျော်ဝင်စီးဆင်းတဲ့ ကောင်းကင်ထက်
လွမ်းဆွတ်ကြိမ်စာ ထွေးဖက်ရင်း
လွင့်ပျောက်အပြုံးကို တပ်မက်စွာရှာဖွေခဲ့ ။
ရာဇ၀င်ထဲမှာဘဲ ရာဇ၀င်ကိုပြန်ကောက်တော့
ကျောက်ခတ်မှာ ပွင့်တဲ့ပန်းတစ်ပွင့်ကပြောတယ်
လူကြမ်းတို့ရဲ့မော်ကွန်းမှာ ဂရုဏာတံဆိပ်မခတ်နှိပ်ဘူးတဲ့လေ ..
ကဗျာလေးက လှနေလိုက်တာ ညီလေးရာ...
သိပ်ကိုကောင်းလှတဲ့ ကဗျာတပုဒ်ပါ....
သခွပ်ပန်းကိုသေချာမမြင်ဖူးသေးဘူး.. ကြုံရင်ရှာပေးနော်ဦးဦးတိမ်..
စနေမှာ ကံကောင်းခြင်းတွေလည်းရှိခဲ့ဖူးမှာပါ။
“ရာဇ၀င်ထဲမှာဘဲ ရာဇ၀င်ကိုပြန်ကောက်တော့
ကျောက်ခတ်မှာ ပွင့်တဲ့ပန်းတစ်ပွင့်ကပြောတယ်
လူကြမ်းတို့ရဲ့မော်ကွန်းမှာ ဂရုဏာတံဆိပ်မခတ်နှိပ်ဘူးတဲ့လေ ။”
ဒီအပိုဒ်ကို ဘယ်လိုကြိုက်မှန်းကိုမသိဘူး ....
စနေပျောက်တဲ့ စနေကို..
အင်္ဂါနေ့ မနက်စောကြီးမှ
လာဖတ်လို့ရတာပါ....
ပျောက်သွားတဲ့ စနေကို ပြန်လည်ဖွေရှာရင်း
နေ့တွေ ညတွေတိုင်း စနေဖြစ်ပါစေ...
ခင်မင်တဲ့...
ပြန်အိပ်လို့မရတော့လို့
စနေပျောက်ခဲ့တဲ့ ကဗျာမှာ
ငုတ်တုတ်လာထိုင်နေတာ
မောင်
ရေးသမျှ ကြိုက်တယ်ဗျာ။ ဒီလူကြီး...
ကောင်မလေးသာဆို အပိုင်ခေါ်ထားလိုက်တော့မယ်။:D
ဆရာရေထိချက်ပြင်းတယ်ဗျာ...
ခင်မင်လေးစားလျက်
မိုးကြယ်
ရာဇ၀င်ထဲမှာဘဲ ရာဇ၀င်ကိုပြန်ကောက်တော့
ကျောက်ခတ်မှာ ပွင့်တဲ့ပန်းတစ်ပွင့်ကပြောတယ်
လူကြမ်းတို့ရဲ့မော်ကွန်းမှာ ဂရုဏာတံဆိပ်မခတ်နှိပ်ဘူးတဲ့လေ ....
ဒီလိုနဲ့ဘဲ
စနေရဲ့ စနေဟာ
လူမသိသူမသိ တိတ်ဆိတ်စွာကျဆုံးနေတာ
ကံကြမ္မာရယ်...
နင်ရက်စက်လွန်းတယ်<--- ကောင်းလွန်းပါတယ်...
Post a Comment