ကိုယ့်အဠာရသနဲ့ ကိုယ်ပြန်အကျဉ်းကျ
ညတစ်ညရဲ့ မဏ္ဍိုင်ဟာ
ကိုင်လှုပ်ခံရတဲ့ လှံတစ်ချောင်းရဲ့အဖျားလို
ယိမ်းလို့ခါလို့ ။ ။
သုခုမဆန်ချင်စရာ တောရဲ့မာယာနဲ့
မြို့ပြတို့ရဲ့ဂီတ ရောနှောအချိုးချရင်း
လင်းတစ်ခါ မှောင်တစ်လှည့်ဘ၀တွေရဲ့
ကျင်လည်မှု အချိုးအဆစ်ကြား
သံဆူးတဲ့ လမ်းတွေများခဲ့ရင်း
လှည့်ကွက်မပြီတဲ့ လှည့်ကွက်များစွာထဲ
မပွင့်ရဲတဲ့ လည်ချောင်းတံခါးတွေ
မျက်စိသူငယ်နားသူငယ်
ဆာလောင်မှုနယ်ပယ်ထဲက
တစ်ထွာတစ်မိုက်အိမ်တွေ
သားမဲ့မိခင်နဲ့ မိခင်မဲ့သားတွေ
ဖခင်တစ်ယောက်ရဲ့ ပုခုံးသားနဲ့
ခြေသလုံးအိမ်တိုင် ဂရုဏာတွေ
အရာရာဟာ သဘာဝနဲ့အတူအသားကျလို့...
အဲလိုညမျိုးမှာမှ ငါကနိုးထလာခဲ့တယ် ။ ။
မာယာအတတ်နဲ့ ယက်တဲ့တောင်းထဲ
ဝိညာဉ်တို့ရဲ့ကပွဲက ခြိမ့်ခြိမ့်သဲသဲပွဲခံ
အစွဲရှိသူတို့ရဲ့မှန်နဲ့ အစွဲမရှိသူတို့ရဲ့ဟန်
ပေါင်းစပ်ခြင်းရဲ့ သံစဉ်အောက်
လူဆိုတဲ့သတ္တ၀ါက ကြောက်ကြောက်လာတတ်ခဲ့ ။ ။
သူ့အသားက လျှာဖျားမှာစိမ့်နေအောင်ချိုမြသတဲ့
ကိုယ့်အသားကျမှ အခါးဆိုင်းဘုတ်ထောင်
ကမ်းမမြင်လမ်းမမြင်အောင် အမှောင်တွေထဲဖျော်ချ
ကိုယ့်မျှခြေနဲ့ ကိုယ်ရစ်ပတ်
အယူဝါဒ ကတုတ်ကျင်းများစွာနဲ့
လူလူချင်း ခင်းတဲ့စစ်တွေမှာ
အနိဠာရုံတွေကြီးထွား ရာသီတွေခြစားလို့
ခံတွင်းနဲ့ လျှာတောင်ရန်ဆောင်
အော်....
ဘ၀တွေ မှောင်မှောင်သွားကြပေါ့ ။ ။
နောက်ဆုံးတော့
ဘ၀ကို ဘောင်ကွပ်မဲ့အစား
ညကို အမှောင်သွတ်သွင်းလိုက်တယ်
မင်းလဲ အိပ်သင့်ပြီပေါ့လေ ။ ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ညတစ်ညရဲ့ မဏ္ဍိုင်ဟာ
ကိုင်လှုပ်ခံရတဲ့ လှံတစ်ချောင်းရဲ့အဖျားလို
ယိမ်းလို့ခါလို့ ။ ။
သုခုမဆန်ချင်စရာ တောရဲ့မာယာနဲ့
မြို့ပြတို့ရဲ့ဂီတ ရောနှောအချိုးချရင်း
လင်းတစ်ခါ မှောင်တစ်လှည့်ဘ၀တွေရဲ့
ကျင်လည်မှု အချိုးအဆစ်ကြား
သံဆူးတဲ့ လမ်းတွေများခဲ့ရင်း
လှည့်ကွက်မပြီတဲ့ လှည့်ကွက်များစွာထဲ
မပွင့်ရဲတဲ့ လည်ချောင်းတံခါးတွေ
မျက်စိသူငယ်နားသူငယ်
ဆာလောင်မှုနယ်ပယ်ထဲက
တစ်ထွာတစ်မိုက်အိမ်တွေ
သားမဲ့မိခင်နဲ့ မိခင်မဲ့သားတွေ
ဖခင်တစ်ယောက်ရဲ့ ပုခုံးသားနဲ့
ခြေသလုံးအိမ်တိုင် ဂရုဏာတွေ
အရာရာဟာ သဘာဝနဲ့အတူအသားကျလို့...
အဲလိုညမျိုးမှာမှ ငါကနိုးထလာခဲ့တယ် ။ ။
မာယာအတတ်နဲ့ ယက်တဲ့တောင်းထဲ
ဝိညာဉ်တို့ရဲ့ကပွဲက ခြိမ့်ခြိမ့်သဲသဲပွဲခံ
အစွဲရှိသူတို့ရဲ့မှန်နဲ့ အစွဲမရှိသူတို့ရဲ့ဟန်
ပေါင်းစပ်ခြင်းရဲ့ သံစဉ်အောက်
လူဆိုတဲ့သတ္တ၀ါက ကြောက်ကြောက်လာတတ်ခဲ့ ။ ။
သူ့အသားက လျှာဖျားမှာစိမ့်နေအောင်ချိုမြသတဲ့
ကိုယ့်အသားကျမှ အခါးဆိုင်းဘုတ်ထောင်
ကမ်းမမြင်လမ်းမမြင်အောင် အမှောင်တွေထဲဖျော်ချ
ကိုယ့်မျှခြေနဲ့ ကိုယ်ရစ်ပတ်
အယူဝါဒ ကတုတ်ကျင်းများစွာနဲ့
လူလူချင်း ခင်းတဲ့စစ်တွေမှာ
အနိဠာရုံတွေကြီးထွား ရာသီတွေခြစားလို့
ခံတွင်းနဲ့ လျှာတောင်ရန်ဆောင်
အော်....
ဘ၀တွေ မှောင်မှောင်သွားကြပေါ့ ။ ။
နောက်ဆုံးတော့
ဘ၀ကို ဘောင်ကွပ်မဲ့အစား
ညကို အမှောင်သွတ်သွင်းလိုက်တယ်
မင်းလဲ အိပ်သင့်ပြီပေါ့လေ ။ ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
6 comments:
ညကို အမှောင်သွပ်သွင်းမယ့်အစား...
အလင်းတစ်ချို့ညှိပေးထားရမှာ...
ရန်ကုန်မှာ မီးသိပ်ပျက်တာပဲ..သိလား..း(
nice, bro.
ကဗျာတွေ အရေးကျဲလို့ စောင့်ဖတ်နေရတယ်နော်။ ကဗျာတိုင်းမှာ စကားလုံးတွေ ခိုင်းနှိုင်းထားတာ အရမ်းကောင်းလို့ နှစ်သက်မိပါတယ်။
အမြဲတမ်း အားပေးနေပါတယ်။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ
မအိပ်ဘူး.. လုံးဝမအိပ်ဘူး...
စတာ..
ညချော့တေးနားထောင်ပြီးမှအိပ်မယ်..
ရင်ထဲရောက်တယ်ဗျ..
မိုးကြယ်
ညီလေးရေ စကားလုံးတွေက အမြဲတမ်းကောင်းနေတော့တာပဲ..
နောက်ဆုံးတော့
ဘ၀ကို ဘောင်ကွပ်မဲ့အစား
ညကို အမှောင်သွတ်သွင်းလိုက်တယ်
မင်းလဲ အိပ်သင့်ပြီပေါ့လေ ။ ။
အခုတော့ နေ့ရောညပါမှောင်နေတော့တာတဲ့လေး)
အကိုရေ..စာသားတွေလန်းတယ်..
နောက်ဆုံးပိုဒ်ကိုတော့အခိုက်ဆုံးပဲ...
Post a Comment