ကံကြမ္မာကဘဲ ထိတ်လန့်ဘွယ် မှောက်မှားလား
ကြိုးပြတ်သွားတဲ့ သိခြင်းတရားတွေထဲမှာ
ငါ..က..အ..ကြိမ်..ကြိမ်..လဲ..ပြို..လို့..။
တောခြောက်ခံရတဲ့ မုဆိုးတစ်ယောက်လို
လမ်းပျောက်တဲ့ ကလေးတစ်ယောက်လို
စိုးရွံ့ခြင်းနဲ့ဖြတ်သန်း မျက်ကန်းတစ်ယောက်ဘ၀မျိုးနဲ့
ဒီကောင်းကင်အောက်မှာဘဲ ငါ့အလင်းပျောက်ခဲ့တယ်..။
တစ်ညတာဝေးလို့ ရက်ပေါင်းခုနစ်ရာငိုကြွေးတဲ့ ကိန္နရာ
တစ်ဘ၀စာဝေးရင် ဘယ်နှကမ္ဘာများ ငိုကြွေးမလဲ..။
ခတ္တာပန်းတွေပွင့်လန်းတဲ့ မေတ္တာနန်းတော်
သံသယတော်လဲသံကြားမှာ..ပြို..ကျ..
သက္ကရာဇ်တွေ ပြောင်းပြန်သွားတဲ့ညက
ငါ့ရင်ခွင်ကြား မာနဓါးသွား စူးဝင်တယ်..။
ဇီဝနဲ့ထုလုပ် ပန်းပုရုပ်အသက်သွင်း
ကဗျာတွေ ခပ်ပြင်းပြင်းရှိုက်ချိန်
လေထုအလယ်မှာ ဆောက်တဲ့အိမ်ထဲ
သံယောဇဉ်နဲ့ ငါတစ်ယောက်တည်း
ထိုး..စစ်..ဆင်..တယ်..။
သူ့ကိုယ်သူပြန်ထူလာတဲ့ ဖယောင်းတိုင်လိုလူတစ်ယောက်
အလှပဆုံးမီးတောက်မှာ လောင်ကျွမ်းချိန်
ကမ်းကုန်အောင်ချစ်တတ်တဲ့ နှလုံးတစ်စုံကို
ဝတ်ရုံအဖြစ်ခြုံလျက် ကျဆုံးတယ်..။
ပျက်ကြွေယွင်းတဲ့ ဥက္ကာပျံတစ်စင်းတောင်
လမင်းကို နှစ်သက်တတ်ခဲ့ရင်
နှလုံးသွေးနဲ့ ပက်ဖျန်းတဲ့ သောကလမ်း အလယ်မှာ
ငါ့မျှော်လင့်ချက်တွေ မတ်တပ်ရပ်နေကြတယ်..။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ကြိုးပြတ်သွားတဲ့ သိခြင်းတရားတွေထဲမှာ
ငါ..က..အ..ကြိမ်..ကြိမ်..လဲ..ပြို..လို့..။
တောခြောက်ခံရတဲ့ မုဆိုးတစ်ယောက်လို
လမ်းပျောက်တဲ့ ကလေးတစ်ယောက်လို
စိုးရွံ့ခြင်းနဲ့ဖြတ်သန်း မျက်ကန်းတစ်ယောက်ဘ၀မျိုးနဲ့
ဒီကောင်းကင်အောက်မှာဘဲ ငါ့အလင်းပျောက်ခဲ့တယ်..။
တစ်ညတာဝေးလို့ ရက်ပေါင်းခုနစ်ရာငိုကြွေးတဲ့ ကိန္နရာ
တစ်ဘ၀စာဝေးရင် ဘယ်နှကမ္ဘာများ ငိုကြွေးမလဲ..။
ခတ္တာပန်းတွေပွင့်လန်းတဲ့ မေတ္တာနန်းတော်
သံသယတော်လဲသံကြားမှာ..ပြို..ကျ..
သက္ကရာဇ်တွေ ပြောင်းပြန်သွားတဲ့ညက
ငါ့ရင်ခွင်ကြား မာနဓါးသွား စူးဝင်တယ်..။
ဇီဝနဲ့ထုလုပ် ပန်းပုရုပ်အသက်သွင်း
ကဗျာတွေ ခပ်ပြင်းပြင်းရှိုက်ချိန်
လေထုအလယ်မှာ ဆောက်တဲ့အိမ်ထဲ
သံယောဇဉ်နဲ့ ငါတစ်ယောက်တည်း
ထိုး..စစ်..ဆင်..တယ်..။
သူ့ကိုယ်သူပြန်ထူလာတဲ့ ဖယောင်းတိုင်လိုလူတစ်ယောက်
အလှပဆုံးမီးတောက်မှာ လောင်ကျွမ်းချိန်
ကမ်းကုန်အောင်ချစ်တတ်တဲ့ နှလုံးတစ်စုံကို
ဝတ်ရုံအဖြစ်ခြုံလျက် ကျဆုံးတယ်..။
ပျက်ကြွေယွင်းတဲ့ ဥက္ကာပျံတစ်စင်းတောင်
လမင်းကို နှစ်သက်တတ်ခဲ့ရင်
နှလုံးသွေးနဲ့ ပက်ဖျန်းတဲ့ သောကလမ်း အလယ်မှာ
ငါ့မျှော်လင့်ချက်တွေ မတ်တပ်ရပ်နေကြတယ်..။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
အထက်၌အသုံးပြုထားသောပုံကို fineartamerica.com မှ ကူးယူဖော်ပြပါသည်။
14 comments:
hello, nice blog.
Hello. Nice poem
အင်း...........
အဲလိုလုပ်ပါ..ကောင်လေးရ။
အိန္ဒြာ
မတ်တပ်ရပ်နေရတာ ညောင်းရော့မယ်း)
ဇီဝနဲ့ထုလုပ် ပန်းပုရုပ်အသက်သွင်း
ကဗျာတွေ ခပ်ပြင်းပြင်းရှိုက်ချိန်
လေထုအလယ်မှာ ဆောက်တဲ့အိမ်ထဲ
သံယောဇဉ်နဲ့ ငါတစ်ယောက်တည်း
ထိုး..စစ်..ဆင်..တယ်..။
ကြိုက်တယ်ဗျာ..
ခံစားချက်ထိရှ.. ပြင်းပြ..
ရေးသားချက်..စကားလုံးတွေ အားလုံးကို
သိမ်းကြုံး ခံစားပစ်လိုက်တယ်..
အစ်ကိုရေ လေးစားတယ်ဗျာ..
မိုးကြယ်
မျှော်လင့်ချက်....
ဆုံးတယ်လို့မရှိဘူးဗျ.....
ကောင်းတယ်ဗျာ...
နဲနဲတော့ထိတယ်........
ညီရေ... ပိုကောင်းလာတယ်ဟေ့...
ပျက်ကြွေယွင်းတဲ့ ဥက္ကာပျံတစ်စင်းတောင်
လမင်းကို နှစ်သက်တတ်ခဲ့ရင်
နှလုံးသွေးနဲ့ ပက်ဖျန်းတဲ့ သောကလမ်း အလယ်မှာ
ငါ့မျှော်လင့်ချက်တွေ မတ်တပ်ရပ်နေကြတယ်..။
အင်း...
ကြာရင်ညောင်မယ်ညီ..
ခဏလောက်ထိုင်ပါအုံး.. :P
ဖိုးမောင်
မျှော်လင့်ချက်တွေက မတ်တပ်ရပ်လို့
အသက်ရှိမရှိတောင် မသိတဲ့ခန္ဓာမှာ
သံယောဇဉ်တွေက ဝဲပျံလို့နေပေါ့..။
ကမ်းကုန်အောင်ချစ်တတ်တဲ့
ငါ့နှလုံးအိမ် ခုန်နေသေးတာများလား..
ထိတ်လန့်ဖွယ် ငါမသိ.. ငါမရှိ..။
ဒီကောင်းကင်အောက်မှာ ဆုံးဆုံးမြုပ်
ငါ့အလင်းရောင်ပျောက်ပေမဲ့
လမင်းကိုတမ်းလို့ ကျမျက်ရည်ဝဲ...။
ကိုမိုးမြင့်တိမ်ရေ..
မျက်ကန်းတစ်ယောက်မှာ ကန်းမနေတဲ့
နှလုံးသားတစ်စုံ ခုန်နေတတ်တယ်ဆိုတာ
မမေ့ပါနဲ့...
ခင်မင်တဲ့
ကိုရင်၊ ခင်လေး၊ ကလေးလေး
တောခြောက်ခံရတဲ့မုဆိုးတစ်ယောကိလို....................ငါ့အလင်းပျောက်ခဲ့တယ်။
အဲဒီအပိုဒ်ကိုအရမ်းကြိုက်တယ်။ ဘာလို့အဲလောက်ကောင်းအောင်ရေးတတ်တာလဲ။
ပြိုလဲခဲ့ခြင်းတွေကြား မာနဓား စူးဝင်နေရက်နဲ့ မတ်တပ်ရပ်နေနိုင်တဲ့ မျှော်လင့်ချက်ကို လေးစားပါတယ်။
ညီလေးရေ..
အိုင်းစတိုင်းက ပြောတယ်..
ဘုရားသခင်က ကြွေအံမကစားဘူးတဲ့..
ဒီစင်္ကြာံဝဋ္ဌာကြီးထဲမှာ အရာရာဟာအပိုအလိုမရှိ
အားလုံးကွက်တိ ဖြစ်နေအောင်ဖန်ဆင်းခဲ့တာတဲ့..
ချားဒါဝင် ကျတော့ သူဖန်တည်းတဲ့သီအိုရီတွေကြောင့်
ယုံကြည်သက်ဝင်မှု့တွေပျောက်ဆုံးပြီး ဘာသာမဲ့ခဲ့ရတယ်..
ကဗျာဆရာကျတော့
ကဗျာတပုဒ်အတွက် ဘဝကိုအလဲထပ်လုပ်တယ်..
နေကိုတောင် အေးခဲပစ်တတ်တယ်..
ပေါက်ကွဲလုလုမီးတောင် တစ်ခုကို ဝက်ခြံပုန်းလောက်မှတ်တတ်တယ်..
ကိုယ့်ထမင်းကိုစားပြီးအငှားရှေ့နေလိုက်တတ်တယ်..
ကွက်တိဖြစ်နေတဲ့ စနစ်တွေ သပ်ထိုးပြီး အံချော်စေတတ်တယ်..ဒါဆို
အိုင်းစတိုင်း မှန်ပါ့မလား..
ကဗျာဆရာဟာ..
ကဗျာကို အမြဲကိုးကွယ်တတ်သလို
ရှင်သန်မှု့ဆိုတဲ့..မနက်ဖန်တွေမရှိရင်
ကဗျာတွေစားပြီး ကဗျာတရားတွေနာနေမှာ
အဲလိုဆို..ချားလ်ဒါဝင် ရောမှန်ပါ့မလား..
သူတို့ထည့်မတွက်လိုက်တာ ကဗျာဆရာ
...........
ဘောင်တခုကို တွန်းလှဲ
စွဲလန်းခြင်းကိုဖြိုချ
ညီလေး သတ္တိတွေပြလိုက်တာ
အမာရွတ်မထင်တဲ့ သူရဲကောင်းလို
မင်းကိုမင်း အသက်သွင်းပြီး အလှပဆုံးနန်းတက်ပွဲပဲခင်းပစ်လိုက်တာ
........
ဒီကဗျာဟာ..မင်းရဲ့ နန်းဦးမုဒ်ဝ..၊၊
မျှော်လင့်ချက်..တွေ မတ်တပ်ရပ်ပြီးတော့.... ??
Post a Comment