အော် ... ဟိုယောင်ယောင် ဒီယောင်ယောင် (^)
အင်တာနက်ကိုဆောင်
အိပ်ချိန်တောင် ကျော်ပါပေါ့ ...
မိုးမြင့်တိမ် မည်လေတဲ့
အိုအဆွေ ...။
အိပ်ချိန်ကျော်လည်း (*)
စိတ်ငြိမ်အောင်
အရင်ကြိုးတာပ
ကိုရွှေကိုအင်တာနက်ရယ်က
ဝင်လာခဲ့ပါ လက်ယက်ခေါ်ပြန်တော့
အကျွန်ုပ်မှာ အဟုတ်မနေသာဘူး
ငိုက်လျက်သာ စိုက်စိုက်တွဲရတယ်
စိတ်နယ်လွန် ဟိုတစ်ဘက်ကမ်းဆီက
ကိုအိပ်မက်ရှင် မည်တွင်ခေါ်သညာတဲ့
အို...မိတ်ဆွေ ကြည်ရွှင်ပါစ...။
ကြည်ပေစွ အတည်ဗွေ မထရက်ပါဘု (^)
စိတ်တွင်းနော် ဖိတ်သွင်းခေါ်
ဤမိတ်ဆွေတွေက
အဟုတ်အပီ နှုတ်စီကာ ဆက်ကြတယ်
အော် ... ကောင်း၏ စိတ်စမ်း ... ။
ကောင်းဆိုဒေါင်းညိုတွေတောင် (*)
အတောင်ဖြန့်ကာမြူးတယ်
မောင်မကြန့်ကြာဘူး လာမယ်ဆို
ကောင်မလေးကိုငိုငိုကာ သူလေချွဲတတ်ပါ့
ခွဲရက်များသူလေ လွမ်းတယ်တဲ့
ကိုအိပ်မက်ရေ တွဲလက်ဆက်ကမ်း...။
ကဒေါင်းညိုအတောင်ဖြန့်ကာပ (^)
ဆောင်းလိုဆို ဤမြေ လှမ်းလှတယ်
အညာတမ်းနေလည်း မဖြေနိုင်ပေါင်
လွမ်းပုံဆောင် ဤအသိတွေက
အပီစိတ်တွေကြွကာ ကြွကာနဲ့
ချစ်သူကို ကိုလေ တမ်းရတယ်
အို ... ကိုမိုးမြင့်ရေ
ဟစ်မိ ဆက်လှမ်း ... ။
ဘ၀ဇာတ်ခုံ အဖုံဖုံရယ်က (*)
ကြုံဆုံလာ ဤဘ၀မှာ
ကြည်မျှသာ နှစ်ကိုယ်တူတွဲဘို့အရေး
ဆွဲလို့သာ တွေးကာမှတ်ပေရော့
ခုများတော့ အနေဝေးတာမို့
ရွှေအေးကို ပန်းကန်တက်လေတော့
ကိုအိပ်မက်ရေ....
အလွမ်းတပ်သားတွေက
နှလုံးသားရင်တဘက်ကမ်းကို
တက်လှမ်းနေကြပြန်ပြီလေ...။
အို ... အဟုတ်တွေ တကယ်ပြောတာပ (^)
အခုလေ ရင်တစ်စုံ ခုန်ကာကြွကာနဲ့
တစ်ပြုံတစ်မကွယ့် အလွမ်းတွေ
ကမ်းတက်ပြီ ချီနေကြပီမို့
လမ်းခက်ပွေ ဒီတပ်သားတွေက
ယူငင်ကာ ဆောင်ယူသိမ်းလေတော့
နွမ်းမိပေ လွမ်းဖြူတစ်ချောင်းကိုမှ
လှမ်းထူမိရတဲ့ ... အို မိတ်ဆွေရေ
ရှုံးမိ စစ်ကြောင်း ... ။
အရှုံးအနိုင် အမှန်မတွက်ပါလ (*)
အမှန်တကယ်ချစ်တာက
ရင်ထဲကမေတ္တာတရား
ပစ်ခွာကာ သူလေသွားစေဦး
မှားလေဦး တစ်ကြိမ်တစ်ခါမို့
ငိုချင်တောင် ကြိုးကာပြုံးပြမယ်
အချစ်စစ်ဖြစ်ကြောင်း...။
အရှုံးအနိုင် တွက်ပိုင်ကာ မချက်လေပ (^)
သက်ယိုင်ကာ လဲကာကျစေဗျ
အလျော့မပေးဟ ... ချစ်မိနေ
ဟစ်မိပေ ဤစာပါးကိုမှ
အသာအယာ ယူကာ ပြမှာဖြင့်
စိတ်တော်ကြည် ရွှင်ကာပြုံးရတဲ့
အို .... ကမ်းဆင့် မှာကြောင်း ... ။
အမှာတော်ပါး ထိုစကားကြားတာဖြင့် (*)
အငိုသမားတောင် ကြိုကြားပြုံးမိတယ်
မဆုံးလေတဲ့ ဒီသံသရာ
ရည်သန်ကာ လက်ရွှေတွဲကြကြောင်း
ကောင်းဆုမွန်တောင်း...။
မငိုလေနဲ့ဆရာ ပြိုနေကွဲ့ ဤကမ္ဘာမှာ (^)
ဆိုလေရဲ့ သာယာစေကြောင်းကိုပ
လိုနေခဲ့ ခင်ရာနှင် မိတ်ပင်ဟောင်းကိုလ
အကြောင်းညီကြရဲ့ စိတ်တော်ရွှင်
ထိပ်တော်တွင် စီကာတွေးချဟဲ့
ဖိတ်ခေါ်ချင် လာပေကောင်းလှမို့
အို ... အဆွေတော် ကိုမိုးမြင့်ရေ ...
ကမ်းမိ လက်ပေါင်း ... ။
ရှေးအစဉ်အလာ စကားထာထားတာက (*)
ခင်မင်ရာမိတ်ဆွေကောင်းရယ်က
ဆွေမျိုးထက် သာကာကောင်းပြန်မို့
ပေါင်းကြတဲ့ ရင်ဘတ်တူ
ထပ်တူကာ ရင်မှာလန်းပါဘိ
လှမ်းတူကာ ပျော်ရွှင်စပ်ကြတယ်
ကိုအိပ်မက်ရေ
ကဗျာတွေသီကာ စပ်ကာဖြင့်
စိတ်လက်သာကြောင်း...။
၂၁.၁၁.၂၀၀၈
(^) - အိပ်မက်ရှင်
(*) - မိုးမြင့်တိမ်
ကောင်း ၀ါသနာတူရင်ဘတ်တူ ကဗျာဆရာလူရွယ်နှစ်ယောက်၏ တတ်စွမ်းသမျှလေးနှင့်သာ ပူးပေါင်းဖန်တီးမှုဖြစ်သဖြင့် နားလည်ခွှင့်လွှတ်ပေးနိုင်မည်ဟု ကျွန်ုပ်အနေနှင့်များစွာမျှော်လင့်မိပါကြောင်း ။
(အထက်၌ ဖော်ပြထားသောပုံကို http://www.mysthaven.com မှ ကူးယူဖော်ပြပါသည်။)
စိတ်၏စေရာနာခံလေသော
7 comments:
လုပ်ချလိုက်ပြန်ပြီ..
ဆရာတို့ရယ်....
ချစ်စရာကောင်းလိုက်တဲ့အတွေးပါ..။
နောင်တသသပြန်ပြောဖြစ်ကြဦးမယ့်...အတိတ်တွေပေါ့
လှလိုက်တာ
အိန္ဒြာ
ကိုမိုးမြင့် ခင်ဗျားဟာ တကယ့်ကဗျာပေါင်းမိတ်ဆွေပါပဲဗျာ
အဲလို ရင်ဘတ်တူတဲ့ မိတ်ဆွေမျိုး နောက်ပေါ်ဖို့ သိပ်ရှားတယ် ... သိပ်ဝမ်းသာတယ်ဗျာ ...
တကယ်ပဲဗျာ ... တကယ်ပါပဲ
တကယ့်အမှတ်တရပါပဲ
Cheers!!! ပါဗျာ ... :) ။
လှိုက်လှဲသော
ကဗျာလေးကောင်းတယ်ကိုမိုးမြင့်တိမ်ရေ***
ကျနော်ကကိုအိမ်မက်ရှင်မှာပဲ
တင်ထားတယ်ထင်နေတာ**ကိုမိုးမြင့်တိမ်မှာလည်း
တင်ထားတာပဲ**ကောင်းတယ်ဗျာ***
ကျနော်ကလည်း ကိုယ်ကိုယ်တိုင်ကသာ
ကဗျာဆရာမဟုတ်တာ ကဗျာဆရာတွေကို တော့လေးစားတယ်ဗျ***ဘာလို့လည်းဆိုတော့
ကဗျာဆရာဆိုတဲ့လူတွေဟာ ကိုယ့်အတွေးအမြင်
ကိုယ့်ခံယူချက် ကိုယ့်ဆုံးဖြတ်ချက်တွေနဲ့ ရေးတဲ့သူတွေမို
လို့ပဲ***တနည်းအားဖြင့် ကဗျာဆရာ ဆိုတာ
***ပုံစံခွက်ထဲကခုန်ထွက်နိုင်
အောင်ကြိုးစားနေကြတဲ့သူတွေပေါ့ဗျာ**
ခင်မင်လေးစားလျှက်
သီဟညိမ်း
စာပေ မိတ်ဆွေဆိုတာ တန်ဖိုးရှိပါတယ်။ မွန်မြတ်ပါတယ်...
စာပေ မိတ်ဆွေ ခင်မင်ရင်းနှီးမှုတွေ အရှည်သဖြင့် တည်တံ့ပါစေ :)
ရင်ဘတ်တူသူချင်းတွေ့ပြီး..
ထွက်ကျလာတဲ့အနှစ်သာရတွေကို..
ခံစားသွားပါကြောင်း..
လေးစားခင်မင်လျက်..
မိုးကြယ်
ကဗျာပေါင်းမိတ်ဆွေ အို..ကောင်းလှပေ။
ကဗျာဖတ်ရတာ ပျော်ဖို့ကောင်းပါတယ်။
သူငယ်ချင်းနှစ်ယောက် တူတူရေးကြတာ အမှတ်တရပေါ့..။
ကဗျာပေါင်း မိတ်ဆွေတွေ ပျော်ရွှင်စွာ ဆက်လက်လက်တွဲနိုင်ကြပါစေ..။
ကဗျာများစွာလည်း ဆက်ရေးနိုင်ပါစေ။
အားပေးလျက်ပါ။
Post a Comment