သံယောဇဉ် အမျှင်တန်း
ရင်ခွင်လမ်းကို လျှောက်ခဲ့စဉ်
ကြောင့်ကြမဲ့စွာ မပူပင်တဲ့ငါ့စိတ်
ဘောက်မဲ့ကြောင့်များ တိတ်ဆိတ်
ရင်ခုန်သံတွေများ တိုးတိတ်သွားတာလား....
ရေကူးရင်းကြွက်တက်သလို
တဆတ်ဆတ်နာကျင်တဲ့ ရင်ခွင်နဲ့ဘဲ
အဖက်ဖက်ကို ချင့်ချိန်တွေးတော
လိုဘမပြည့်တဲ့ လူတို့သဘော
အခုငါကကော...................
ရိုဘော့တစ်ရုပ်လို ပြုမူတွေးတောလို့...
အတွေးပြောတာတွေ နားထောင်
သွေးပြောတာတွေ နားယောင်လို့
ရင်ခွင်မှာ ရေးသောကဗျာတွေလည်း
များမြောင်ခဲ့ပြီ........................
ဘ၀သံသရာ လမ်းတစ်လျှောက်
ခံစားလောက်တဲ့ အဖြစ်အပျက်တွေ
အချစ်အတွက် နေခဲ့တဲ့ရက်တွေပျောက်ဆုံး
အမှောင်လုံးလုံး ကျရင်တောင်
ငါ့ရင်ခွင်က တမ်းချင်းတစ်ပုဒ်
ဖြစ်ကျန်ရစ်စေ...........
စိတ်၏စေရာနာခံလေသော
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
4 weeks ago
9 comments:
ကောင်းသည် ဆိုတာဘဲ ပြောတတ်ပါသည်
:-)
ရေကူးရင် ကြွက်မတက်အောင် ကြောင်ရုပ်ထိုးထားလေ..
နောက်တာပါ..
သမိုင်းဝင် တမ်းချင်းတစ်ပုဒ်အနေနဲ့ တစ်ယောက်ယောက်ရဲ့ ရာဇ၀င်မှာ မှတ်မှတ်သားသား ကျန်ရစ်နေကောင်းပါတယ်လေ။
အဖက်ဖက်ကို ချင့်ချိန်တွေးတော
လိုဘတ်မပြည့်တဲ့ လူတို့သဘော
အခုငါကကော...................
ရိုဘော့တစ်ရုပ်လို ပြုမူတွေးတောလို့...
ရေးဖွဲ့သွားပုံရော၊ စကားလုံးရွေးချယ်မှုရော
ကောင်းပါ၏။
အနုပညာမြောက်လက်ရာကို နှလုံးသားနဲ့
ခံစားသွားပါသည်။
တမ်းချင်းလေး ကျန်ခဲ့ပါစေဗျာ...
ဘ၀သံသရာ လမ်းတစ်လျှောက်
ခံစားလောက်တဲ့ အဖြစ်အပျက်တွေ
အချစ်အတွက် နေခဲ့တဲ့ရက်တွေပျောက်ဆုံး
အမှောင်လုံးလုံး ကျရင်တောင်
ငါ့ရင်ခွင်က တမ်းချင်းတစ်ပုဒ်
ဖြစ်ကျန်ရစ်စေ...........
နောက်ဆုံး ဒီတစ်ပိုဒ်က ကျနော့်ကိုများ လက်တို့လိုက်တာလား.. ကိုမိုးမြင့်..ဒီမှာ ငိုချင်ရက် ဖြစ်နေတာနော်..း)။
ခင်မင်လျက်...
(မိုးမောင်)
ကြီးမိုးပြောသလိုပဲ.. ထိတယ်ဗျာ..
မိုးကြယ်
ဘ၀သံသရာ လမ်းတစ်လျှောက်
ခံစားလောက်တဲ့ အဖြစ်အပျက်တွေ
အချစ်အတွက် နေခဲ့တဲ့ရက်တွေပျောက်ဆုံး
အမှောင်လုံးလုံး ကျရင်တောင်
ငါ့ရင်ခွင်က တမ်းချင်းတစ်ပုဒ်
ဖြစ်ကျန်ရစ်စေ........... တဲ့လားဗျာ ... ။
အဲ့ နောက်ဆုံးက အပုဒ်လေးက ... ချည်သွားတယ်ဗျာ၊
တကယ်လည်း ကျွန်တော်တို့တွေဟာ တမ်းချင်းတွေကြားမှာ
နေထိုင်နေရတာပဲ မဟုတ်လား ကိုမိုးမြင့်ရေ ... ။
ခင်မင်လေးစားမှုများစွာဖြင့်
ကောင်းလိုက်တဲ့တမ်းချင်း....ဗျို့......
Post a Comment