
ကြည်ပြာရောင်တောက်တဲ့ ကောင်းကင်မှာ
ပန်းနုရောင် ကလောင်တစ်ချက်နဲ့
အချစ်အတွက် ဆေးဖော်စပ်ချိန်
သက်တန့်အိမ်တံခါးကို ဖွင့်လို့
တိမ်ပျိုမ တေးတစ်ပုဒ်ဆိုတယ်
မှော်ဆရာ တမ်းချင်းတဲ့လေ.....
ကောင်းကင်ကိုမှ ခေါင်းတင်မှေးစက်ချင်တဲ့ မှော်ဆရာ
တိမ်တိုက်တောကို ဖြတ်ကျော်စဉ်မှာ
တိမ်ပျိုမနဲ့ တွေ့ခဲ့တာလေ.....
ကဗျာမှာ ၀ိညာဉ်အသက်သွင်း
မှော်လမ်းကို ခင်းတဲ့အချိန်
တိမ်ပျိုမအတွက် ဖြစ်တည်ရာအိမ်ဟာ
မှော်ဆရာ ရင်ခွင်မှာဖြစ်တဲ့
အသဲ(သည်း)လွန်ကြိုးနဲ့ ထိုးတဲ့အိမ်လေ.....
စုတ်ချက်ဆွဲတဲ့ မှော်ဆရာလက်အပြောင်း
ခပ်စောင်းစောင်းဖြစ်သွားတဲ့ ဆေးတစ်စက်ကြောင့်
တိမ်ညိုတွေရစ်သိုင်း နှလုံးသားတောင်ထိပ်က
တံတိုင်းတစ်ချပ်လည်း ကြိုးပဲ့ခဲတယ်.....
ရုတ်တရက်ပျောက်ကွယ်တဲ့ တိမ်ပျိုမကိုကြည့်ရင်း
မှော်ဆရာကောင်းကင်က ပြုတ်ကျခဲ့တာ
အလင်းနှစ် ထောင့်ငါးရာကြာခဲ့တယ်.....
မြေပြင်မှာ မတ်မတ်ရပ်
မှော်ဆရာ စုတ်တစ်ချက်ရမ်းတဲ့အချိန်
ကြူးရင့်တဲ့ တမ်းချင်းတစ်ပုဒ်ဖြစ်ထွန်းတယ်.....
မင်းသိဘို့ ဝေဒနာကိုကြေငြာခဲ့ရင်
မဏိမေခလာတောင် နေနိုင်မယ်မထင်ဘူး
ရင်ခုန်သံ မရပ်ဘဲရူးချင်လည်းရူးမယ်
တိမ်ပျိုမလက်နဲ့ မသတ်မချင်းပေါ့.....
မှော်ဆရာရင်ထဲ
တိတ်တိတ်လေး တေးမှတ်ခဲ့တဲ့အချိန်ရှိတယ်
တိမ်ညိုတွေ ပြိုတဲ့ကောင်းကင်ရောက်ခဲ့ရင်
တိမ်ပျိုမရေ................................
မင်းဆီကို မှော်ဆရာတစ်ယောက်
အရောက်လာခဲ့မယ်.....
စိတ်၏စေရာနာခံလေသော
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
4 weeks ago
12 comments:
ကောင်းကင်က ပြုတ်ကျတာ မနာဖူးလားမှော်ဆရာရယ်..
အင်း..မှော်ဆရာဆိုတော့ ဘယ်နာမလဲလေ..
စတာပါ..
ဒီကဗျာကို ဖတ်လိုက်တော့ လူက တိမ်တွေကြားထဲကို လေယာဉ်မစီးဘဲရောက်သွားတယ်..
တိမ်ပျိုမလေးက ချစ်စရာလေး...
ကိုယ်ဟာ...တိမ်တွေလိုပဲ...လွင့်တော့မလို့...
ဗျို့.. မှော်ဆရာ.. ခင်ဗျားရင်ထဲက ကိစ္စတွေ တစ်ရက်တော့ သိရမယ်နဲ့ တူတယ်.. တိမ်ပျိုမ ပြုတ်ကျမှ.. သိရမှာလား.. ကြိုပြောပြထားမှာလား.. ၀ိုင်းဖမ်းပေးမယ်လေ.. အကျမနာရအောင်...း)။
ခင်မင်လျက်...
မိုးမောင်
သွားမယ့်နေ့ပြောဦးနော် မှော်ဆရာ :P
ကဗျှာထက် ကောင်မလေးကို ခံစားသွားသည်. :P
ကောင်းကင်တွေ လာပြန်ပြီ ..
ကောင်းကင်ဆိုတာ စကြာဝဠာရဲ့ 
တစိတ်တဒေသ
ကမ္ဘာမြေမှ မိုးကုတ်စက်ဝိုင်းအထိ
မြင်နေရတာဟာ ကောင်းကင်...
အဲဒီတော့ လမင်းကလည်း
ကောင်းကင်ထဲမှာပဲ ရှိတယ်လေ..ဟဟ.. ကောင်းကင်လည်း
လမင်းနဲ့ မလွတ်ပါဘူးနော်...
:P
လမင်းချစ်သူ ငွေအိမ်စံ
အလဲ့....
မှော်ဆရာလုပ်နေပါလား....
ကဗျာလေးကပုံပြင်လေးတစ်ပုဒ်
နားထောင်ရသလိုပဲဗျ....
ကောင်းတယ်ဗျာ...မှော်ဆရာ :P
မင်းသိဘို့ ဝေဒနာကိုကြေငြာခဲ့ရင်
မဏိမေခလာတောင် နေနိုင်မယ်မထင်ဘူး
ရင်ခုန်သံ မရပ်ဘဲရူးချင်လည်းရူးမယ်
တိမ်ပျိုမလက်နဲ့ မသတ်မချင်းပေါ့.....
ကောင်မလေးတော့ မသိဘူးဗျာ......
ကျွန်တော်တောင် သနားသွားတယ်...ဟေးးးဟေးးးး
တော်သေး ညီမမရှိလို့... မဟုတ်ရင် ပေးမိလိမ့်မယ်။ :D
ချစ်စရာကောင်းတဲ့ ကဗျာ
မှော်ဆရာဖြစ်သွားပြီပေါ့....ညီက...
ထူးအိမ်သင်လို...အိပ်မက်တွေ
ဆက်မက်တော့မယ်ထင်တယ်...
ဖိုးမောင်
အချစ်ကဗျာသန့်သန့်လေးတစ်ပုဒ်ပါ။
ရင်ဘတ်နဲ့ခံစားသွားပါတယ်။။
မိုးကြယ်
မှော်ဆရာ ရောက်ချင်တဲ့နေရာကို ရောက်လိုတဲ့အချိန်မှာ ဆိုက်မြိုက်စွာ ရောက်နိုင်ပါစေ =)
တိမ်ပျိုမ ကလေးက တိမ်ညိုတွေ မပြိုသေးလို့ စိတ်ကောက်နေတာ ဖြစ်မှာ..
တိမ်ပျိုမအတွက် ဖြစ်တည်ရာအိမ်ဟာ
မှော်ဆရာ ရင်ခွင်မှာဖြစ်တဲ့
အသဲ(သည်း)လွန်ကြိုးနဲ့ ထိုးတဲ့အိမ်လေ.....
စာသားတွေမြှောက်တယ်ဗျာ**
တကယ်ကိုဖတ်လို့ကောင်းတဲ့ကဗျာတွေပဲ***
Post a Comment