
သြကာသလောကမှာ
နေနဲ့လ နှစ်ပါးဆိုင်လို့
နေမင်းက အလင်းဝင်တဲ့
နေ့ခင်းဆိုတာကို ပေးတယ်
လမင်းက ညခင်းကိုပေးတယ်...
နေအလင်းကြောင့် ကမ္ဘာကလင်းသလို
လမင်းက အေးမြခြင်းကိုဆောင်တယ်
လင်းထင်းခြင်းမှာ အပူလှိုင်းတစ်ခုရှိသလို
အေးမြခြင်းကိုတော့ လူတိုင်းငြိတွယ်ကြတယ်...
နေလာလို့ နှင်းပျောက်ခဲ့ချိန်မှာတောင်
ဝေဒနာတို့ ထွင်းဖောက်တဲ့ရင်ခွင်တွေနဲ့ဘဲ
ငါတို့ရဲ့လက်တွေ နွေးထွေးစွာတွဲခဲ့ကြတယ်
အမှတ်တမဲ့နေ့ရက် တွေဖြတ်သန်းရင်း
အမှတ်တရတွေ ရရှိခဲ့ကြတယ်...
ဒါပေမယ့်လည်းလေ
လောကကိုစိုးမိုးတဲ့ နိယာမတရားတွေကို
တွန်းလှန်ဘို့အင်အား ငါတို့မှာမရှိခဲ့ကြဘူး...
အနောက်အရပ်က နေမထွက်သလို
အရှေ့ဘက်ကလည်း နေမ၀င်ဘူး
ဂူတစ်ဂူမှာ ခြင်္သေ့နှစ်ကောင်မအောင်းသလို
လားရာခြင်းတူတဲ့ ပြိုင်မျဉ်းနှစ်ကြောင်းဟာလည်း
မပေါင်းဆုံနိုင်ဘူး...
တကယ်လို့များသာ ဘ၀ကိုပြန်စခွင့်ရှိခဲ့ရင်
ငါ့ကဗျာကို စွမ်းအင်ပြုလို့
ဒီနိယာမတရားတွေကို ကျွမ်းပြန်အောင်
ပြောင်းပြန်လှန်ပစ်ချင်တယ်
ဂူတစ်ဂူမှာ ခြင်္သေ့နှစ်ကောင်အောင်းလို့
ပြိုင်မျဉ်းနှစ်ကြောင်းလည်း ပေါင်းစေ...
ခုတော့လည်း
စိတ်ကူးပန်းချီနဲ့ ရေးသီတဲ့
ငါ့ကမ္ဘာ ငါ့ကဗျာမှာ
ရင်ခုန်သံတွေ တိုးပျောက်လို့
မှော်ဝင်တဲ့ အိပ်မက်တွေနဲ့ဘဲခရီးဆက်မယ်
ငါ့ကဗျာတွေက ညဉ်းလျက်နဲ့ဆွေးကြတယ်...
နောက်နောင်ဘ၀များမှာ
ကုသိုလ်ကံ အကြိုးပေးကောင်းလို့
လူဆိုတဲ့ ပေါင်းကူးလိုဘ၀မျိုးပြန်ရခဲ့ရင်
ငါ..လေးနက်စွာ ဆုတစ်ခုတောင်းမယ်
ဘယ်လို အကြောင်းမျိုးနဲ့မှ
ငါ့နှလုံးသားကို မစတေးရပါစေနဲ့.....
စိတ်၏စေရာနာခံလေသော
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
4 weeks ago
12 comments:
ခြင်္သေ့ နှစ်ကောင် တစ်ဂူတည်းအောင်းပြီး..
ပြိုင်မျဉ်းနှစ်ကြောင်း ပေါင်းစေသတည်း..
ကူပြီး ဆုတောင်းပေးတာပါ...
ဆုတောင်းပြည့်ပါစေ..
ဖြစ်နိုင်ရင် ခုဘ၀မှာတင် ပြည့်ပါစေ..
ဆရာ.. လက်တို့လိုက်တာလားဗျ.. ဒီကဗျာက..ဟမ်..?
ဆရာ သိပါတယ်ဆရာရယ်.. ကျနော်လဲ ဂူတစ်ဂူတည်းအောင်းနိုင်ဖို့ ကြံနေတာ..း)။
ခင်မင်လျက်..
မိုးမောင်
အတွေးတွေ..သစ်လို့
အသစ်တွေထပ်တွေးနိုင်ပါစေ
အိန္ဒြာ
ဆုတောင်းပြည့်ပါစေဗျာ..
မိုးကြယ်
ကဲ... မျဉ်းပြိုင် နှစ်ကြောင်း ဆုံပါစေ။
ဆုတောင်းတွေအားလုံး ပြည့်ပါစေ :)
ဘ၀ဆိုတာ အသစ်က ပြန်စတဲ့အခါ ကျရင် နိယာမတွေကို ပြောင်းပြန်လှန်ပြီး.. ပြိုင်မျဉ်းနှစ်ကြောင်း ပေါင်းစုံခွင့် ရပါစေလို့.. ဆုတောင်းပေးခဲ့ပါတယ်....
တကယ်ပါဗျာ**ကိုမိုးမြင့်တိမ်ကဗျာတွေကိုကြိုက်တယ်ဗျာ*
တကယ်လို့များသာ ဘ၀ကိုပြန်စခွင့်ရှိခဲ့ရင်
ငါ့ကဗျာကို စွမ်းအင်ပြုလို့
ဒီနိယာမတရားတွေကို ကျွမ်းပြန်အောင်
ပြောင်းပြန်လှန်ပစ်ချင်တယ်
ဂူတစ်ဂူမှာ ခြင်္သေ့နှစ်ကောင်အောင်းလို့
ပြိုင်မျဉ်းနှစ်ကြောင်းလည်း ပေါင်းစေ...
စာသားလေးမိုက်တယ်နော်**အားမာန်တွေနဲ့
ကဗျာတွေနဲ့ စိတ်ဓါတ်မာန်သွင်းထားတာကောင်းတယ်ဗျာ**
အမြဲလာဖတ်နေမယ်ဗျာ**
သီဟညိမ်း
တောင်းတဲ့ ဆုနဲ့ ပြည့်ဝပါစေ။
ကောင်းသောဆုနဲ တောင်းတဲ့အတိုင်း ပြည့်ပါစေ..
ကဗျာလေးက ကောင်းလိုက်တာ
ကြာဆံချက် စာချိုးလေးအတွက် ကျေးဇူး ကိုမိုးမြင့်တိမ်ရေ
ငြိမ်းချမ်းပါစေ
ကဗျာ ...
ဆရာ့ကဗျာတွေထဲမှာ ရသတွေ စစ်ပြင်နေကြတာတွေ့လား
ကျွန်တော့်တို့ နှလုံးသားတွေကို တိုက်ခိုက်သိမ်းပိုက်ဖို့လေ ....
အဲ ... နှလုံးသားထဲက သူလျှိုအလွမ်းတပ်နဲ့လည်းပေါင်း ...ရော
ရင် တစ်ခုလုံးက စစ်မြေပြင်ကြနေတာပဲ ...
မွစာကျဲလို့ ... မျက်ရည်ယိုအခိုးအငွေ့တွေနဲ့ ... ခံနိုင်ရည် မရှိဘူး ...
တဂူထဲ ခြင်္သေ့နှစ်ကောင် အောင်းဖို့ ကဗျာဆရာ ဟာ အလံမ္မယ်လိုမယ် ...
ပြိုင်နေတဲ့ မျဉ်းနှစ်ကြောင်းဆုံဖို့ ကဗျာဆရာ Infinity လိုမယ် ...
လောကသဘာဝကို စိုးမိုးဖို့ ကဗျာဆရာဟာ အိမ်မက်အပိုင်းအစတွေ လိုမယ် ...
အရှေကနေ၀င်ပြီး အနောက်က နေထွက်စေဖို့ ကဗျာဆရာရဲ့ အရိုးစွဲအသိဥာဏ်ကို မြေလှန်ပစ်ဖို့ လိုမယ် ...
ဘယ်အကြောင်းအရာအတွက်မှ နှလုံးသားကို မစတေးပါနဲ့ ... ဒါပေမယ့်
ကဗျာဆိုရင်အတွက်တော့ ...
ပုခုံးလှမ်းပုတ်ပြီး နောက်ဆုတ်လို့ ပြောရင်တောင် .... ။
ခင်မင်လေးစားစွာဖြင့်
Post a Comment