ငါဆိုတဲ့ကောင်က ပွင့်လင်းတယ်
ကောင်းကင်ကလည်း ရဲတင်းစွာဖြေတယ်
ပွင့်လင်းတာ ရှက်စရာမဟုတ်သလို
ရဲတင်းတာကလည်း ကလက်တာမဟုတ်ဘူး
ဓါးတစ်ချောင်းမှာတောင် ဓါးရိုးနဲ့ ဓါးနှောင်ရှိခဲ့ရင်
ဘ၀ဆိုတာမှာလည်း အဆိုးနဲ့အကောင်းဆိုတာရှိစမြဲဘဲ.....
မင်းလည်း မင်းလမ်းလျှောက်တဲ့ချိန်
ငါလည်း ငါ့လမ်းငါလျှောက်လို့ပေါ့
အကြောင်းတိုက်ဆိုင်ရင်တော့
ငါတို့နှစ်ယောက် ပေါင်းလျက်ပြန်လာနိုင်တယ်
မျှော်လင့်ချက်တွေ အသက်ဆက်သရွေ့ ပေါ့.....
တစ်နေရာမှာ ရာဇာဖြစ်ရင်
တစ်နေရာမှာ ပြာတာဖြစ်တယ်
ဒီတော့........ငါက
ဘယ်နေရာမှာရာဇာဖြစ်လို့
ဘယ်နေရာမှာပြာတာဖြစ်သလဲ.....
ရာဇာဘဲဖြစ်ဖြစ် ပြာတာဘဲဖြစ်ဖြစ်
အချစ်ဆိုတဲ့ သစ်ပင်ရှင်နေသရွေ့
ငါ့ ကောင်းကင်က မိုးမချုပ်ဘူး
ရဲရဲတောက်တဲ့ ငါ့သွေးသောက်ကဗျာတွေကလည်း
ငါ့ရင်မှာ ဖြိုးမောက်တုန်းဘဲ.....
ကဗျာကိုသောက် ကဗျာကိုစား
ကဗျာတွေသာ ကြီးထွားတဲ့ရင်ခွင်မှာ
ကဗျာသစ်ပင်တွေ အမြစ်တည်နေသမျှ
ငါ့ကမ္ဘာကို ငါ့ကဗျာနဲ့တည်ဆောက်မယ်
အဲဒီ့အတွက် ကောင်းကင်တစ်ခုကိုငါရောက်ခဲ့တယ်.....
တိမ်ဆိုတာပေါ့ပါးတယ် လွတ်လပ်တယ်
တစ်ချို့ကလည်း ဆိုတယ်
ပုံသဏ္ဍာန်ပြောင်းလွယ် ပျောက်ပြက်လွယ်တဲ့
ဘယ်လိုဘဲဖြစ်ဖြစ် ငါကတော့တိမ်တွေကိုချစ်တယ်.....
တစ်ချိန်က အချစ်ဆိုတာကိုပြက်ရယ်ပြုလို့
မင်းတိမ်တွေညိုခဲ့ရသလို
ငါ့တိမ်တွေလည်း ငိုခဲ့ရတယ်.....
ခု ငါတိမ်ညိုတွေကင်းလို့ လင်းထင်းတဲ့ကောင်းကင်မှာ
ငါ့ကဗျာတွေကို မောင်းနှင်ရင်းငါသေမယ်
ဒါဟာ ငါ့ယုံကြည်ချက် ငါ့သံဓိဌာန်
ကဗျာတွေက ငါ့ရင်ခုန်သံ.....
ငါ့လက်တွေသန်နေသမျှ
ငါ့ကမ္ဘာမှာ ကဗျာတွေရှင်သန်နေစေရမယ်
အလင်းနှစ်တွေ မပြန်သရွေ့
ဒီကောင်းကင်မှာ ငါပျော်မွေ့မယ်
ကဗျာကိုအသက်သွင်း မှော်ဝင်တဲ့စုတ်ချက်သွင်းလို့
ဒီကောင်းကင်မှာဘဲ ကဗျာတွေကို
ငါ့လက်နဲ့ ခင်းကျင်းခဲ့ဦးမယ်.....
ငါဆိုတဲ့ကောင်က ပွင့်လင်းတယ်
ကောင်းကင်ကလည်း ရဲတင်းစွာဖြေတယ်
အလင်းတွေမင်းရှေ့ရောက်တာ
တိမ်ညိုတွေ ပျောက်လို့တဲ့လေ.....
ကဗျာတွေကလည်း ငါ့ကိုပြောကြတယ်
မင်းရဲ့နေ့ရက်တွေ တိမ်ညိုကင်းလို့
လင်းခဲ့ပြီ ကဗျာဆရာတဲ့.....
ငါ့ကဗျာတွေက ပြောတဲ့စကား
ငါ့ရင်ခွင်က ကြားတဲ့အချိန်
ငါကဗျာရေးသီတဲ့ ငါ့ကောင်းကင်ကြည်ကြည်ကို
အမည်တစ်ခု ပေးခဲ့တယ် အဲဒါ
"တိမ်ညိုတွေပြိုသွားတဲ့ကောင်းကင်"
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
4 weeks ago
10 comments:
"၀ုန်း"
တိမ်ညိုများ လန့်ပြိုသွားသံ ...
ကောင်လေးရေ...
ရေကြီးလွှမ်းလွှမ်း၊ မီးကြီးလောင်လောင်
ကမ္ဘာတစ်ခုပျက်လို့ နောက် ကမ္ဘာသစ်တည်ကြရင်
အဲဒီ့ကမ္ဘာကို ကဗျာဆရာတွေနဲ့ ပြန်စမယ်။
အိဲန္ဒာ
ပက်စက်တယ်ဗျာ **ကဗျာကောင်းချက်ကတော့**
စာကြောင်းတိုင်း **စာပိုဒ်တိုင်း အရသာရှိတယ်**ဖတ်ရတာ**
သတင်းနှင့်နည်းပညာခေတ်ကြီးပြီးရင်**
ကဗျာခေတ်မလာဘူးလို့**
ဘယ်သူပြောနိုင်လဲ**
ရနံသစ်(၁၉၉၉)
ကောင်းဗျာ.......
ချီးယားစ်...
ဟုတ်၏။ မှန်၏။
ပွင့်လင်းတာ ရှက်စရာမဟုတ်သလို
ရဲတင်းတာကလည်း ကလက်တာမဟုတ်ဘူး
ဓါးတစ်ချောင်းမှာတောင် ဓါးရိုးနဲ့ ဓါးနှောင်ရှိခဲ့ရင်
ဘ၀ဆိုတာမှာလည်း အဆိုးနဲ့အကောင်းဆိုတာရှိစမြဲဘဲ....
တစ်နေရာမှာ ရာဇာဖြစ်ရင်
တစ်နေရာမှာ ပြာတာဖြစ်တယ်
ဒီတော့........ငါက
ဘယ်နေရာမှာရာဇာဖြစ်လို့
ဘယ်နေရာမှာပြာတာဖြစ်သလဲ.....
ရာဇာဘဲဖြစ်ဖြစ် ပြာတာဘဲဖြစ်ဖြစ်
အချစ်ဆိုတဲ့ သစ်ပင်ရှင်နေသရွေ့
ငါ့ ကောင်းကင်က မိုးမချုပ်ဘူး
ရဲရဲတောက်တဲ့ ငါ့သွေးသောက်ကဗျာတွေကလည်း
ငါ့ရင်မှာ ဖြိုးမောက်တုန်းဘဲ.....
လွမ်းစရာဖြစ်အောင် လုပ်တယ်း((
ဟဲဟဲ... စတာပါ
အိမ်သဟ်ဖွင့်တဲ့ ကဗျာကလည်း အလန်းပဲကိုးးးး
ဆက်ရေးပါ ကဗျာဆရာ...အားပေးချက်ပါ
ငါ့လက်တွေသန်နေသမျှ
ငါ့ကမ္ဘာမှာ ကဗျာတွေရှင်သန်နေစေရမယ်
အလင်းနှစ်တွေ မပြန်သရွေ့
ဒီကောင်းကင်မှာ ငါပျော်မွေ့မယ်
ကဗျာကိုအသက်သွင်း မှော်ဝင်တဲ့စုတ်ချက်သွင်းလို့
ဒီကောင်းကင်မှာဘဲ ကဗျာတွေကို
ငါ့လက်နဲ့ ခင်းကျင်းခဲ့ဦးမယ်.....
ကောင်းတယ်ဗျာ..
မိုးကြယ်
***မင်းလည်း မင်းလမ်းလျှောက်တဲ့ချိန်
ငါလည်း ငါ့လမ်းငါလျှောက်လို့ပေါ့
အကြောင်းတိုက်ဆိုင်ရင်တော့
ငါတို့နှစ်ယောက် ပေါင်းလျက်ပြန်လာနိုင်တယ်
မျှော်လင့်ချက်တွေ အသက်ဆက်သရွေ့ ပေါ့.....***
ကြိုက်သွားပီ..ဒါပေမယ့်
ဒို့ကတော့ မျှော်လင့်ဘူး :P
ကောင်းကင်တစ်ခင်းမှာ တိမ်ညိုတွေ အဆုပ်လိုက်အဆုပ်လိုက်ပွင့်နေတာ
ပွင့်လင်းမှု ရေလောင်းလို့လား .... ရဲတင်းမှု ပေါင်းသင်လို့လား ... ပြောပြလိုက်ပါဗျာ ရင်ဘတ်ဟင်းလင်းနဲ့
ဟုတ်တယ် ... အဆိုးနဲ့ အကောင်းကို ဆုတ်ကိုင်ပြီး နှလုံးသားထဲ ထုတ်ချင်းပေါက်အောင် ထိုးတဲ့သူက ကံကြမ္မာ ...
ကမ္ဘာကြီး လုံးတာကို ယုံခဲ့ရင် ပြန်ဆုံမယ် ...
ကျောခြင်းခိုင်းဖို့တော့ လိုပါမယ် ...
အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရာထူးမလိုဘူး ... ကြမ်းတစ်ပြေးခုံတစ်ညီ
အားလုံးဟာ ခံစားမှုရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိမယ်
ကဗျာတွေအတွက်တော့ အလုပ်လုပ် ...
မိုးလင်းလို့ တံခါးဖွင့်လိုက်ရင် တိမ်ညိုတစ်ပုဒ်နဲ့ ကဗျာတစ်ဆုပ်ကို မျှော်နေတဲ့သူ
တိမ်ဆိုတာ နဂိုကတည်းက ငွေ့ရည်တွေပြည့်နေခဲ့သလိုပဲ
ကဗျာဆရာဟာလည်း မျက်ရည်ဝဲတတ်တာ မဆန်း ပါဘူး
ဟော ... ကြားရတယ်
ရင်ခုန်သံ ကဗျာရင်ခုန်သံ... အသက်သွင်းပါတော့လို့ အစောက အော်နေခဲ့တဲ့ကဗျာတွေလား ... ပြန်တော့ မနှုတ်လိုက်ပါနဲ့
နောက်ဆုံး တိမ်ညိုတွေ ပြိုသွားတဲ့ကောင်းကင်ထဲ
ကံကြမ္မာရဲမယ့် ကဗျာဆရာပဲ ရှိနေမယ် ...
ဟုတ်တယ် ... ။
ခင်မင်လေးစားစွာဖြင့်
သဘောကျတဲ့ ခေါင်းစဉ်လေးမို့ စိတ်ဝင်တစားဖတ်သွားပါတယ် ... သိပ်ကောင်းတဲ့အတွေးနဲ့အရေးကို ချီးကျူးမိပါတယ် ...အကြိုက်ဆုံးအပိုဒ်လေးက
“ငါဆိုတဲ့ကောင်က ပွင့်လင်းတယ်
ကောင်းကင်ကလည်း ရဲတင်းစွာဖြေတယ်
အလင်းတွေမင်းရှေ့ရောက်တာ
တိမ်ညိုတွေ ပျောက်လို့တဲ့လေ.....”
Post a Comment