ယောကျာ်း ဟာဇွန်းနဲ့ တူတယ်…
မိန်းမဟာ သကြားနဲ့ တူတယ်…
သံယောဇဉ်ဟာ ခွက်နဲ့ တူတယ်…
ကော်ဖီမစ်တစ်ထုပ် ဟာ မေတ္တာနဲ့ တူပြီး…
အိမ်ထောင်ရေးဟာ ရေနွေးနဲ့ တူခဲ့ရင်..
ကော်ဖီတစ်ခွက်ဟာ အချစ်ဖြစ်သွားပြီပေါ့…
ကျတော့်အကြောင်း
လေးစားရသော အမအိန္ဒြာ၏ လက်ဆောင်စကား
မင်း ဖြစ်တည်မှုတွေ မနာဖျားစေဖို့၊ မင်းစိတ်အတိုင်း ပျိုးကျဲလိုက်၊ မင်းစိုက်ပျိုးသမျှ.. မင်းရိပ်သိမ်းရဦးမှာ.. ကောင်လေးရဲ့...။
Followers
My Blog List
-
-
ဒီဇင်ဘာ မိုး3 months ago
-
-
-
ချစ်ခြင်းသည်သာ တစ်ကမ္ဘာဆိုသော်ငြာ6း years ago
-
-
အလှနတ်သမီးလေး မလိခ...6 years ago
-
စိတ်ရှုပ်တဲ့အခါ6 years ago
-
အတွေးရုပ်ကြွင်းများ8 years ago
-
အဝါရောင်ကျီးကန်းတွေ ငါ့ဆီပြိုဆင်းလာတဲ့နေ့က8 years ago
-
-
အဆင်းရှိသောအရပ်၊ ရနံ့သင်းသောကမ္ဘာ9 years ago
-
What is Media?10 years ago
-
-
အသားအရည်လှပဖို့ နည်းလမ်းရှာဖွေထိန်းသိမ်းစို့10 years ago
-
" ယုံ ....... "10 years ago
-
ကန္တာရ ပန်းပွင့်10 years ago
-
မင်္ဂလာပါရှင် ☆彡10 years ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။10 years ago
-
Teachers11 years ago
-
“ ဖြတ်မျဉ်းများ “11 years ago
-
တဖြည်းဖြည်းနဲ့ဝေး11 years ago
-
-
-
အနွေးထည်12 years ago
-
လျှို့ဝှက်ပန်း12 years ago
-
ရွာပြင်ထုတ်ခံရသူများ13 years ago
-
လွမ်းလို့13 years ago
-
ချစ်သူသို့14 years ago
-
လွတ်မြောက်ခြင်း14 years ago
-
အတွေ့အကြုံတခုအကြောင်း14 years ago
-
ခရမ်းရင့်ပြာ15 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
ဘယ်နိုင်ငံတွေကပါလိမ့်..!!
Wednesday, March 12, 2008
အချစ် = ကော်ဖီ
Posted by
Moe Myint Tane
0
comments
Labels: ကဗျာ
အမှတ်တရအလွဲများ(၂) (သို့) အရှက်ကွဲသောနေ့
မယ်။ အဲဒီတုန်းက ကျွန်တော်က သချာင်္အထူးပြုနဲ့ ပထမနှစ်စတက်ခါစပေါ့။ တက္ကသိုလ်ဆိုတာ သိတဲ့အတိုင်းဘဲ
လေ။ အလွန်ပျော်ဘို့ ကောင်းတဲ့ နေရာပေါ့။ သူငယ်ချင်းတွေနဲ့ သွားလိုက် လည်လိုက် တွေ့တဲ့ကောင်မလေး တွေနောက်လိုက်ပေါ့။ အတန်းမတက်လို့လည်း ဆူမဲ့သူမရှိဘူးလေ။ တစ်ရက် အဲဒီနေ့ကတော့ မှတ်မှတ်ရရ ပါဘဲ။
မမှတ်မိဘဲ ရှိပါ့မလား အရှက်ဗျန်းဗျန်းကွဲ တဲ့နေ့ကို။ အဲဒီနေ့က pratical စောစောပြီးတာနဲ့ အခန်းထဲ ကစောစောထွက်လာလိုက်တယ်။ ကျောင်းရှေ့ရောက်တော့ အသင့်တွေ့ရတဲ့ ferry ပေါ်တက်ပြီး ပြတင်းပေါက်နဲ့ ကပ်လျက် ခုံမှာထိုင်လိုက်တယ်။ ကျောင်းမဆင်းသေးဘူး ဆိုတော့ နေရာလွတ်တော်တော် များတယ်လေ။ ဒီလိုနဲ့ စောထွက်လာတဲ့ ကျောင်းသား ကျောင်းသူ တွေလည်း တဖွဲဖွဲ ရောက်လာကြတယ်။ ကျောင်းမှာက ferry မထွက်ခင်ကို ကားပေါ်တက်ပြီး ပိုက်ဆံလိုက်တောင်း တဲ့ကလေးတွေရှိတယ်။ ကောင်လေး တွေကောင်မလေးတွေ စုံနေတာပါဘဲ။ ကျွန်တော်တို့ကားပေါ် ကိုလည်း အသက်၁၄ နှစ်လောက်ရှိမယ် ထင်ရတဲ့ ကောင်မလေးတစ်ယောက် တက်လာပြီးပိုက်ဆံ လိုက်တောင်းနေလေရဲ့။ ကျွန်တော် ကတော့ ဒီကောင်မလေး တက်လာကတည်းက ထိုင်လခုံမှာ မှီပြီးအိပ်ချင်ယောင် ဆောင်နေလိုက်တယ်။ အကြောင်းကတော့ ကျွန်တော့်ဆီမှာ မြို့ ထဲကနေ အိမ်ပြန်ဘို့ ကားခ၅၀ ဘဲကျန်တော့လို့ ပါဘဲ။ တနေကုန် လည်လိုက် စားလိုက်နဲ့ ပါတဲ့ပိုက်ဆံ လည်းကုန်ပြီလေ။ တဖြည်းဖြည်းနဲ့ ကောင်မလေးက ကျွန်တော့် အနားကိုရောက်လာပါတယ်။ ကျွန်တော် အိပ်ချင်ယောင်ဆောင်နေတာကို ဘဲသိလို့လား ဒါမှမဟုတ် အတင်းနှိုးတာလားတော့ မပြောတတ်ဘူး။ ကျွန်တော့် ကိုအတင်းဆွဲ နှိုးတော့တာပါဘဲ။ ကျွန်တော်လည်း ကြာကြာအိပ်ချင်ယောင်ဆောင်လို့ မရတော့ပါဘူး။ ဒါနဲ့ဘဲ မျက်လုံးဖွင့် လိုက်ပါတယ်။ ကျွန်တော် လည်းမျက်လုံးပွင့်ကော ပိုက်ဆံတောင်းတော့ တာပါဘဲ။ ကျွန်တော့်မှာလည်း ကိုယ့်ပြသနာနဲ့ ကိုယ်မို့ မရှိဘူးလို့ဘဲ ပြောလိုက်တယ်။ အဲဒီမှာတင် ဇာတ်လမ်းကစတော့တာဘဲ။ မရှိဘူးလို့ ပြောကာမှ အတင်းကိုတောင်းတော့ တာဘဲ။ နောက်ဆုံးတောင်းမရတဲ့ အဆုံး ကျွန်တော့်ကို ကားပေါ်ကနေ ဆွဲချတော့တာပါဘဲ။ ပါးစပ် ကလည်း “ ပိုက်ဆံမပေးနိုင်ရင် လိုက်ခဲ့တဲ့ “ ဘုရားရေ။ ကျွန်တော်လည်း ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘူး။ ရိုက်ပုတ်ထုတ်ရအောင်လည်း ကလေးသာသာဘဲ ရှိသေးတော့ ကျွန်တော့် မှာအခက်တွေ့နေတော့ တာပေါ့။ တကားလုံး ကလည်း ၀ိုင်းကြည့်ပြီး ရီနေကြလေရဲ့။ ကျောင်းကားဆိုတော့ ကိုယ့်ကို သိတဲ့လူကော မသိတဲ့ လူကောပါတာပေါ့။ ကျွန်တော့်မှာ ရှက်လိုက်တာဗျာ။ ကျွန်တော်က ရုန်းလေ သူကဆွဲလေ နဲ့တော်တော်ကို ကိုးယို့ကားယား နိုင်နေတာပေါ့။ ကျွန်တော်လည်း ရှက်လွန်း လို့ မျက်နှာ တစ်ခုလုံးလဲ ထူပူ နေပြီ။ ဘယ်လိုလုပ်ရမှန်း လည်းမသိနဲ့ တော်တော်ဆိုးပါတယ်။ ဒီကြားထဲ ကလေးမလေးကလဲ ကျွန်တော်ရှက်နေမှန်းသိတော့ ရှက်ရှက်နဲ့ ပိုက်ဆံထုတ်ပေးမှာဘဲ လို့ ထင်လေမသိ ပါဘူး ဇွတ်ကိုဆွဲတော့တာဘဲ။ ကျွန်တော့် မှာပိုက်ဆံရှိရင် လည်းထုတ်ပေးလိုက်ပါတယ်ဗျာ။ ဒါပေမယ့် ကိုယ့်မှာကလည်း ကားခ၅၀ ဘဲကျန်တော့တာ။ သူငယ်ချင်းတွေ ကလည်းဘယ်ရောက်နေမှန်းမသိတော်တော်ကို အကျပ်အတည်း တွေ့နေတာပေါ့။ ဒီကြားထဲ ဟိုဘက်ဘေးတန်းက ကောင်မလေးတစ်သိုက် ပြောလိုက်တဲ့ စကားကြောင့် ပိုပြီးအရှက်ကွဲပါရော။‘ ပိုက်ဆံ ၂၀
လောက်ထုတ်ပေးလိုက်ရင် ပြီးတဲ့ ဟာကို တော်တော်ကက်စေးနှဲနေတယ် “ တဲ့ဗျာ။ ကောင်းရော။ ကံကောင်းချင်တော့ အဲဒီအချိန်မှာ စပယ်ယာတက်လာပြီး “ ဟိုကောင်မလေး ဆင်းတော့ ကားထွက်တော့မယ် “ လို့ ငေါက်လိုက်တော့ မှဘဲ ပေကပ်ကပ် နဲ့ဆင်းသွားတယ်လေ။ စပယ်ယာကိုတော့ ကြောက်တယ်နဲ့ တူပါတယ်။ ဒါတောင် ဆင်းခါနီး ငတိမလေးကပြောသွားသေးတယ်။ “ နောက်နေ့ မပေးလို့ကတော့ ရအောင်ခေါ်သွားမယ် ‘ တဲ့။ တစ်ကားလုံးက လည်း “ ၀ါး “ ကနဲ ၀ိုင်းရီကြတယ်။ ရှက်လိုက်တာ လွန်ပါရောဗျာ။ ကားထွက်တော့မှဘဲ ဟင်းချ နိုင်တော့တယ်။ အဲဒီအချိန်ကနေပြီး ကျောင်းပြန်ရင် ပိုက်ဆံ တစ်ရာလောက် ကျန်အောင်အမြဲတမ်း ချန်သုံးတဲ့ အကျင့်လေးတစ်ခု ရသွားပါတော့တယ်။
Posted by
Moe Myint Tane
1 comments
Labels: အမှတ်တရ အလွဲများ
Friday, March 7, 2008
အချစ်အဆိပ် သင့်သူများ (သို့) အချစ်၏ စွန့်ပစ်ခြင်းခံရသူများ
ကောင်းသလို နာကျည်းစရာလည်းကောင်းခဲ့ပါတယ်။
သက်နောင်နဲ့ မွန်သက်တို့က E.C မေဂျာက။ ကျွန်တော်ကတော့ CIVIL မေဂျာက။ မေဂျာမတူကြပေမယ့် သူတို့နှစ်ယောက်က ကျွန်တော်အခင်ရဆုံး သူငယ်ချင်းတွေလေ။ ပြီးတော့သူတို့နှစ်ယောက်ကချစ်သူတွေ။
သူတို့ကလည်း ကျွန်တော့်ကိုအရမ်းခင်ကြတယ်။ ကျွန်တော်ကလည်း ပျော်ပျော်နေတတ်တယ်လေ။ ကျောင်းမှာဆိုကျွန်တော့် ကိုမသိတဲ့လူ ခပ်ရှားရှားဘဲ။ မွန်သက်ဆိုရင် " ဟဲ့ မိုးမြင့် နင်တည်တည်နေရင် နင့်ကို
တစ်နှစ်လုံး လက်ဖက်ရည်တိုက်မယ် " လို့ အမြဲတမ်းပြောတတ်တယ်။ ကျွန်တော်တို့ သူငယ်ချင်း သုံးယောက်က ဘယ်သွားသွား တတွဲတွဲဘဲ။ ဒီလိုနဲ့ ပျော်ရွှင်စွာ ကျောင်းတက်လာကြရင်း နောက်ဆုံးနှစ်ရောက်တဲ့ အချိန်မှာပေါ့။
" ဟေ့ကောင် သက်နောင် မင်းညီမကိုငါမကြိုက်လို့ စိတ်မကောင်းဖြစ်နေတာလားဆောရီးပါကွာ "
ကျောင်းကန်တင်း ထဲက စားပွဲမှာဝင်ထိုင်ရင်း မှိုင်မှိုင်တွေတွေနဲ့ ထိုင်နေတဲ့ သက်နောင်ကို ကျွန်တော်လှမ်းနောက်လိုက်ပါတယ်။ " မနောက်ပါနဲ့ကွာ ငါစိတ်အရမ်းညစ်နေတယ် " " ဟဲ့ မွန်သက် နင်တို့ရန်ဖြစ်ထားကြ ပြန်ပြီလား " ပြောရင်း မွန်သက်ကို လှမ်းကြည့် လိုက်တော့ သူလည်းမျက်နှာမကောင်း။
" နင်တို့တွေဘာတွေ ဖြစ်နေကြတာလည်း " ငါ့လည်းပြောကြပါဦးဟ " " ဒီလိုကွာ မွန်သက် အမေက DV ပေါက်လို့တဲ့ " " ဟေ ဟုတ်လား မွန်သက် ဟဒါဝမ်းသာစရာဘဲ အဲဒါမင်းတို့ မျက်နှာတွေကဘယ်လို ဖြစ်နေတာတုံး။ မျောက်သေကို ရေနှစ်ပြီး ပါးရိုက်ထားတဲ့ ရုပ်နဲ့ " " ချည်းတဲမှဘဲ ပြောတာဆုံးအောင်နားထောင်အုံး။ DV ပေါက်တာ သူ့တို့တစ်အိမ်သားလုံးသွား ရမှာ။ သူ့အမေက ပေါက်တာ
ဆိုတော့ သားသမီးတွေကိုပါ ခေါ်မှာကွ " " အဲဒါ ငါတို့နှစ်ယောက်ဝေးပြီပေါ့ " ငိုသံပါကြီးနဲ့ ပြောလိုက်တဲ့ သက်နောင်ရဲ့ စကားကြောင့် ကျွန်တော်ပါငိုင်ကျ သွားတယ်။ မွန်သက်ဆိုရင် မျက်ရည်တွေဝဲလို့။ဒါပေမယ့် ဒီအချိန်မှာ ကျွန်တော်ပါ ၀မ်းနည်းနေမယ်ဆိုရင် သူတို့နှစ်ယောက်ရဲ့ အခြေအနေက ပိုဆိုးသွားနိုင်တယ် ဆိုတာကျွန်တော်သိနေတယ်။ ဒါကြောင့်မို့ စိတ်မကောင်းဖြစ်မှုကိုမျိုသိပ်ရင်း အခြေအနေကို ၀င်ထိန်းလိုက်ပါတယ်။ " ဒီလောက်လည်းဝမ်းမနည်း နေပါနဲ့ သွားပြီး အလည်ပြန်လာလို့ရတာဘဲ။ အရေးကြီးတာက မင်းတို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက်သစ္စာရှိဘို့ဘဲ။ မင်းကလည်း မွန်သက်မိဘတွေ သဘောကျအောင်ကြိုးစား။ မွန်သက်ကလည်း သက်နောင်ကို ခေါ်နိုင်အောင်ကြိုးစား " ဟုတ်ပြီလား။ " သိပ်လည်းစိတ်မကောင်းမဖြစ်ပါနဲ့ကွာ။ ကျောင်းချိန်လည်းနီးနေပြီ အခန်းထဲဝင်ကြရအောင် " ပြောမယ့်သာပြောလိုက်ရတယ် ကျွန်တော့်စိတ်ထဲလည်း မကောင်းဘူး။ မွန်သက်ဆိုတာ လည်းကျွန်တော့်အချစ်ဆုံးသူငယ်ချင်းဘဲလေ။ ဒီလိုနဲ့ နောက်ဆုံးနှစ်စာမေးပွဲ နီးလာလို့ ကျွန်တော်ရော မွန်သက်နဲ့ သက်နောင်ပါ စာနဲ့နပမ်းလုံးနေရတယ်။ ကျွန်တော်လည်းစာမေးပွဲဖြေခါနီး သူတို့စိတ်အနှောင့်အယှက်ဖြစ်မှာဆိုးလို့ အဲဒီအကြောင်းစကား မစတော့ဘူး။ မခွဲရသေးခင် သူတို့ပျော်ကြပါစေလေ။ဒီလိုနဲ့စာမေးပွဲ နောက်ဆုံးနေ့ဖြေ ပြီးတော့ကျွန်တော်တို့လျှောက်လည်ကြတယ်။ပျော်ရွှင်
နေတဲ့ သူတို့ကိုကြည့် ပြီးတော့ ကျွန်တော်စိတ်မကောင်းဘူး။ ဒီလိုနဲ့ နောက်တစ်ပတ်လောက် အကြာမှာသူတို့နှစ်ယောက် ကျွန်တော့်အိမ်ကိုရောက် လာကြတယ်။ " မိုးမြင့်ငါလကုန်သွားရတော့မယ်။ မသွားခင် ငါတို့လျှောက်လည်မလို့ နင့်ကိုလာခေါ်တာ " " ဟေ ဟုတ်လား ဒါဆိုခဏစောင့် " ပြောပြီးတော့ ကျွန်တော်လည်းကပျာကယာ ရေချိုးအ၀တ်အစားလဲပြီး လိုက်လာခဲ့တယ်။ " မိုးမြင့် ငါတို့အမှတ်တရ ဓါတ်ပုံရိုက်ရအောင် " " အေးကောင်းတာပေါ့ " သက်နောင်ကတော့ မျက်နှာမကောင်းဘူး။ သက်နောင်ကို ကြည့်ပြီးတော့ ကျွန်တော်စိတ်မကောင်းဘူး။ အချိန်တန်လို့ အိမ်ပြန်ရတော့မယ် အချိန်ရောက်တော့ " မိုးမြင့် ငါသက်နောင်ကို နင့်လက်ထဲ အပ်ခဲ့တယ်နော်။ သူငါမရှိတုန်း နောက်အသစ်မထားစေနဲ့နော် " တဲ့။ " နင့်ကို
လည်း တစ်ခါတည်း နှုတ်ဆက်တယ်နော် " လို့ မျက်ရည်တွေ ၀ဲပြီးပြောရှာတယ်။ ကျွန်တော့်စိတ်ထဲ မကောင်းလိုက်တာ။ သက်နောင်ဆို မပြောနဲ့တော့ပေါ့။ သူမငိုမိအောင် မနည်းထိန်းထားရသလိုဘဲ။ " စိတ်ချပါမွန်သက်ရယ် ဒီကောင်ဖောက်ပြန်ရင် ဒီကောင့်ကို ငါအရင်ဆုံးသတ်မယ် " နင်လည်း ဟိုရောက်ရင်ကျန်းမာရေး ကိုဂရုစိုက်။ ငါတို့ဆီကိုလည် အဆက်အသွယ်လုပ်အုံး။ နင်ကပတ်ဝန်းကျင် အသစ်ကို နေရာသစ်ကို သွားမယ့်သူဆိုတော့ ငါတို့ကို မေ့သွားမှာစိုးလို့ " "ငါမမေ့ပါဘူးဟာ။ သွားတော့မယ်နော် " " အေးအေး နင်တို့ အမြန်ဆုံးပြန်တွေ့ ရပါစေဟာ " " မိုးမြင့် ငါမွန်သက်ကို လိုက်ပို့လိုက်အုံးမယ် " " အေးအေးသက်နောင် " ။ တရွေ့ရွေ့နဲ့ ထွက်ခွာသွားတဲ့ သူတို့ကိုကြည့်ရင်း ချစ်ကြသူနှစ်ယောက် အမြန်ဆုံးပြန်လည်ဆုံဆည်းကြပါစေလို့ ကျွန်တော့် စိတ်ထဲဆုတောင်းပေး နေမိတယ်။ ဒီလိုနဲ့ ကျွန်တော်လည်း လုပ်ငန်းခွင်ထဲရောက် သက်နောင်လည်း သူ့အလုပ်နဲ့သူ ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် မဆုံဖြစ်ကြတော့ဘူး။ သုံးနှစ်လောက်ကြာတော့ ကျွန်တော့်ရုံးက ကွန်ပြူတာပျက်လို့ မြို့ထဲက KMD မှာသွားပြင်ရင်း သက်နောင်နဲ့ သွားတွေ့တယ်။ သူက အဲဒီမှာ လုပ်နေတာ။" သက်နောင် မင်းနေနိုင်လိုက်တာကွာ ငါ့ဆီတောင်ဖုံးမဆက်ဘူး။ မင်းပုံစံက ဘယ်လိုဖြစ်နေတာလဲ " အရင်ကဆို သပ်သပ်ရပ်ရပ် နေတတ်တဲ့ သက်နောင် အခုတော့ ဘိုသီဘတ်သီနဲ့။ဆံပင် ကလည်း ဖွာလန်ကြဲလို့ ။ " မင်းဆီဖုန်းဆက်ပါတယ် ဖုန်းဆိုင်ကသူတို့ပြောင်းသွား ပြီတဲ့ မင်းတို့နားမှာ မဟုတ်တော့ဘူးတဲ့ " " အေးဟုတ်တယ်ကွ ဆောရီး၊ မင်းမွန်သက်နဲ့အဆက်အသွယ် ရတယ်မှလား။ နေနိုင်လိုက်တာကွာ ငါ့ဆီစာရေးဖော်တောင် မရဘူး " ဒီစကား ကြားလိုက်တာနဲ့ သက်နောင်မျက်နှာ ချက်ခြင်းအရောင် ပြောင်းသွားတယ်။ ခံပြင်းမှု နာကြည်းမှုတွေ နဲ့ပြည့်နှက်နေတဲ့ ပုံစံမျိုး။ " မင်းဆီသူ စာရေးမှာ မဟုတ်တော့ဘူးမိုးမြင့် " အံကိုကြိတ်ထားရင်း သွားကြားထဲက ထွက်လာတဲ့လေသံ နဲ့ပြောတယ်။ " ဘာဖြစ်လို့လဲကွ။ သူအဆင်ပြေတယ်မှလား " " သူဟိုမှာ အိမ်ထောင်ကျသွားပြီ " " နောက်ဆုံးတစ်ခါ ငါ့ဆီဖုံးဆက်တော့ သူ့ကိုခွှင့်လွှတ်ပါတဲ့ " " ဟေ " ကြားလိုက်ရတဲ့ ကိုယ့်နားကိုယ်တောင် မယုံနိုင်အောင်ဖြစ်သွားတယ်။ " သက်နောင်ကို ကြည့်ထားပေးပါ " ဆိုတဲ့ မွန်သက် " နင်တို့ကို ဘယ်တော့မှ မမေ့ပါဘူး " ဆိုတဲ့မွန်သက်။ အရင်ကဆို သက်နောင်နား ကပ်ပြီး တွတ်တီးတွတ်တာပြောတတ်တဲ့ မွန်သက်။ ကျွန်တော်တောင်မှ ဒီလောက်စိတ်မကောင်း ဖြစ်သွားတယ်ဆိုရင် ကာယကံရှင်ဖြစ်တဲ့ သက်နောင်ဘယ်လောက် များခံစားရမလဲ။ ကျွန်တော်လည်းသက်နောင်ကို အားပေးနှစ်သိမ့်ရင်း ကျွန်တော့်စက်လည်း ရပြီမို့ သက်နောင်ကို နှုတ်ဆက်ရင်းပြန်လာခဲ့တယ်။ ပြန်ခါနီး သက်နောင်ပြောလိုက်တဲ့ စကားတစ်ခွန်းက ကျွန်တော့်နားထဲမှာပဲ့တင်ထပ်နေတယ်။ " ငါသူ့ကို ခွှင့်လွှတ်ပါတယ်။ အဲဒါ သူ့ကိုငါ သိပ်ချစ်လို့ " တဲ့။ သူငယ်ချင်းရယ်။ အော် နေရာဒေသ ပတ်ဝန်းကျင်နဲ့အချိန်ဆိုတာ လူကိုတော်တော် ပြောင်းလဲသွားစေနိုင်ပါလား။ မွန်သက် နင့်အပေါ်မှာ သက်နောင်ဘယ်လောက်ချစ်တယ် ဆိုတာ နင်သိမှသိပါလေစ။
စာကြွင်း။ ။ ကာယကံရှင်များအား မထိခိုက်စေလို၍ အမည်များလွှဲရေးထားခြင်းကို နားလည်ခွှင့်လွှတ် စေလိုပါသည်။
Posted by
Moe Myint Tane
7
comments
Labels: GTI ဒိုင်ယာရီ
Wednesday, March 5, 2008
အမှတ်တရအလွဲများ(၁)
ပူပြင်းအိုက်စပ်လှတဲ့ နွေရာသီနေ့တနေ့.... အဲဒီနေ့က ကျွန်တော်ကျောင်းသွားတုန်း တွေ့ကြုံရတဲ့အလွဲလေးတစ်ခုပေါ့။ အဲဒီအချိန်တုန်းက ကျွန်တော်က အင်းစိန်မှာ GTI မှာ ပထမနှစ်
တက်ခါစ။ ကျောင်းဖွင့်တာ ၃လလောက်ဘဲ ရှိသေးတယ်။ ဖြစ်ချင်တော့ အဲဒီနေ့က ဘယ်လိုအိပ်ချင်မှန်းကို မသိဘူး။ ကျွန်တော်လည်းအိပ်ချင်တဲ့ မျက်လုံးကိုအတင်းပြူးပြီး အိမ်ကထွက်
လာခဲ့တယ်။ ရာသီဥတုကလည်း တော်တော်ပူတာ။ မြေနီကုန်းကားဂိတ်မှာ ကားစောင့်နေရင်း ပူပြင်းလှတဲ့နေမင်းကို ရန်လုပ်နေသေးတယ်။ ၁၀မိနစ်လောက်ကြာတော့ ၄၅aricon bus
ကြီးရောက်လာပါကော။ ဒါနဲ့ ကျွန်တော်လည်းကားနား ပြေးသွားပြီးကားပေါ်တက်လိုက်ပါတယ်။ ကျေးဇူးရှင် စပယ်ယာကလည်း အတင်းတွန်းတင်နေတာ။ တော်တော်မလွယ်ဘူးဗျာ။
ကျွန်တော့် လက်ထဲမှာ Tကပါသေးတယ်လေ။ ကျောပိုးအိတ်ကဖက်၊ ဒီကြားထဲ ကျေးဇူးရှင်က အတင်းတွန်းတင်တော့ စိတ်ထဲကနေ မေတ္တာပို့လိုက်သေးတယ်။ ဒါနဲ့ကားပေါ်ရောက်
တော့ ထိုင်စရာလေးများ ရနိုင်မလားလို့ မျက်စိကလေးကစားလိုက်တယ်။ တွေ့ပါပြီဗျာ ဟိုးနောက်ဆုံးတန်းမှာ။ ဒါနဲ့ကျွန်တော်လည်း သူများမထိုင်ခင် ကဗျာကယာပြေးဦးလိုက်တာပေါ့။
"ဟဲ့ ဟဲ့ ဘယ်လိုလုပ်တာလဲ..." "ဟာ" " ကတော့နော် အမ ဆောရီး" ကျွန်တော်တောင်းပန်တာတောင် သူကမျက်ထောင့်နီကြီးနဲ့ ကြည့်တုန်း။ သူစိတ်ဆိုးမယ် ဆိုလဲဆိုးချင်စရာပါဘဲ။
ကျွန်တော်က နေရာရလိုဇောနဲ့ အပြေးလေးသွားတော့ လက်ထဲကTကို ခဏမေ့သွားတယ်၊ အဲဒီမှာတင် Tတံခေါင်းက အဲဒီအမကြီးလက်ကို ချိတ်မိပြီး ကျွန်တော်သွားတဲ့နောက် ကိုသူ
ကယိုင်ပြီးတော့ ပါလာတာ။ သူ့ကြည့်ရတာလဲ တော်တော်နာသွားတဲ့ ပုံဘဲ။ ကျွန်တော်လည်း ဆောရီးပြောပြီး အသာလေးလစ်ထွက် လာလိုက်တယ်။ ဒီလိုနဲ့ ကျွန်တော်လည်းနောက်
ဆုံးတန်းက ခုံမှာဝင်ထိုင်လိုက်တယ်။ မကြာပါဘူး စပယ်ယာကားခလာကောက်တာနဲ့ ပိုက်ဆံထုတ်ပေးလိုက်ပြီး လွယ်အိတ်လေးပေါင်ပေါ်တင် Tတံကို ဒူးနှစ်ဖက်နဲ့ ညှပ်ပြီးစငိုက်တော့
တာပေါ့။ မဟာမြိုင်မှတ်တိုင် ရောက်တော့ ကျွန်တော့်ဘေးက တစ်ယောက်ဆင်းသွားပြီး အသက်၅၅ ၆၀ လောက်ရှိတဲ့မိန်းမကြီး တစ်ယောက်ဘေးကို ၀င်ထိုင်လိုက်တာ သိလိုက်တယ်။
ဒါနဲ့ ကျွန်တော်လည်း ငိုက်ရင်းကနေ မှေးကနဲ အိပ်ပျော်သွားတယ်။ " မီးတွေ မီးတွေ ကားနောက်မှာ မီးလောင်နေပြီ" "စပယ်ယာ ကားနောက်မှာ မီးလောင်နေပြီ" ဆိုတဲ့ ကျွန်တော့်ဘေး
က မိန်းမကြီး စူးစူးဝါးဝါး အော်သံကြားမှ ဆတ်ကနဲ လန့်နိုးသွားတယ်။ ဒါနဲ့ ကျွန်တော်လည်း အိပ်ချင်မူးတူးနဲ့ နောက်လှည့်ကြည့် လိုက်တော့ ကားနောက်မှာ မီးခိုးလုံးကြီးတွေက အူ
ထွက်လာတာ တွေ့လိုက်ရတယ်။ ဒီမှာတင် ကျွန်တော့်ဘေးက မိန်းမကြီးက ဘာမပြော ညာမပြောနဲ့ ထပြေးတော့တာဘဲ။ ကျွန်တော်လည်း ဘယ်ရလိမ့်မလဲ ပေါင်ပေါ်တင်ထားတဲ့ ကျော
ပိုးအိတ်ကို ဇတ်ကနဲ ကောက်လွယ် Tကို လက်တစ်ဖက်က ကိုင်ပြီးပြေးတော့တာပေါ့။ ဟိုမိန်းမကြီးက ရှေ့က ကျွန်တော်က နောက်ကပေါ့။ ကားပေါ်မှာလည်း ကျွန်တော်တို့ နှစ်ယောက်
ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တာပေါ့။ အဲဒီမှာတင် စပယ်ယာက " ဟာ ဘယ်လိုဖြစ်လို့ ရှောက်ပြေးနေတာတုန်း မီးလောင်တာ မဟုတ်ဘူးဗျ။ အင်ဂျင်ကျနေလို့ မီးခိုးအလုံးလိုက် ထွက်
နေတာ" " မသိဘူးလေတော် မီးခိုးတွေအများကြီး ထွက်တော့ ကျူပ်ကမီးလောင်တယ်ထင်လို့ပေါ့ " လို့ ပြောပြောဆိုဆို နဲ့ ဘာမှမဖြစ်သလိုနဲ့ သူ့နေရာသူ ပြန်သွားထိုင်နေလေရဲ့။ ကျွန်
တော့် မှာတော့ ဘာလုပ်လို့ လုပ်ရမှန်းကို မသိတော့ဘူး။ အိပ်ချင်မူးတူးနဲ့ သူ့နောက်ကလိုက်ပြေး မိတာကိုး။ တစ်ကားလုံးကလည်း ပြူံးစိစိနဲ့ ကျွန်တော်တို့ကို ၀ိုင်းကြည့် နေကြလေ
ရဲ့။ တစ်ချို့မထိန်းနိုင်တဲ့ သူတွေဆို အသံထွက်ပြီးတောင် ရီနေလေရဲ့။ ဟိုမိန်းမကြီးကတော့ ဘာမှမဖြစ်သလို သွားထိုင်နေနိုင်ပေမယ့် ကျွန်တော်မှာတော့ ရှက်လွန်းလို့ နီးစပ်ရာ မှတ်
တိုင်မှာ ဆင်းပြီးနောက်ကား ပြောင်းစီးခဲ့ရပါကော။
ှ
Posted by
Moe Myint Tane
4
comments
Labels: အမှတ်တရ အလွဲများ
Sunday, March 2, 2008
ဘယ်လိုနေရမလဲ
လောကမှာလူရယ်လို့ ဖြစ်လာပြီးရင်တော့ တစ်ဦးတစ်ယောက် ထဲနေဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူဖြစ်နေလို့ပါဘဲ။ လူ့အသိုင်းအ၀ိုင်းထဲမှာ လူတို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လူ့ယဉ်ကျေးမှုလှုမှုဆက်ဆံပေါင်းသင်း
ရေး အစရှိတဲ့ စည်းမျဉ်းတွေနဲ့ ထုံမွှန်းထားတဲ့ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်ထဲမှာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ကျင်လည်နေ
ကြရလို့ပါဘဲ။ဒီလိုကျင်လည်တဲ့ နေရာမှာ လူတွေနဲ့ပေါင်းသင်းဆက်ဆံ တဲ့နေရာမှာ တစ်ချို့တွေနဲ့က ပြသနာမရှိပေမယ့် တစ်ချို့
သောလူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့နေရာမှာတော့ ပြသနာလေးတွေရှိတတ်ပါတယ်။ ဒီအကြောင်းလေးနဲ့ ပတ်သက်ပြီး ကျွန်တော်
လေ့လာမိသလောက် ပြောရမယ်ဆိုရင်တော့ တစ်ချို့တွေက သူတို့နဲ့ပေါင်းသင်း ဆက်ဆံတဲ့လူတွေအပေါ်မှာအထက်စီးကနေဆက်ဆံ
လေ့ရှိတတ်ကြတယ်။သူတို့နဲ့ပတ်သက်ပြီး သူ့ပတ်ဝန်းကျင်က အထင်ကြီးစေချင်တဲ့သဘောမျိုးပေါ့။ တစ်ချို့ကျတော့လည်းမာန
ကြီးတတ်ကျတယ်။ ဘယ်သူကိုမှသူတို့နဲ့ မတန်ဘူးပေါ့လေ။တစ်ချို့ကျတော့ စကားပြောတာကအစ အပြူအမူ အနေအထိုင်အဆုံး သူများချစ်အောင် ခင်အောင်နေတတ်ကြတယ်။ ဒါပေမယ့် သူတို့အတွင်းစိတ်ကတော့ သူတို့အပြုအမူနဲ့ တခြားစီဖြစ်နေတတ်ကြတယ်။
ဒီလိုလူမျိုးကတော့ လူလည်အမျိုးအစားထဲမှာ ပါတာပေါ့။ ဒီမှာအဓိကတွေ့ရ တာကတော့ စောစောကပြောခဲ့တဲ့ လူမျိုးတွေထဲမှာ
အထက်စီးကနေဆက်ဆံ တတ်တဲ့လူမျိုးတွေကတော့ ပတ်ဝန်းကျင်နဲ့ တဖြေးဖြေးဝေးကွာသွားတတ် ကြတယ်။ သူတို့အကြောင်းသိ
သွားတဲ့လူတွေကမပေါင်းကြတော့လို့ပါဘဲ။ အဓိကကြောက်စရာအကောင်းဆုံးနဲ့ သတိထားစရာအကောင်းဆုံး လူကတော့ စောစော
ကပြောခဲ့တဲ့ လူလည်အမျိုးအစားထဲ ပါတဲ့လူပေါ့။ ဒီလိုလူမျိုးကတော့ တော်တော်သတိထားရမှာပါ။ ဒါပေမယ့် နေ့စဉ်နဲ့အမျှရုန်းကန်
လှုပ်ရှား ကျင်လည်နေရတဲ့ ဘ၀ဆိုတဲ့ ဇာတ်ခုံပေါ်မှာ ဘယ်သူနဲ့မှပေါင်းမယ် ဘယ်သူနဲ့ မပေါင်းဘူးလို့ တရားသေရွေးချယ်လို့တော့
မရနှိင်ပါဘူး။ တစ်ခါတစ်ရံမှာတော့ မလွှဲမရှောင်သာ ဆက်ဆံရတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီတော့သတိထားပြီး ပေါင်းသင်းဘို့ဘဲ ရှိ
ပါတယ်။ လူ့အသိုင်းအ၀ိုင်း လူ့ပတ်ဝန်းကျင်ထဲမှာ သွားလာလှုပ်ရှား ရုန်းကန်နေရတဲ့ ကျွန်တော်တို့ကိုယ်တိုင်ကော ပတ်ဝန်းကျင်က
ကိုယ့်ကိုဘယ်လိုလူမျိုးအဖြစ် သတ်မှတ်ထားလဲ ကိုယ့်ရဲ့ ပြုမူပေါင်းသင်းဆက်ဆံပုံကကော ဘယ်လိုလူအမျိုးအစားထဲမှာပါနေလဲဆို
တာကိုယ်ကိုတိုင် ပြန်လည်စမ်းစစ်ဖို့တော့ လိုအပ်ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ဘဲ ဖြစ်ဖြစ်လူတွေကြားထဲမှာ နေထိုင်နေတဲ့ကျွန်တော်တို့ ကိုယ့်ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင်တော့ နေရမှာပါဘဲ။ ဒါကြောင့်မို့ လောကမှာလူရယ်လို့ ဖြစ်လာပြီးရင် လူတွေကြားထဲမှာ
ဘယ်လိုနေရမလဲ ဆိုတာသေချာလေ့လာစမ်းစစ်ဖို့တော့ လိုအပ်ပါတယ်။ မတစ်ထောင်ဖွား လူတွေကြားထဲမှာ ဘယ်လိုနေကြရမလဲ??
ရီရီမောမော ၀င်ကာရောတော့
လူပေါကြီးလို့ ဆိုကြတယ်...
မရီမရော တည်တည်ပြောတော့
မာနကြီးတယ် ဘ၀င်မြင့်တယ်တဲ့...
ကိစ္စများမြောင် လူတို့ဘောင်မှာ
စိတ်မျိုးထွေထွေ လူတွေကြားထဲ
ငါဘယ်လိုနေရမလဲ....???
Posted by
Moe Myint Tane
0
comments
Labels: ဆောင်းပါး
မြန်မာပြက္ခဒိန်
ဒီမှာရှိတယ်
အမှတ်တရ မှတ်တမ်း
Labels
သူတို့က ဒီလိုပြောသွားတယ်
- hi - 3/26/2019 - kaung kin
- အဖေ ဆိုတာ ကျွန်တော် အရမ်းကြီး နားမလည်တဲ့ နယ်ပယ်တစ်... - 9/7/2013 - သိ င်္ဂါ ရ
- စာတွေပြန်ဖတ်ချင်တာဖတ်မရတော့ဘူး - 5/14/2023 - Anonymous
- ဟုတ်တယ်ကျနော်လဲ 2009ကဖတ်လာတာပြန်ဖတ်မရတော့ဘူး - 5/14/2023 - Anonymous
- စာမှန်အောင်ဘက်လိုဖတ်ရမလဲ - 5/14/2023 - Anonymous