ဖြစ်မိတဲ့ သံယောဇဉ်...
ချည်နှောင်မိတဲ့ကြိုး ...
မင်းမို့လို့ ရိုက်ချိုးရက်တယ်...
ကျမိတဲ့ မျက်ရည်...
ရင်ခုန်မိတဲ့ နှလုံး...
ဒီနှစ်ခု အချိုးကျပေါင်းစပ်...
နောက်ဆုံးရလာဒ်က...
ငါ့အတွက်အမုန်းတဲ့...
ထားဖူးတဲ့ သစ္စာ...
ပြုဘူးတဲ့ဂတိ...
နောက်ဆုံးတော့ဗလာနတ္တိ...
ရင်ခွင်မှာ ဒဏ်ရာနက်နက်ထိခဲ့တယ်...
သမုဒယရစ်ခွေလို့...
ခုဘ၀ချစ်နေလည်း...
အလွမ်းတွေတစ်ဆုပ်တစ်ခဲ...
မင်းလက်နဲ့ ဖြန့်ကြဲလို့...
သူမို့ခွဲသွားရက်တယ်...
ကျတော့်အကြောင်း
လေးစားရသော အမအိန္ဒြာ၏ လက်ဆောင်စကား
မင်း ဖြစ်တည်မှုတွေ မနာဖျားစေဖို့၊ မင်းစိတ်အတိုင်း ပျိုးကျဲလိုက်၊ မင်းစိုက်ပျိုးသမျှ.. မင်းရိပ်သိမ်းရဦးမှာ.. ကောင်လေးရဲ့...။
Followers
My Blog List
-
-
“ခွေးကလေး ကောက်ကောက်”2 years ago
-
စာပေဆု ၂၀၂၀3 years ago
-
မဇ္ဇိမသို့ ခရီးသွားအတွေ့အကြုံ တ3 years ago
-
ဟိုး အဝေးမှာ4 years ago
-
-
ချစ်ခြင်းသည်သာ တစ်ကမ္ဘာဆိုသော်ငြား4 years ago
-
အလှနတ်သမီးလေး မလိခ...5 years ago
-
'ဝန်ခံခြင်း'5 years ago
-
လမ်းမကြီးရဲ့ ဘေ6း years ago
-
-
" ကိုယ့်ဇာတာက အဲ့လိုပဲ "7 years ago
-
အဆင်းရှိသောအရပ်၊ ရနံ့သင်းသောကမ္ဘာ8 years ago
-
-
What is Media?9 years ago
-
အသားအရည်လှပဖို့ နည်းလမ်းရှာဖွေထိန်းသိမ်းစို့9 years ago
-
ကန္တာရ ပန်းပွင့်9 years ago
-
မင်္ဂလာပါရှင် ☆彡9 years ago
-
Teachers10 years ago
-
“ ဖြတ်မျဉ်းများ “10 years ago
-
တဖြည်းဖြည်းနဲ့ဝေး10 years ago
-
-
-
-
အနွေးထည်11 years ago
-
လျှို့ဝှက်ပန်း11 years ago
-
ရွာပြင်ထုတ်ခံရသူများ12 years ago
-
-
ချစ်သူသို့13 years ago
-
လွတ်မြောက်ခြင်း13 years ago
-
အတွေ့အကြုံတခုအကြောင်း13 years ago
-
ခရမ်းရင့်ပြာ13 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
ဘယ်နိုင်ငံတွေကပါလိမ့်..!!
Monday, July 28, 2008
သူမို့ခွဲသွားရက်တယ်
Posted by Moe Myint Tane 5 comments
Labels: ကဗျာ
Friday, July 25, 2008
အလွမ်းမြစ်၌မျောပါခြင်း
ပန်းကတ္တီပါ ငွေမှုန်ကြဲပြန်တော့...
အလွမ်းသီတာ စာတွေမဆုံးနိုင်ဘူး...
ရှာဖွေဦးပေါ့ ကာရန်တွေ...
အမုန်းဆိုတာ ရင်မှာငြိပြန်တော့...
အများတကာတွေ ပြုံးတာတောင်...
အနေခက်တာကြောင့် ငါ့မှာလေ...
ရှုံးတာတောင် အဖြေမသိခဲ့ဘူး...
မကျေနပ်ချက်တွေ များလာပြန်တော့...
နေ့ရက်တွေ ခပ်တွေတွေဖြတ်သန်း...
ငါ့ရင်ထဲက အလွမ်းရာသီမှာ...
ကာရန်မညီတေးတစ်ပုဒ်....
ရွေးထုတ်လို့ တင်ဆက်ခဲ့ပြန်ပြီ...
လွမ်းရာသီ ရက်တွေရှည်ကြာညောင်းလေတော့...
ပန်းကဗျာတောင် ရောင်စုံမဖူးနိုင်ဘူး...
အလွမ်းမြစ်နဒီ ရေယဉ်ကြောမှာ...
ငါလေ...
မျောချင်သလောက်သာ မျောစေတော့...
Posted by Moe Myint Tane 8 comments
Labels: ကဗျာ
Wednesday, July 23, 2008
မှန်ကန်သော အလှတရား
ဖောက်ပြန်ခြင်းကင်းသည့် နှလုံးအိမ်၌...
လှပမှု သန့်ရှင်းစင်ကြယ်မှုတို့ဖြင့်ထုံမွှန်းအပ်သော...
အမြတ်နိုးအပ်ဆုံးသော အလှတရားသည်...
လောက၌ တည်လာ၏....
ထိုအလှတရားသည် အချစ်ဖြစ်၏...
ထိုအလှတရားသည် ...
တစ်ခဏမျှမဟုတ် တစ်ဘ၀မျှမဟုတ်...
ဘ၀အဆက်ဆက် သံသရာစက်ဝန်းသို့တိုင်အောင်...
ချစ်သူတို့၏ နှလုံးအိမ်၌ အစဉ်ကိန်းအောင်းရစ်ဖွဲ့....
လိုက်ပါနေမည်သာ ဖြစ်လေသည်...
Posted by Moe Myint Tane 1 comments
Labels: ကဗျာ
Monday, July 21, 2008
ပျက်သုဉ်းခြင်း
တိမ်တောက်တာလား...
ကြယ်ရောင်ပျောက်တာလား...
အလွမ်းမိုးဆွေတာလား...
ပန်းပျိုးစေတာလား...
ဒေါသကိုဖြစ်စေတာလား...
သောကကိုချစ်စေတာလား...
နှလုံးသားကို ငတ်မွတ်တာလား...
အတိတ်ကို လွမ်းဆွတ်တာလား...
ဘာကြောင့်မှန်းမသိ...
မင်းရင်ထဲ ငါဝင်ကြည့်တဲ့အချိန်...
မထင်မှတ်ဘူး (တကယ့်ကို) မထင်မှတ်ခဲ့ဘူး...
မင်းနှလုံးသား အမုန်းမီးတောင်အောက်မှာ...
ချစ်တတ်တဲ့ငါ့နှလုံးသား အရည်ပျော်ကျသွားတယ်...
Posted by Moe Myint Tane 2 comments
Labels: ကဗျာ
ဆုံးဖြတ်ချက်
ကာရန်မဲ့စကားလုံး တစ်ဝက်တစ်ပျက်...
ငါ့ရင်ကအန်ထွက် ရင်ထဲမှာနင့်ကနဲစူး...
ငါ...သေလောက်အောင်ရူးခဲ့တယ်...
အတိတ်ရဲ့မြက်ခင်းပြင်စိမ်းစိုစို...
တို့နှစ်ယောက်အတူ ခိုဝင်တုန်းက...
မင်းလက်တွေအေးစက်နေတာ...
ငါ...အခုမှသဘောပေါက်တယ်...
မင်းနှလုံးသားက...
အဲဒီကတည်းက အေးစက်နေခဲ့တာဘဲ...
ချစ်ခြင်းရဲ့ ကာရန်အဆုံး...
မင်းနှလုံးသား ငါ့ကိုမုန်းခဲ့ပေမယ့်...
ငါ့ရင်က အပြုံးမပျက်...
နောက်ဆုံးရဲ့ ထွက်သက်အထိ...
မင်းကိုတမ်းတ ငါ့နှလုံးသားကလေ...
နွမ်းလျစွာ ချစ်သွားမယ်...
Posted by Moe Myint Tane 3 comments
Labels: ကဗျာ
Wednesday, July 9, 2008
လေပြေတမ်းချင်း
..................................................................................................................................................................................
လင်းသွဲ့လေပြေ
လင်းသွဲ့လေပြေလို့ အမည်ရှိတဲ့ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေက လေပြေလို့ ခေါ်ကြတဲ့ ကျွန်မကို Ecoမေဂျာ တစ်ခုလုံးက Queen အဖြစ်တင်မြှောက်ထားခဲ့ကြတယ်လေ။ ကျွန်မကလည်း ဒီဘွဲ့ကို ကျေနပ်အားရစွာနဲ့ လက်ခံခဲ့တယ်။ တစ်ကျောင်းလုံးရှိသမျှသော ပုရိသယောကျာ်းတွေရဲ့ ပါးစပ်ဖျားမှာ လည်း လေပြေဆိုတဲ့ ကျွန်မ ဘယ်လောက်ချောတယ် ဘယ်လောက်လှတယ် ဆိုတာကို ဘဲပြောနေကြတယ်လေ။ ကျွန်မကလည်း ကို့ရဲ့ အလှအပကို ဂုဏ်ယူနေမိတယ်။ သူငယ်ချင်းတွေကျွန်မကို အမြဲပြောတဲ့ စကားကတော့ "လေပြေ့ကို အားကျလိုက်တာ" ဆိုတာပါဘဲ။ ကျွန်မကို စာလိုက်ပေးတဲ့ လူတွေ ရည်းစားစကားလိုက်ပြောတဲ့ သူတွေကလည်း တစ်ကျောင်းလုံးနီးပါး လောက်ပါဘဲ။ဒီတော့ သူငယ်ချင်းတွေ အားကျမယ်ဆိုလည်း ကျစရာဘဲပေါ့။တစ်နေ့တော့ ကျွန်မရဲ့ လှပမှုကို အကျည်းတန်စေတဲ့ အဖြစ်တစ်ခု မမျှော်လင့်ဘဲ ပေါ်ပေါက်လာခဲ့တယ်။ အဲဒါကတော့ မိုးမြင့်လို့ ခေါ်တဲ့ အူကြောင်ကြောင် ငနဲကြောင့်ပေါ့။ သူလည်း ကျောင်းမှာတော့ နာမည်ကြီးစာရင်းဝင် တစ်ယောက်ပေါ့။ ဒါပေမယ့် သူနာမည်ကြီးတာက အူကြောင်ကြောင်နိုင်လွန်းလို့လေ။အမြဲတမ်းလဲ တစ်လွဲလုပ်တတ်လို့ပေါ့။
တစ်ရက် ကျွန်မ ကန်တင်းလ်ကို အလာလမ်းမှာပေါ့။ "လေပြေ လေပြေ " နောက်ကနေ အမောတကောခေါ်သံကြောင့် ကျွန်မလှည့်ကြည့်မိတော့ အလွဲတကာ့ထိပ်ခေါင် အူကြောင်ကြောင်မိုးမြင့် နောက်ကနေပြေးလိုက်လာတယ်။" ဘာလဲ" ကျွန်မလည်း ခပ်မာမာပြန်ထူးလိုက်တယ်။ ကျွန်မထူးသံကြောင့် သူလန့်သွားတယ်ထင်ရဲ့။ ရုတ်တရက် ဘာပြောရမှန်းမသိဖြစ်နေတယ်။ " ဟဲ့ ဘာလဲလို့မေးနေတယ်လေ" စိတ်မရှည်နိုင်တဲ့ ကျွန်မ ခပ်ဆတ်ဆတ်ထပ်မေးလိုက်မှ အထစ်ထစ်နဲ့ စကားပြောလာတယ်။ "ဟို ဟို " "ဘာဟိုဟို လဲ" " ဟိုလေ စာ စာ" " သြော် စာကလေးကျော်လား ဟိုရှေ့နားမှာ ရောင်းတယ်" "အာမဟုတ်ဘူး ဟို နင့်ကို စာပေးတာ" "ဘာစာလဲ" "နင့်ကို ဘယ်လောက်ချစ်တယ် ဆိုတာ ရေးထားတဲ့ ငါ့ရဲ့ မေတ္တာစာပါ ယူသွားပြီးဖတ်ပေးပါနော် " "ပြီးရင် ငါ့ကို စဉ်းစားပေးပါဟာ နော်" " ဘာ မိုးမြင့် နင့်အိမ်မှာ မှန်ရှိလား" ရုတ်တရက် ကျွန်မမေးလိုက်တဲ့ စကားကြောင့် သူခဏကြောင်သွားတယ် ပြီးတော့မှ " သြော်ရှိတယ် နင် လိုချင်လို့လား ငါယူလာပေးမယ်လေ" " သွားသေလိုက် နင့်မှန်ကို ငါကဘာလုပ်ရမှာလဲ " " မသိဘူးလေ နင်ဘဲမှန်ရှိလားဆို " " အေးငါပြောတာက နင့်အိမ်မှာ မှန်ရှိရင် နင့်ကို နင်မှန်ထဲပြန်ကြည့် ငါ့ကို စာလိုက်ပေးရအောင်နင့် ရုပ်ရည် နဲ့တန်လို့လားလို့" " အာ မဟုတ်ဘူးလေဟာ ရုပ်ချောတယ် မချောဘူးဆိုတာ ဘုရားပေးသလောက်ပေါ့ ငါကရုပ်မချောပေမယ့် နင့်ကို ချစ်တဲ့ ငါ့နှလုံးသားက အချစ်တွေက အမြဲလှ နေပါတယ်ဟာ " " ဟဲ့ နင်လျှာအရိုးမရှိတိုင်း လျှောက်ပြောမနေနဲ့ ငါ့ရှေ့ကနေဖယ်" " လေပြေ နေပါဦးဟာ ငါ့စာလေး ယူသွားပါဟာနော်" "အို မယူနိုင်ဘူး " ဒီလိုနဲ့ ကျွန်မက ရှေ့လှမ်းအထွက် သူကဘေးကနေ အတင်းလိုက်ပေးနဲ့ သူ့ခြေထောက်က ကျွန်မ ဖိနပ်ကို တက်နင်းမိပြီး ကျွန်မ ဖိနပ်ပြတ်သွားပါရော။ " ဟယ် " " ဟာ " " ဖိနပ်ပြတ်သွားပြီ " " ငါ့ဖိနပ် စီးသွားလေ လေပြေ ဖိနပ် မပါရင် နင့်ဖ၀ါး နုနုလေးတွေ နာကုန်လိမ့်မယ် " " သွားသေလိုက် နင်ငါ့နောက်လိုက်မလာနဲ့နော် " ကျွန်မလည်း ရှက်ရှက်နဲ့ အရှေ့က ခပ်သွက်သွက်သွား သူကလည်း နောက်ကနေ အတင်းဖိနပ်လိုက်ပေးနဲ့ တော်တော်ရုတ်ပျက်ဆင်းပျက်နိုင်ပြီး တော်တော်လည်းရှက်ဖို့ကောင်းပါတယ်။ကျောင်းသားကျောင်းသူတွေက လည်း အကုန်ဝိုင်းကြည့်နေတော့ ကျွန်မလည်း တော်တော်ကို ရှက်မိတယ်။ ကျွန်မရှက်လွန်းလို့ ထူပူပြီးတော့ ဘာလုပ်ရမှန်းကို မသိပါဘူး။ ခြေထောက်ကလည်း တစ်ဖက်က ဖိနပ်နဲ့ တစ်ဖက်က ခြေဗလာနဲ့ ဆိုတော့ လမ်းလျှောက်ရတာ တော်တော်ကို ကသိကအောက်နိုင်ပါတယ်။ စိတ်ထဲ မှာတော့ဒင်းကို အမှုန့်ချေပစ်ချင်လောက်အောင်ကို ဒေါသထွက်နေတာ။သူလည်း ကျွန်မဒေါအကြီးအကျယ်ကန်နေပြီဆိုတာ သိတော့ ဆက်လိုက်မလာတော့ဘူး။ကန်တင်းလ်ရောက်လို့ သူငယ်ချင်းတွေကို ပြောပြတော့ သူငယ်ချင်းတွေက အားရပါးရကောင်းချီးပေးကြပါတယ်။ ရီလိုက်ကြတာမှ ပြောမနေပါနဲ့တော့။ " ဖြစ်မှ ဖြစ်ရလေ လေပြေရယ် အလွဲတကာ့ထိပ်ခေါင်နဲ့ မှတွေ့ရတယ်လို့" တဲ့။ ဒင်းတော့လား နေနှင့်ဦးပေါ့။ နောက်တစ်ခါ လာလို့ကတော့ လေပြေ့အကြောင်းကောင်းကောင်းသိစေရမယ်။
ဆက်ရန်
Posted by Moe Myint Tane 2 comments
Labels: ၀ထ္တုတို