Monday, July 21, 2008

ပျက်သုဉ်းခြင်း





တိမ်တောက်တာလား...
ကြယ်ရောင်ပျောက်တာလား...

အလွမ်းမိုးဆွေတာလား...
ပန်းပျိုးစေတာလား...

ဒေါသကိုဖြစ်စေတာလား...
သောကကိုချစ်စေတာလား...

နှလုံးသားကို ငတ်မွတ်တာလား...
အတိတ်ကို လွမ်းဆွတ်တာလား...

ဘာကြောင့်မှန်းမသိ...
မင်းရင်ထဲ ငါဝင်ကြည့်တဲ့အချိန်...

မထင်မှတ်ဘူး (တကယ့်ကို) မထင်မှတ်ခဲ့ဘူး...
မင်းနှလုံးသား အမုန်းမီးတောင်အောက်မှာ...
ချစ်တတ်တဲ့ငါ့နှလုံးသား အရည်ပျော်ကျသွားတယ်...

2 comments:

Dream said...

ကောင်းတယ်...ဒီကဗျာလေးကိုကြိုက်တယ်။

အိန်း..ကောင်းလေစွ။။ကောင်းလေစွ..
တိမ်တောက်တဲ့နေ့မှာ
အလွမ်းမိုးကဒေါသတွေနဲ့ပြည့်နေတဲ့
နှလုံးသားကိုရွာလိုက်တော့အရည်ပျော်သွားတာပေါ့
ကိုယ်တော်လေးဘုရား.....

နှမတော်လေးကြိုက်တော်မူတယ်

ပန်းခရမ်းပြာ said...

>>တိမ်တောက် ကြယ်ရောင်ပျောက်
>>အလွမ်းမိုးဆွေ ပန်းပျိုးစေ
>>ဒေါသကိုဖြစ်စေ သောကကိုချစ်စေ

ဆန့်ကျင်ဖက်တွေနဲ့ ကာရန်ယူထားတာကို အရမ်းကြိုက်တယ်။
အလွန်ကောင်းတဲ့ ကဗျာလေးပါပဲ။

Template by - Abdul Munir