Wednesday, June 4, 2008

တိမ်တွေငိုတဲ့နေ့












နိဒါန်းမရှိ အစပျိုးခဲ့တော့...
အဆုံးဆိုတာ ငါမသိခဲ့ဘူး...
နှလုံးအိမ်မှာ အချစ်ဆိတ်သုဉ်းတော့...
အသည်းကွဲတဲ့ အရသာ...
ငါမခံစားတတ်ခဲ့ဘူး...
အမုန်းနဲ့ မရင်းနှီးဘူးတော့...
အရှုံးဆိုတာဘယ်လိုတုံးလို့...
ငါမေးခဲ့ဘူးတယ်...
ဒါပေမယ့်လည်းလေ...
အချစ်အမုန်း အစပျိုးခဲ့တော့...
နောက်ဆုံးမှာ အရှုံးနဲ့ရင်ဆိုင်...
ငါ့နှလုံးအိမ်မှာလေ...
ဒဏ်ရာတွေ လှိုင်လှိုင်ထခဲ့ပြီ...
အချစ်အမုန်းအရသာ...
မြိန်ယှက်စွာ ငါခံစားမိတော့...
ငါ့ရင်အစုံက အက်ရှခဲ့ပြီ...
ပြင်းပြတဲ့ အမုန်းဒဏ်...
ဖြေဆေးမရှိတဲ့ အချစ်ဆိပ်...
ငါ့ရင်မှာတိတ်တိတ်ခိုဝင်လို့...
ငါ့တစ်ကိုယ်လုံး အေးစက်လာမှ...
ကောင်းကင်ကို မော့ကြည့်မိတယ်...
သြော်.....
တိမ်တွေငိုတဲ့နေ့ပါလား...

5 comments:

မိုးပြေး said...

အမုန်းနဲ့ မရင်းနှီးဘူးတော့...
အရှုံးဆိုတာဘယ်လိုတုံးလို့...
ငါမေးခဲ့ဘူးတယ်.ငါ့ရင်မှာတိတ်တိတ်ခိုဝင်လို့...
ငါ့တစ်ကိုယ်လုံး အေးစက်လာမှ
ကောင်းကင်ကို မော့ကြည့်မိတယ်
သြော်.....

ကိုမိုးမြင့်တိမ် အရေးအသားတွေက တကယ့်ကို ပီပြင်တယ်ဗျာ
တိမ်တွေငိုတဲ့နေ့ပါလား...ဆိုတော့ ငိုပြီးရင်မိုးအဖြစ်ရွာတော့မှာပေါ့နော်..

ရွှေပြည်သူ said...

“ငါ့တစ်ကိုယ်လုံး အေးစက်လာမှ...
ကောင်းကင်ကို မော့ကြည့်မိတယ်...
သြော်.....
တိမ်တွေငိုတဲ့နေ့ပါလား...”တဲ့ အရေးအသားကတော့ ကောင်းမှကောင်းပဲ အစ်ကိုရေး)

ရွှန်းမီ said...

တိမ်တွေ ငိုတယ် ဆိုပါလား ..
ဒဏ်ရာတွေနဲ့ အက်ရှနေမှတော့ . . သူတို့လဲ နာကျင်မှာပေါ့လေ ..
မီ့ဘက်က ...အလွမ်းမိုး မရွာတဲ့ တိမ်... ဒီဘက်လွင့်လာပြီး ငိုတယ်ထင်တယ်. .
စိုရွှဲသွားရင် ခွင့်လွှတ်နော် :-P

heartmuseum said...

မိုက်တယ်ဗျာ။ ဖြေဆေးမရှိတဲ့ အချစ်ဆိပ်...
ငါ့ရင်မှာတိတ်တိတ်ခိုဝင်လို့...
ငါ့တစ်ကိုယ်လုံး အေးစက်လာမှ...
ကောင်းကင်ကို မော့ကြည့်မိတယ်...
သြော်.....
တိမ်တွေငိုတဲ့နေ့ပါလား...
ကွန်တော်ပါ ငိုသွားတယ်။

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း said...

အရမ်းကောင်းတဲ့ စကားလုံးတွေနဲ့ ဒီကဗျာလေးကို လာခံစားသွားပါတယ်။

Template by - Abdul Munir