Saturday, August 2, 2008

ခဏဘိုင့်ဘိုင်

ဘယ်သူ့ကို ဘိုင့်ဘိုင်လုပ်တာလဲလို့တော့ မမေးကြပါနဲ့နော်။ ဟောဒီ ဘလော့ခ်လေးနဲ့ စာဖတ်သူ သူငယ်ချင်းတွေကိုပေါ့။ ခဏနှုတ်ဆက်တာ။ အဲ...နှုတ်ဆက်တာကလည်း ကိုယ်စားနှုတ်ဆက်ပေးရတာ ပေါ့နော်။ မပြောချင်ပါဘူး။ ကျွန်မရဲ့ အစ်ကို ကိုမိုးမြင့်တိမ်အစား နှုတ်ဆက်ပေးတာ။ အစ်ကိုကတော့ ဒီနေ့ နေ့လည် ၁၂း၁၀ လေယာဉ်နဲ့ မြန်မာပြည်ကို ကသုတ်ကရက် ပြန်သွားပါပြီ။ သူလေယာဉ်ပေါ် ရောက်မှပဲ ကျွန်မ GreenGirl လည်း သက်ပြင်းချနိုင်ပါတော့တယ်။ ဘာလို့လည်း ဆိုတာကိုတော့ နောက်နေ့ကျမှပဲ ကျွန်မရဲ့ ဘလော့ခ်မှာ ပို့စ်အနေနဲ့ ရေးပေးထားဦးမယ်။ အခုလောက်ဆိုရင်တော့ သူက အိမ်ကိုပြန်ရောက် မိသားစုနဲ့တွေ့၊ ချစ်သူနဲ့ပါ တွေ့လို့ ပျော်နေလောက်ပြီပေါ့။ ကျွန်မကတော့ အစ်ကိုတစ်ယောက် ပြန်ဖို့အရေး လျှာထွက်ပြီး ဖတ်ဖတ်ကို မောနေတာပဲ။ :P ကျွန်မ အစ်ကိုလေ ကိုမိုးမြင့်တိမ်ပေါ့၊ ကံကောင်းလို့ လေယာဉ်ပေါ်ရောက်တာ။ တကယ်ပဲ သည်းထိတ်ရင်ဖို ဇာတ်လမ်းဖြစ်အောင် လုပ်သွားတယ်။ လောလောဆယ်တော့ မြန်မာပြည်ကို ရောက်သွားလောက်ပါပြီ။ သြဂုတ်လ ၂၀ရက်နေ့မှ စင်ကာပူကို ပြန်ရောက်မှာပါ။ ဒီအရက် ၂၀ အတွင်းမှာ ပို့စ်အသစ်မတက်ရင် အစ်ကို့ရဲ့ စာဖတ်သူ သူငယ်ချင်းတွေ စိတ်မဆိုးကြပါနဲ့လို့ အစ်ကို့ကိုယ်စား အသိပေး အကြောင်းကြားအပ်ပါတယ်။ ကျွန်မ အချိန်ရခဲ့ရင်၊ အလျဉ်းသင့်ခဲ့ရင်တော့ အစ်ကို့ဘလော့ခ်လေးမှာ ပို့စ်အသစ်တင်ပေးပါ့မယ်။ အကြောင်းမတိုက်ဆိုင်ရင်တော့ မပြောတတ်ဘူးပေါ့နော်။း) အမြဲတမ်း လာလည်နေကြတဲ့ အစ်ကို့သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။ ကိုမိုးမြင့်တိမ် ကိုယ်စားပါရှင်...။ သူမို့ခွဲသွားရက်တယ်ဆိုတဲ့ ကိုမိုးမြင့်တိမ်၊ သူကအရင် ခွဲသွားပြီပေါ့နော်... :D

GreenGirl

0 comments:

Template by - Abdul Munir