Monday, November 30, 2009

စိတ်တ္တဇ ( ၂ )

ဆင်ခြင်တုံတရားက ရင်ခွင်အုံကြားမှာ
တစိမ့်စိမ့်နာလို့ တရိပ်ရိပ်မူး
အဆိပ်ဆူးလို အရိုးထိရူးတယ် ။ ။

အနာဂါတ်ကို မထမ်းပိုးနိုင်တဲ့လက်တစ်စုံဟာ
ပဋိပက္ခ ဗျာပါဒအတွက်
ဝါကျတစ်ကြောင်းတောင် ရေးဖို့ခက်လာတဲ့အခါ
လက်ဟာ လက်မမည်
ဘ၀ဟာလည်း
လောင်စာမဲ့ယဉ် တောမရှိတဲ့သစ်ပင် ။ ။

တစ်ချို့တစ်လေအတွက် တစ်ချို့တစ်လေကိုစွန့်ခဲ့
အမှားတွေနဲ့ အမှန်ကိုသတ်ခဲ့
နစ်မြုပ်ဆုံးပါးသွားတဲ့ မုဒိတာမှာ
ကြိုးကွင်းပစ် အတတ်ပညာတွေသာထွန်းကား
အတ္တဟိတတွေ များများလာခဲ့ ။ ။

အဖြူပေါ်အပြာစွက် တိမ်ထက်နည်းနည်းလှမယ်
စကားလုံးမြို့ပျက် အတွက်တော့
သုညဟာ " ၀ " ဖြစ်မလာတဲ့အခါ
ဦးနှောက်ပျက်ရုံသာသာ ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

3 comments:

kaungkinpyar said...

ဆင်ခြင်တုံ တရား နဲ့ ဦးနှောက်ကို ထိမ်းချုပ်ထားပါ မောင်လေး ၊ပျက်လို့ မဖြစ်သေးဘူးလေ..

Anonymous said...

အနာဂါတ်ကို မထမ်းပိုးနိုင်တဲ့လက်တစ်စုံဟာ
ပဋိပက္ခ ဗျာပါဒအတွက်
ဝါကျတစ်ကြောင်းတောင် ရေးဖို့ခက်လာတဲ့အခါ
လက်ဟာ လက်မမည်
ဘ၀ဟာလည်း
လောင်စာမဲ့ယဉ် တောမရှိတဲ့သစ်ပင် ။ ။

ဒီလောက် စာကောင်းပေကောင်းထွတ်နေတဲ့ ဦးနှောက် ပျက်လို့ မဖြစ်သေးဘူးဗျ မပျက်နဲ့ ဦး ဖတ်လို့မ၀သေးဘူးဗျာ

ခင်မင်စွာဖြင့်
ဗညားရှိန်

Unknown said...

တစ်ချို့တစ်လေအတွက် တစ်ချို့တစ်လေကိုစွန့်ခဲ့
အမှားတွေနဲ့ အမှန်ကိုသတ်ခဲ့
နစ်မြုပ်ဆုံးပါးသွားတဲ့ မုဒိတာမှာ
ကြိုးကွင်းပစ် အတတ်ပညာတွေသာထွန်းကား
အတ္တဟိတတွေ များများလာခဲ့ ။ ။

အရမ်းထိတယ် အကိုရေ တကယ်ကြိုက်တယ်
ကဗျာတွေကောင်းလို ဘယ်လိုချီးကျူး၇မလဲမသိဘူး ...

Template by - Abdul Munir