Thursday, June 5, 2008

မှားရင်ပြောပါ

ရုတ်တရက် ဖြစ်ပေါ်လာတဲ့....
အတွေးတစ်စကို ဘေးခဏ....
မချထားခဲ့မိတာ ငါမှားလား????
မြတ်နိုးတတ်တဲ့ နှလုံးသားကို...
ရင်မှာပိုက်လို့ အချစ်ဆိုတာကို...
ဦးခိုက်ခဲ့တာ ငါမှားလား????
ရက်စက်ခြင်းဆိုတဲ့ မြှားတစ်စင်း...
ငါ့ရင်ဘတ်ကို ပစ်ခွင်းခဲ့တော့....
ချိုသာတဲ့စကား ငါ့နှုတ်ဖျားက...
မထွက်တော့တာ ငါမှားလား????
မင်းအတွက်ဖြစ်တည်တဲ့ ငါ့ရင်ခွင်နန်းတော်....
ဧကရီမဲ့ခဲ့ချိန်မှာ ငါ့မျက်ဝန်းတွေ...
ငိုခဲ့တာ ငါမှားတာတဲ့လား????
ရင်နှလုံးပျက်သုဉ်းလို့....
အသည်းနှလုံးကြေမွ ....
ငါ့အရိုးတွေမြေကျတဲ့ အထိတောင်....
သူ့ကိုငါချစ်ခဲ့မိတယ် ဆိုရင်ကော....
ငါမှားတာတဲ့လား?????

2 comments:

Unknown said...

အရိုးတွေမြေကျတဲ့ အထိတောင်....
ချစ်ခဲ့တယ် ဆိုသူကို....
လာအလေးပြုတာ....
ငါမှားတာတဲ့လား?????

ရွှန်းမီ said...

မှားရင်ပြောပါ ဆိုလို့ ဘာမှ မပြောပဲ လှည့်ထွက်သွားရ ကောင်းမလား :-P
. . .
ကိုယ့်ယုံကြည့်ရာက ကိုယ်တိုင်နဲ့ သူများကို မထိခိုက်ရင် မှားတယ်လို့ ပြောလို့မရပါဘူး။

Template by - Abdul Munir