Thursday, August 28, 2008

တမ်းတမိတယ်အကိုရယ်

၅၂၈...
သန့်ရှင်းတဲ့ ချစ်မေတ္တာ...
ဖွဲ့တည်လို့ ရင်ခွင်မှာချည်တဲ့ကြိုး
သံယောဇဉ် တွေတိုးလို့...
အကိုရေ...
ဟိုတုန်းက ပျော်စရာညီအကိုဘ၀..
ငါတကယ်တမ်းတတယ်...


အကိုရေ အခုဒီကဗျာလေးကို မင်းအတွက်ရည်ရွှယ်ပြီး ငါရေးဖွဲ့တယ်ကွာ။ ငါရေးတဲ့ ကဗျာလေးကို မင်းတစ်ယောက် တမလွန်ဘ၀ ကနေ ဖတ်နိုင်ပါစေလို့ ငါဆုတောင်းပါတယ်။ မင်းငါတို့ကို ခွဲခွာသွားတော့ ငါတို့မိသားစုတွေ ဖြေမဆည်နိုင်အောင် ၀မ်းနည်းရတယ်ကွာ။ မင်းတစ်ယောက် ကောင်းမွန်ရာ ဘုံဘ၀မှာ ငြိမ်းချမ်းစွာ အိပ်စက်ပါတော့။


စာကြွင်း။ ။ ဒီကဗျာလေးကို မြန်မာစံတော်ချိန် ဒီနေ့ နေ့လယ် ၁:၁၀ မိနစ်တွင် ဘ၀တစ်ပါးသို့ကူးပြောင်းသွား
ရှာသော ကျွန်တော်ချစ်တဲ့ အကို့အတွက် ရည်ရွယ်၍ ရေးဖွဲ့ပါသည်။

4 comments:

Unknown said...

ငယ်ငယ် ရွယ်ရွယ်နဲ့ ဆုံးသွားပုံရတယ်။
စိတ်မကောင်းပါဘူးဗျာ.....

စန္ဒီမိုးမြင့် said...

စိတ်မကောင်းလိုက်တာအစ်ကိုရယ်
လိမ်မာတဲ့လူတွေက အကြွေစောတယ်တဲ့
ဒါကြောင့် ညီမလည်း နဲနဲဆိုးပေးနေတာ
:P

ရွှေပြည်သူ (ShwePyiThu) said...

အစ်ကိုရေ... တကယ်ကို စိတ်မကောင်းပါဘူး။ တနေ့နေ့လူတိုင်းကြုံရမှာပဲမို့ စိတ်ကိုဖြေပါလို့ ပြောချင်ပေမယ့် အခုလိုအချိန်မှာ ဘယ်လိုခံစားနေရမလဲဆိုတာ နားလည်ပါတယ်။ ငြိမ်းချမ်းပါစေ အစ်ကို...

Anonymous said...

ထပ်တူထပ်မျှကြေကွဲသွားပါတယ်ကိုမိုးမြင့်တိမ်

Template by - Abdul Munir