မှောင်မိုက်မိုက် တိမ်တိုက်တစ်ခုနဲ့.....
တိတ်ဆိတ်စွာ ကျဆုံးတဲ့ငါ့အခန်း.....
အစိမ်းရင့်ရင့် လေပြည်တွေသန်းလို့ပေါ့.....
မျက်ကန်းတို့မည်သည် တစ္ဆေကိုမကြောက်သလို....
လက်လှမ်းလို့မမှီသည့် အဖြေကိုတပ်မက်တော့.....
ငါ့ထက်ရူးသွပ်တဲ့သူကော ရှိဦးမလား....
မှုံဝါးဝါး ညအမှောင်အောက်.....
ယုံမှားတဲ့ လရောင်ပျောက်ချိန်.....
ကြောင့်ကျမဲ့စွာနဲ့ အနူးညံ့ဆုံးချစ်တတ်တဲ့.....
ယောကျာ်းတစ်ယောက်ရဲ့ နှလုံးသား.....
အမုန်းများအောက်မှာ ကျဆုံးခဲ့တယ်....
ဂစ်တာအိုအို သံစဉ်ချိုချိုရွတ်ဆိုလည်း.....
ဝေးလွင့်ခြင်းနှိပ်စက်လို့ အိပ်မက်မှာတောင်.....
ကယောင်ကတမ်း ယောင်ယမ်းလို့တမ်းတမိတော့.....
သောတကလည်း မကြားနိုင်ပြီ.....
လောကကလည်း မသနားနိုင်ပြီ....
အချစ်ကြီးတဲ့ ယောကျာ်း.....
မဖောက်ပြားဘဲ ခေါက်ထားခံခဲ့ရချိန်.....
ဝမ်းနည်းလို့ ငါငိုချင်နေလည်း.....
မာနကို ခ၀ါမချနိုင်ပြီမို့.....
ကြုံလာတဲ့ အလွမ်းဒဏ်ကို.....
ငါ့ရင်နဲ့ ဆီးခံချိန်မှာ.....
ခပ်ယဲ့ယဲ့သာ ပြုံးပြမိတယ်.....
နှလုံးသားမှာတော့မျက်ရည်စတွေနဲ့ပေါ့.....
ကျတော့်အကြောင်း
ကဗျာကို ရူးသွပ်တဲ့လူတစ်ယောက်
လေးစားရသော အမအိန္ဒြာ၏ လက်ဆောင်စကား
မင်း.. အတွေးမှန်သမျှ လွှတ်ချလိုက်၊
မင်း ဖြစ်တည်မှုတွေ မနာဖျားစေဖို့၊ မင်းစိတ်အတိုင်း ပျိုးကျဲလိုက်၊ မင်းစိုက်ပျိုးသမျှ.. မင်းရိပ်သိမ်းရဦးမှာ.. ကောင်လေးရဲ့...။
မင်း ဖြစ်တည်မှုတွေ မနာဖျားစေဖို့၊ မင်းစိတ်အတိုင်း ပျိုးကျဲလိုက်၊ မင်းစိုက်ပျိုးသမျှ.. မင်းရိပ်သိမ်းရဦးမှာ.. ကောင်လေးရဲ့...။
Followers
My Blog List
-
-
“ခွေးကလေး ကောက်ကောက်”2 years ago
-
စာပေဆု ၂၀၂၀3 years ago
-
မဇ္ဇိမသို့ ခရီးသွားအတွေ့အကြုံ တ3 years ago
-
ဟိုး အဝေးမှာ4 years ago
-
-
ချစ်ခြင်းသည်သာ တစ်ကမ္ဘာဆိုသော်ငြား5 years ago
-
အလှနတ်သမီးလေး မလိခ...5 years ago
-
'ဝန်ခံခြင်း'5 years ago
-
လမ်းမကြီးရဲ့ ဘေ6း years ago
-
-
" ကိုယ့်ဇာတာက အဲ့လိုပဲ "7 years ago
-
အဆင်းရှိသောအရပ်၊ ရနံ့သင်းသောကမ္ဘာ8 years ago
-
-
What is Media?9 years ago
-
အသားအရည်လှပဖို့ နည်းလမ်းရှာဖွေထိန်းသိမ်းစို့9 years ago
-
ကန္တာရ ပန်းပွင့်9 years ago
-
မင်္ဂလာပါရှင် ☆彡9 years ago
-
Teachers10 years ago
-
“ ဖြတ်မျဉ်းများ “10 years ago
-
တဖြည်းဖြည်းနဲ့ဝေး10 years ago
-
-
-
-
အနွေးထည်11 years ago
-
လျှို့ဝှက်ပန်း12 years ago
-
ရွာပြင်ထုတ်ခံရသူများ12 years ago
-
-
ချစ်သူသို့13 years ago
-
လွတ်မြောက်ခြင်း13 years ago
-
အတွေ့အကြုံတခုအကြောင်း13 years ago
-
ခရမ်းရင့်ပြာ14 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
ဘယ်နိုင်ငံတွေကပါလိမ့်..!!
Saturday, September 6, 2008
ယောကျာ်းတစ်ယောက်၏ ဖွင့်ဟ၀န်ခံချက်
Labels: ကဗျာ
Subscribe to:
Post Comments (Atom)
8 comments:
ကိုမိုးမြင့်ရေ..... ခင်ဗျား ကဗျာတွေ ဖတ်ပြီးရင် ကျွန်တော် ကဗျာ ရေးချင်စိတ်ကုန်သွားတယ်။ ဟီးးး ဟီးးးး
ခင်ဗျားလို အရေးအသား မကောင်းလို့ဗျ။
ဒီတပုဒ်ကတော့ ကောင်းဗျာ...
ရှယ်ပဲ.... နောက်ဆုံးပုဒ်ကို အကြိုက်ဆုံးးးးး
ဘာတဲ့....
အချစ်ကြီးတဲ့ ယောကျာ်း.....
မဖောက်ပြားဘဲ ခေါက်ထားခံခဲ့ရချိန်.....
ဝမ်းနည်းလို့ ငါငိုချင်နေလည်း.....
မာနကို ခ၀ါမချနိုင်ပြီမို့.....
ကြုံလာတဲ့ အလွမ်းဒဏ်ကို.....
ငါ့ရင်နဲ့ ဆီးခံချိန်မှာ.....
ခပ်ယဲ့ယဲ့သာ ပြုံးပြမိတယ်.....
နှလုံးသားမှာတော့မျက်ရည်စတွေနဲ့ပေါ့.....
ပြတိုက်ရှင်ကြီးရေ...ပြတိုက်ရှင်ကြီးရဲ့ comment ကိုဖတ်ပြီး ကျွန်တော့်ခေါင်းမှာ အဖုကြီးထွက်သွားတယ် အမြောက်လွန်ပြီး မျက်နှာကျက်နဲ့ ခေါင်းနဲ့စောင့်တာလေ ဟီးဟီး။ ကျွန်တော်လည်း အဲဒီအပိုဒ် ကိုပိုကြိုက်တယ်။ ပြတိုက်ရှင်ကြီးနဲ့ ကျွန်တော်နဲ့ အကြိုက်ချင်းတူတယ်။ ကျေးဇူးတင်ပါတယ် ပြတိုက်ရှင်ရယ်။
မျက်ကန်းတို့မည်သည် တစ္ဆေကိုမကြောက်သလို....
လက်လှမ်းလို့မမှီသည့် အဖြေကိုတပ်မက်တော့.....
ငါ့ထက်ရူးသွပ်တဲ့သူကော ရှိဦးမလား....
...
ကယောင်ကတမ်း ယောင်ယမ်းလို့တမ်းတမိတော့.....
သောတကလည်း မကြားနိုင်ပြီ.....
လောကကလည်း မသနားနိုင်ပြီ....
...
ခပ်ယဲ့ယဲ့သာ ပြုံးပြမိတယ်.....
နှလုံးသားမှာတော့မျက်ရည်စတွေနဲ့ပေါ့.....
...
...
ကြိုက်တဲ့စာသားတွေ high light လုပ်ရရင် တစ်ပုဒ်လုံးပါပဲ။
မာနတစ်မျိုးကို ခံစားမိတယ်။
သစ်စာရှိတဲ့ ယောက်ျားကို မိန်းမတွေက ထားသွားတယ်။ သစစ်စာရှိတဲ့ မိန်းမကို ယောက်ျားတွေက ထာသွားတယ်။ ဘာလို့များ တူတဲ့သူချင်း မတွေ့ကြတာလဲ ???
မရွှန်းမီရေ လာလည်ဖတ်ရှုပြီး ခံစားပေးသွားတဲ့ အတွက်ကျေးဇူး အထူးပါဗျာ ရံဖန်ရံခါမှာဖြစ်ပေါ်တတ်တဲ့ ယောကျာ်းတစ်ယောက်ရဲ့ မာနပါ။
Greengirlရေ လူတိုင်းတော့ မဟုတ်ပါဘူး သစ္စာရှိရှိနဲ့ ချစ်ကြတဲ့ ချစ်သူစုံတွဲတွေလည်း အများကြီးရှိပါတယ် ညီမလေးလည်း သစ္စာရှိတဲ့ ချစ်သူမျိုးနဲ့ဘဲ တွေ့မှာပါ လာလည်ဖတ်ရှုတဲ့ အတွက်ကျေးဇူးပါ။
ကဗျာ ရေးနည်းလေးကို အတုခိုးသွားတယ်နော်။ အပိုဒ်တိုင်းရဲ့ နောက်ဆုံး နှစ်ကြောင်းကို အရမ်းကြိုက်တယ်။
ကျဆုံးခဲ့သော
နှလုံးသားရဲ့ မာနကို
ခဝါ မချနဲ့ ..... သူငယ်ချင်းရေ
အစ်ကိုရေ... ကဗျာရေးကတော့ ကောင်းပြီးရင်း ကောင်းပါပဲ... နောက်ဆုံးအပိုဒ်က တကယ်ကို ထိရှခံစားရစေပါတယ်။ ပျော်ရွှင်ပါစေ အစ်ကို...
တကယ်ကောင်းတဲ့ ကဗျာပဲဗျာ. ကျတော်တော်တော်ကြိုက်တယ်.လေးစားပါတယ်
Post a Comment