Wednesday, September 9, 2009

လွမ်းမောသစ်ပင်

အနက်နဲဆုံး စောင့်ထိန်းမှုတွေကိုကျစ်လျစ်ရင်း
ဘ၀မှာ တစ်ကြိမ်တစ်ခါမှသောက်ခွင့်မရှိတဲ့
ရေကြည်တစ်ပေါက်အတွက်
ငါ့စောင်းကြိုးတွေကို ဖြေလျော့ပစ်လိုက်တယ် ။ ။

အလျဉ်းသင့်သလို လက်လှမ်းမှီသလို
ဘ၀တေးကို သီကြူးရင်း
တောနက်မျက်မည်းမှာ ငါတစ်ယောက်တည်း
ဖရိုဖရဲစိတ်တွေနဲ့ အသားကျ
ညတွေကလည်း နက်သထက်နက်ခဲ့ပြီ ။ ။

ရင်ဘတ်ဖြူသူ နိုင်စတမ်း
ဘ၀ကိုထမ်းပြီး လောင်းတန်းတင်လိုက်တဲ့
အာရုံအခါး ကြွေအံကစားတဲ့ပွဲမှာ
ရရှိလိုက်တဲ့ ဒဏ်ရာ
ရင်ကွဲနာလို့ ခေါင်းစဉ်တပ်
ရင်ဘတ်မှာ တံဆိပ်ကပ်ခဲ့တယ် ။ ။

တကယ်ဆို...
ငါဟာသင်းကွဲတစ်ကောင်ပါ
မချင့်မရဲ ရင်ကွဲတေးတွေလဲသီကြူးတတ်တယ်
အနုံညတရ စိတ်အဟာရကိုလဲ သောက်သုံးနေတတ်ရဲ့ ။ ။

သံယောဇဉ်တင်းတင်းတွေ ရင်မှာစိုက်ဝင်ရင်း
စိတ်ကိုဓါးရိုးလုပ် ဘ၀ကိုသွေးမိကာမှ
အဆိပ်သင့်သွားတဲ့ သစ်တစ်ပင်ဟာငါဖြစ်နေမှန်း
ငါကိုယ်တိုင် မသိခဲ့လိုက်ဘူး ။ ။

တကယ်တော့...
ကြွေကျသွားတဲ့ သစ်ရွက်ထက်
စွန့်ခွာခံလိုက်ရတဲ့ သစ်ပင်ရဲ့ ဖြစ်အင်က
ပိုလွမ်းမောစရာကောင်းပါတယ် ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

9 comments:

အိုင်လွယ်ပန် said...

လွမ်းမော သစ်ပင်
ခံစားသွားတယ် ကိုယ့်ဆရာ ...

ဆောင်းယွန်းလ said...

တကယ်တော့...
ကြွေကျသွားတဲ့ သစ်ရွက်ထက်
စွန့်ခွာခံလိုက်ရတဲ့ သစ်ပင်ရဲ့ ဖြစ်အင်က
ပိုလွမ်းမောစရာကောင်းပါတယ်

အကြိုက်ဆုံးပဲညီလေးရာ...

MANORHARY said...

လွမ်းမောသစ်ပင်.....
ကြွေလွင့်သစ်ရွက်
အဆိပ်တက်နေ...............

flowerpoem said...

ကဗျာလာဖတ်ပါတယ် ကိုမိုးမြင့်တိမ်..

emayarKhin said...

တကယ်တော့...
ကြွေကျသွားတဲ့ သစ်ရွက်ထက်
စွန့်ခွာခံလိုက်ရတဲ့ သစ်ပင်ရဲ့ ဖြစ်အင်က
ပိုလွမ်းမောစရာကောင်းပါတယ် ။ ။

စိတ်ထဲစွဲသွားတာပဲ.....

လင်းဒီပ said...

လွမ်းမောနေတဲ့သစ်ပင်ကြီး သနားပါတယ်..:P

အိန္ဒြာ said...

ရင်ဘတ်ဖြူသူ နိုင်စတမ်း
ဘ၀ကိုထမ်းပြီး လောင်းတန်းတင်လိုက်တဲ့
အာရုံအခါး ကြွေအံကစားတဲ့ပွဲမှာ
ရရှိလိုက်တဲ့ ဒဏ်ရာ
ရင်ကွဲနာလို့ ခေါင်းစဉ်တပ်
ရင်ဘတ်မှာ တံဆိပ်ကပ်ခဲ့တယ် ။ ။

အလွမ်းဟာ..တိတ်ပဲမတိတ်နိုင်တော့တဲ့ မိုးလား....

minn thuka said...

ရောက် ..တင်းနေတယ် အမြန် လာချော့ပါ..မလာရင် ညီအဖြစ်မှ ရာသက်ပန်
အမွေပြတ် ( အဲအမွေ ပေးစရာမှမရှိတာ)
ဘာဖြစ်ဖြစ်ပြတ်တယ်...
ချစ်စရာ့ကဗျာလေးအဖြစ်မှတ်သွားပါကြောင်း

ကောင်းကင်ပြာ said...

ရင်ကွဲနာလို့ ခေါင်းစဉ်တပ်
ရင်ဘတ်မှာ တံဆိပ်ကပ်ခဲ့တယ်...

မဖြစ်သင့်ဘူးး

Template by - Abdul Munir