Thursday, September 17, 2009

အမေ့ထံဖွင့်ဟခြင်း (၂)

အတိတ်နဲ့အနာဂတ်ကို ရောကြိုနိုင်ဖို့
ပစ္စုပန်ညနေတစ်ခုမှာ ညနေတွေကိုစုချည်မိတော့
ပြောလျော့နေတဲ့ ကြိုးတစ်စမှာ
လွတ်ကျသွားခဲ့တာ မာန...အမေ ။ ။

စိတ်အမိုက်ကို ခုတ်ထွင်ဖို့
ကျွန်တော်သွေးလိုက်မိတဲ့ ဓါးက
ရင်သွေးအနှစ်နဲ့ ထုဆစ်တယ်..အမေ ။ ။

ရိုးမတောအလယ်မှာ မီးနဲ့နပန်းလုံး
ဝါးရုံတို့နဲ့ ထိုးစစ်ဆင်
နွားစာခွက်ထဲ ပျော်ဝင်စီးဆင်း
အလင်းမမှိန့်တမှိန်နဲ့ ပရလောကထဲမှောက်ရက်လဲတုန်းက
ကျွန်တော်သွေးမကြောင်ခဲ့ဘူး...အမေ ။ ။

အခုတော့လည်း
အမှောင်ကိုအောင်နိုင် နီယွန်မီးလှိုင်လှိုင်ပွင့်ရင်း
လူမျိုးခွဲခြားဝါဒတရားတွေ ကြီးစိုးမင်းမူ
ဟောဒီ့ကျွန်းအငူမှာ...ကျွန်တော်လေ
အာရုံကိုသွေးနှောက်လို့ အဝေးရောက်မှ
ကြောက်တတ်နေခဲ့ပြီ...အမေ ။ ။

ထောင်မတ်နေရင်းက ငုံ့ငုံ့သွားရတဲ့ဇက်တွေ
လောက်မြိုက်နေရင်းက ပြုံးပြုံးပြရတဲ့ရက်တွေ
အံကြိတ်နေရင်း မာန်စိတ်တွေတင်းခဲ့ရတဲ့မနက်တွေ
နေ့စဉ်ရက်ဆက် တစ်ကျွန်းစံစိတ်ဓါတ်တွေနဲ့
အမေ့ရဲ့သား ငမိုက်သားလေ
မီးတောင်အောက်မှာ အမြီးအတောင်မပေါက်တဲ့ငါးကို
ရှာဖွေနေခဲ့မိပြီ အမေ....။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

11 comments:

Vigor said...

I really appreciate those who knows how to write poems.

မိုးမောင်(HappyCloud) said...

ဒီတစ်ပုဒ်က ပိုပြင်းထန်တယ် ကဗျာဆရာ...။ ရင်ဘတ်ထဲ အတိုင်းသား လှမ်းမြင်နေရတယ်။

အိန္ဒြာ said...

ဒဏ်ရာတွေက ကဗျာသွေးတွေကိုနိုး ပေးတယ်..
ဒဏ်ရာတွေက ဘ၀ကို ကျစ်လစ်လာစေတယ်..
ဒဏ်ရာတွေက..ပန်းတိုင်ကိုရောက်အောင်လှမ်းနေတဲ့ခရီးရဲ့ လောင်စာဆီပဲ....

နင့် အမ

ဆောင်းယွန်းလ said...

ထောင်မတ်နေရင်းက ငုံ့ငုံ့သွားရတဲ့ဇက်တွေ
လောက်မြိုက်နေရင်းက ပြုံးပြုံးပြရတဲ့ရက်တွေ
အံကြိတ်နေရင်း မာန်စိတ်တွေတင်းခဲ့ရတဲ့မနက်တွေ
နေ့စဉ်ရက်ဆက် တစ်ကျွန်းစံစိတ်ဓါတ်တွေနဲ့
အမေ့ရဲ့သား ငမိုက်သားလေ
မီးတောင်အောက်မှာ အမြီးအတောင်မပေါက်တဲ့ငါးကို
ရှာဖွေနေခဲ့မိပြီ အမေ....

ဟေ့.ညီလေး
ကဗျာအတွေးတွေရော ကဗျာအရေးတွေပါ ပိုပြီးထက်ရှလှပလာတယ်...ဒီလိုကဗျာမျိုးတွေကိုဖတ်ရတာပိုပြီးအားရတယ်ညီလေး
ရေ...ဘဝစစ်စစ်တွေပေါ့

lynnnayko said...

မိုက်တယ်..အကိုရေ

ကြယ်ပြာ said...

ကဗျာကို ကဗျာလိုဖတ်ရင်းနဲ့ပဲ စိတ်တခုလုံးကဗျာထဲရောက်သွားတယ် ... ဖတ်လို့အရမ်းကောင်းတယ် ကဗျာဆရာရေ ...

Julian said...

ထောင်မတ်နေရင်းက ငုံ့ငုံ့သွားရတဲ့ဇက်တွေ
လောက်မြိုက်နေရင်းက ပြုံးပြုံးပြရတဲ့ရက်တွေ
အံကြိတ်နေရင်း မာန်စိတ်တွေတင်းခဲ့ရတဲ့မနက်တွေ
နေ့စဉ်ရက်ဆက် တစ်ကျွန်းစံစိတ်ဓါတ်တွေနဲ့
အမေ့ရဲ့သား ငမိုက်သားလေ
မီးတောင်အောက်မှာ အမြီးအတောင်မပေါက်တဲ့ငါးကို
ရှာဖွေနေခဲ့မိပြီ အမေ....။ ။


ကိုယ့်ကိုယ်များပြောနေသလားထင်ရအောင် ရင်ထဲကို ထိတယ်။

ဂျူ

အမရာ said...

အကိုရေ...ခံစားချက်ပြင်းပြင်းနဲ့
ကဗျာလေးက ..မျက်ရည်ဝဲစေတယ်....

ဒဏ္ဍာရီ said...

အကို့ရဲ့ ကဗျာလေးတွေကို ဘလောဂ့် တချို့မှာ ဖတ်ဖူးခဲ့ပါတယ်။ ကဗျာလေးတွေရဲ့ တန်ဘိုးရှိလှတဲ့ ရဿတွေကိုလည်း ခံစားသွားပါတယ်။

ခင်မင်လေးစားလျှက်

အဇ္ဈတ္တပြခန်း said...

ကဗျာကောင်းလေးဖတ်သွားတယ်။

ထောင်မတ်နေရင်းက ငုံ့ငုံ့သွားရတဲ့ဇက်တွေ
လောက်မြိုက်နေရင်းက ပြုံးပြုံးပြရတဲ့ရက်တွေ
အံကြိတ်နေရင်း မာန်စိတ်တွေတင်းခဲ့ရတဲ့မနက်တွေ

စကားလုံးအသုံးတွေတော်တော်လေးသဘောကျတယ်။

မိုးကြယ် said...

ဆရာရေ အမြီးအတောင်မပေါက်တဲ့ငါးဆိုတာလေးက
လန်းတယ်ဗျာ...
ကျွန်တော်ပြန်လာပြီဗျာ...

ခင်မင်လေးစားလျက်
မိုးကြယ်

Template by - Abdul Munir