Sunday, November 1, 2009

အယောင်

တပ်မက်မှုအဆီအနှစ်တွေ ခြုံငုံရင်း
ဖြန့်ကျက်ကြဲပက်လိုက်တဲ့ စိတ်ကုဋေကုဋာမှာ
အယောင်ဆောင်မှုတွေ တိုးတက်ထွန်းကား
မာယာဟာ လောကခရီးသွားရဲ့ အိတ်ဆောင်တစ်လုံးလား ။ ။

မုန်းသူတွေလည်း ပြုံးယောင်ဆောင်လိုက်ကြ
ရှုံးသူတွေလည်း နိုင်ယောင်ဆောင်လိုက်ကြ
အလှတရားကို လှည့်ဖြားကျီစယ်
သိက္ခာကို အထပ်ထပ်ဆင်မြန်းရင်း
ရင်းနှီးကျွမ်းဝင် လှည့်ပတ်ခဲ့လိုက်ပုံများ
ကျောက်ခေတ်ရဲ့ ညတစ်ညတောင် အယောင်ဆောင်မှုတွေနဲ့လှလို့ ။ ။

ရက်စက်မှုတွေ အပြစ်ကင်းလာတဲ့အခါ
ကြွယ်ဝမှုတွေက မွဲပြာမှုကိုနိုင်စားလာတဲ့အခါ
ဗြဟ္မစိုရ်တရားတွေက သိပ်ခါးတဲ့ကော်ဖီတစ်ခွက်ဖြစ်လာတဲ့အခါ
ကမ္ဘာလည်ပတ်တာ တစ်ရက်မပြည့်ခင်
ဖြန့်ကျက်ပွင့်ဖူး သွားခဲ့လိုက်ကြတာများ
ဘုံတစ်ခွင်မှာ အယောင်ဆောင်လသာတယ် ။ ။

အဇ္ဇျတဆိုတဲ့ စိတ်သဏ္ဍာန်
အကြိမ်ကြိမ်အဖန်ဖန် လွှာချကြည့်ပြန်တော့
ဘ၀ခရီးဆက်တဲ့ ငါတို့အတွက်
ရက်ဆိုတာ သိပ်မကျန်တော့တဲ့အခါ
သံသရာမှာ ငါတို့....အယောင်ဆောင်ကြဦးမလား ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

6 comments:

အိုင်လွယ်ပန် said...

အယောင် ရယ်
ယောင်ဦးမှာလားဆိုတဲ့ မေးခွန်းတွေရယ်
............................
..............................
အဲသလို
အသားကျ နေခဲ့ကြပေါ့
ကြာပြီ ..။

လွမ်းသုရင် said...

အယောင်တွေကတော့ အားလုံးလိုလိုပါပဲ :)

ShwunMi- said...

“ယုန်ကလေးက နားရွက်ထောင် ပညာရှိယောင်ဆောင်”.. ကဗျာနဲ့ ကြီးလာတာ.. ဒါပေမယ့် ပညာရှိတွေကမှာ သူ့ဘာသာ ယုန်ကိုစွဲပြီး နားရွက်လိုက်တပ်ကြတာလားမသိဘူး..

အိန္ဒြာ said...

ဗြဟ္မစိုရ်တရားတွေက သိပ်ခါးတဲ့ကော်ဖီတစ်ခွက်ဖြစ်လာတဲ့အခါ
ကမ္ဘာလည်ပတ်တာ တစ်ရက်မပြည့်ခင်
ဖြန့်ကျက်ပွင့်ဖူး သွားခဲ့လိုက်ကြတာများ
ဘုံတစ်ခွင်မှာ အယောင်ဆောင်လသာတယ် ။ ။

အဇ္ဇျတဆိုတဲ့ စိတ်သဏ္ဍာန်
အကြိမ်ကြိမ်အဖန်ဖန် လွှာချကြည့်ပြန်တော့
ဘ၀ခရီးဆက်တဲ့ ငါတို့အတွက်
ရက်ဆိုတာ သိပ်မကျန်တော့တဲ့အခါ
သံသရာမှာ ငါတို့....အယောင်ဆောင်ကြဦးမလား ။ ။

စကားလုံးတွေ အားကောင်းလိုက်တာ မောင်လေး

အယောင်..
အယောင် ကိုတောင်
အယောင်ဆောင်ဆောင်နေခဲ့ရတာ
သိပ်ကြိုက်ပါတယ်

သိင်္ဂါကျော် said...

သံသရာမှာတော့ အယောင်ဆောင်ဖို့ မသင့်တော့ဘူး နဲ့တူတယ်...

နွေးနွေးသဲမွန် said...

ရက်စက်မှုတွေ အပြစ်ကင်းလာတဲ့အခါ
ကြွယ်ဝမှုတွေက မွဲပြာမှုကိုနိုင်စားလာတဲ့အခါ
ဗြဟ္မစိုရ်တရားတွေက သိပ်ခါးတဲ့ကော်ဖီတစ်ခွက်ဖြစ်လာတဲ့အခါ
ကမ္ဘာလည်ပတ်တာ တစ်ရက်မပြည့်ခင်
ဖြန့်ကျက်ပွင့်ဖူး သွားခဲ့လိုက်ကြတာများ
ဘုံတစ်ခွင်မှာ အယောင်ဆောင်လသာတယ် ။ ။<-- အယောင်ဆောင်နေဖြစ်ဦးမယ်ထင်ပါရဲ့ ကွယ်...သိပ်ကြိုက်တယ်...

Template by - Abdul Munir