Wednesday, December 9, 2009

ဆေးရောင်စုံ

ခုန်တော့ ခုန်ချလိုက်တယ် ။

" ပလုံ " တော့မကြားရဘူး
ဘ၀တွေသာ ရူးသွားခဲ့တယ် ။ ။

မဇ္ဇျိမပဋိပဓာ ဤဘဒ္ဒကမ္ဘာမှာ
လှလှပပ လူ့ဘ၀တွေရှိတယ်
သဘာဝအရ လူ့အန္တတွေရှိတယ်
ရမ္မက်စိတ်ထွား လူ့ငနွားတွေရှိတယ်
တပ်မက်မှုခြုံ ဘီလူးပုံလူတွေရှိတယ် ။ ။

မျောပါစီးဆင်း လူ့ငဖျင်းတွေရှိတယ်
သွေးဆောင်မြူချိုး လူ့ငဆိုးတွေရှိတယ်
ပေါင်းစပ်ထွေးယူ အေးလိုသူတွေရှိတယ်
ကြွတက်စိတ်ထား လူ့အပူသားတွေရှိတယ် ။ ။

ပခုံးနှစ်ဖက်ကြားတော့ ခေါင်းပေါက်လိုက်ကြ
စိန်နားကပ်အရောင်နဲ့ ပါးပြောင်လိုက်ကြ
ဖွတ်ထက်မွဲလာတဲ့ စိတ်အဆင်အယင်တွေမှာ
သောင်ပြင်လွှတ်တဲ့ ဘ၀တွေသာများလာခဲ့ ။ ။

လူလူချင်း လှေကားထစ်လိုချနင်းလာကြတဲ့ခေတ်ထဲ
ထီးဖြူ ဖိနပ်ပါး တစ်ဝမ်းတစ်ခါးနဲ့
အမယ်အိုရဲ့ မျက်ရည်ဟင်းခါးတစ်ခွက်
အေးစက်ခါးသက် ရောင်းဈေးတက်ခဲ့။ ။

ရင်တွင်းဖြစ် ရွှေချအတ္တနဲ့
အရေခြုံခြင်း အလေ့အထ
ခြူချစရာမလို ဈေးကွက်ပိုခဲ့ ။ ။

တစ်ရက်စာတောင် မပွင့်တော့တဲ့ အပြုံးနဲ့
မမျှတတော့တဲ့ အပေးအယူမှာ
ချိန်ခွင်တွေ အလေးမတူခဲ့ကြရင်း
လောကပါလကို ကျောကခွာချလိုက်တဲ့နောက်
လှစ်ဟမှုတွေရဲ့ အကွယ်
ချောက်တွေဘယ်လောက်ကျယ်နေကြပြီလဲ ။ ။

ရုန်းထွက်လေမှ နွံနစ်ရတဲ့ သနစ်တွေ
ခြင်္သေ့မြေမှာ ပေါက်ကွဲရတဲ့ အဖြစ်တွေ ။ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

7 comments:

ကောင်းကင်ပြာ said...

ကဗျာတွေ များများရေးချ လိုက်ပါ မောင်လေး..း)

အိုင်လွယ်ပန် said...

ကဗျာ လာဖတ်သွားတယ် ကိုမိုးမြင့် :)

သိင်္ဂါကျော် said...

လူတွေ အကြောင်း တော်တော်ကောင်းတဲ့ ကဗျာလေးပါပဲ...။

ဆောင်းယွန်းလ said...

ကဗျာကောင်းတပုဒ်ပါပဲ ညီလေးရေ...

အိန္ဒြာ said...

လု စိတ်တွေနဲ့
ဲ့လူ တွေ
လူး နေခဲ့ရတာ

Anonymous said...

ရင်နဲ့ ဖတ်သွားတယ်
ကဗျာကောင်းလေး ကို
လင့်ခ်ထားမယ်နော်

Unknown said...

ဂျီတော့ မှာ အမြဲ တင်နေကျ..

(ခုန်တော့ ခုန်ချလိုက်တယ် ။

" ပလုံ " တော့မကြားရဘူး
ဘ၀တွေသာ ရူးသွားခဲ့တယ် ။ ။

ဒီစာသားလေး မေ့နေတာကြာပြီ ..
ဟိဟိ

Template by - Abdul Munir