အာရုံကို ပိတ်ဖို့ကြိုးစားနေဆဲ
လွင့်ပျံ့ခြင်း စစ်တလင်းစိန်ခေါ်ပွဲမှာ
စိတ်အစဉ်ရဲ့ လောင်မြိုက်ခြင်းကိုငြိမ်းသတ်ဖို့
ငါသိမ်းပိုက်တဲ့မြို့က ကိလေသာထူပြောတယ်!!
တကယ့်ကို လွတ်မြောက်ချင်တာလား!!
တကယ်ကော လွတ်မြောက်ချင်ရဲ့လား!!
စိုးရိမ်ပူပန်မှု စေတသိတ်အခန်းထဲ
အမှောင်တွေ မိုက်သထက်မိုက်ကြပေါ့ !!
ဆင်ဝှေ့ရန်ရှောင်ကို ပိုင်နိုင်တတ်မြောက်ထားတဲ့ နှင်းတစ်ပွင့်ဟာ
ပဟေဠိဆန်စွာ လှပတင့်တယ်ရင်း
သိုဝှက်ခြင်းတံတိုင်း အထပ်ထပ်နဲ့
ရင်ရင်ခြင်းပစ်ခတ်မှုကို ကာကွယ်တယ် !!
နေကြောင့် ကြွေတဲ့ကြယ်နဲ့
လေကြောင့် သေတဲ့မြစ်တွေအကြောင်းပြောတော့
နှင်းကပြုံးရင်း ရေငုံနှုတ်ပိတ်
မျက်နှာစာသစ်ကို ဖွင့်လှစ်တယ် !!
သံယောဇဉ်ပျံ့ကြဲနေတဲ့ ကြမ်းပြင်ထက်
ရင်ကွဲတေးကို ဖော်ကြူးဖို့
ကိုယ့်ကကွက်ကိုယ် သတ်မှတ်ရင်း
ဗုံတစ်လုံးရဲ့ မြို့ပျက်ဂီတဟာ
ဆွေးမြေ့လွန်းစရာ ကောင်းနေခဲ့ !!
မျောလာတဲ့ သေတ္တာတစ်လုံးထဲ
အရာအားလုံးနောက်မှ ခုန်ထွက်
မျှော်လင့်ခြင်းလို့ သတ်မှတ်သတဲ့
တကယ်သာ ဆိုရိုးမှန်ရင်
မျှော်လင့်ခြင်းနဲ့လက်ဖို့ ဘ၀ရဲ့အာရုဏ်တက်
နေထွက်ခွင့်ပြုပါ !!
မိုးမြင့်တိမ်
(၆.၇.၂၀၁၂)
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
1 week ago
1 comments:
မျောလာတဲ့ သေတ္တာတစ်လုံးထဲ
အရာအားလုံးနောက်မှ ခုန်ထွက်
မျှော်လင့်ခြင်းလို့ သတ်မှတ်သတဲ့
တကယ်သာ ဆိုရိုးမှန်ရင်
မျှော်လင့်ခြင်းနဲ့လက်ဖို့ ဘ၀ရဲ့အာရုဏ်တက်
နေထွက်ခွင့်ပြုပါ
(အာရုဏ်တက်ချိန်နေမထွက်ခဲ့ရင်)
Post a Comment